News

POST TYPE

ADVERTORIAL

ကော်ဖီတစ်ခွက်ရဲ့ ကဗျာ
17-Jul-2017 tagged as ကော်ဖီ

ကော်ဖီဆိုတာ တစ်ကမ္ဘာလုံးမှာ တွင်တွင်ကျယ်ကျယ် သောက်သုံးနေတာပါ။ အခုဆိုရင် မြန်မာနိုင်ငံမှာလည်း ကမ္ဘာ့နာမည်ကျော် တံဆိပ်မျိုးစုံ ဝယ်ယူနိုင်သလို ကော်ဖီသောက်တဲ့ ယဉ်ကျေးမှုကလည်း တော်တော်ထွန်းကားလာပါပြီ။ အရင်ကတော့ ကော်ဖီကို အနောက်ဥရောပနိုင်ငံတွေမှာ အများဆုံး သောက်ကြတာပါ။ အခုကတော့ အာရှနိုင်ငံတွေမှာလည်း သောက်သုံးမှု မြင့်လာနေပါပြီ။

အစည်းအဝေးတွေ၊ သင်တန်းတွေမှာ ကော်ဖီက မပါမဖြစ် သောက်စရာတစ်မျိုး ဖြစ်လာသလို ကော်ဖီဘရိတ်ဆိုပြီး နားချိန်တွေ သတ်မှတ်ပြီး ကော်ဖီသောက်သုံးကာ စိတ်ရော၊ လူပါ ခဏတာ အပန်းဖြေတာကလည်း အစဉ်အလာ ဖြစ်လာပါပြီ။

သဘာဝကော်ဖီက သွေးပေါင်ကို မြင့်စေပြီး ဦးနှောက်ကို နှိုးဆွပေးတယ်လို့လည်း သုတေသနတစ်ချို့မှာ တွေ့ရပါတယ်။ ဒါပေမဲ့ သွေးတိုးတာ ဖြစ်စေနိုင်လို့ သတိထားသင့်ပါတယ်။ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က သင့်တင့်ရုံသောက်ရင် ဦးနှောက်ကို သွက်စေတယ်။ လန်းဆန်းစေတယ်။

သောက်တာများသွားရင်တော့ ကတုန်ကရင် ဖြစ်တတ်ပါတယ်။ ညကော်ဖီသောက်ပြီး အိပ်မပျော်တာမျိုး ဖြစ်တတ်တော့ ညမှာတော်တော်နဲ့ အိပ်မပျော်တတ်တဲ့သူတွေ သတိထားသင့်ပါတယ်။ ညဘက်သောက်တာမျိုး ရှောင်သင့်တယ်။ ညမှာ အလုပ်လုပ်ရတဲ့သူတွေ အတွက်ကတော့ ကော်ဖီသောက်သုံးတာကြောင့် လူကို လန်းစေမှာပါ။

တစ်နေ့ကို ကော်ဖီခပ်ပျော့ပျော့် ဆိုရင် နှစ်ခွက်၊ သုံးခွက်အထိ သောက်နိုင်ပါတယ်။ နံနက်စောစောနဲ့ နေ့လယ်ပိုင်းကတော့ ကော်ဖီသောက်သုံးဖို့ အသင့်တော်ဆုံးပါပဲ။

နိုင်ငံပေါင်း ၈၀ ကျော်မှာ စိုက်နေတဲ့ ကော်ဖီဈေးကွက်ဟာ အခုဆိုရင် ကမ္ဘာကုန်သွယ်ရေးမှာ အဓိကကျတဲ့ ကုန်စည်တစ်မျိုးပါပဲ။

မြန်မာနိုင်ငံမှာလည်း ကော်ဖီထုတ်လုပ်မှုဟာ နှစ်စဉ် မြင့်တက်လာနေပါတယ်။ ဒါ့အပြင် ကော်ဖီဆိုင်တွေကို နေရာအနှံ့မှာ ဖွင့်လှစ်လာကြပါပြီ။

အခုဆိုရင် ကော်ဖီပွဲတော်တွေ ပြုလုပ်လာတာတောင် ရှိလာပါပြီ။ ကော်ဖီချစ်သူတွေ အတွက်ကတော့ ဒီလိုကော်ဖီပွဲတော်တွေမှာ ကော်ဖီတွေကို စမ်းသပ်သောက်သုံးပြီး ကိုယ်အကြိုက်ဆုံး ကော်ဖီတွေကို ရွေးချယ်ဝယ်ယူခွင့် ရရှိမှာပါ။ 

လတ်တလောမှာတော့ City Mart Supermarket တွေမှာ ပြုလုပ်နေတဲ့ Coffee Fair မှာ ပြည်တွင်းပြည်ပ ကော်ဖီအမျိုးအစားပေါင်း ၆၀ ကျော်ကို ခင်းကျင်းရောင်းချနေတာ တွေ့ရပါတယ်။  

ဇူလိုင်လ ၁၃ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ပြုလုပ်မယ့် City Mart Supermarket ရဲ့ Coffee Fair မှာ ကိုယ်နှစ်သက်တဲ့ ကော်ဖီကို စိတ်ကြိုက်မြည်းစမ်းပြီး ရွေးချယ်ဝယ်ယူနိုင်လို့ ဒီပွဲကတော့ ကော်ဖီချစ်သူတွေအတွက် လက်လွတ်မခံသင်တဲ့ အခွင့်အရေးတစ်ခုပါပဲ။ 

ဒီတော့ ကော်ဖီချစ်သူအားလုံးနဲ့  ကော်ဖီပွဲတော်မှာ ဆုံကြမယ်နော်။