News

25-Sep-2016
ဒေါက်တာအက်ဒ်ဝင်စမစ် သွားဆရာဝန် ပေါက်စဘဝက ကန်တက်ကီပြည်နယ် အရှေ့ပိုင်းဒေသတွင် အလုပ်စလုပ်ခဲ့သည်။ သွားနှင့်ခံတွင်း ကျန်းမာရေး ပြဿနာများ ရင်ဆိုင်နေရသော လူနာပေါင်းများစွာကို တွေ့ခဲ့ရသည်။ ဘဝမှာ သွားဆရာဝန်နှင့် တစ်ခါမှ မတွေ့ဖူးသည့် လူနာများစွာကို မြင်ဖူးခဲ့သည်။ ကန်တက်ကီဒေသ အခြေစိုက် ဌာနေ အမေရိကန် အပါလာချီရာ မျိုးနွယ်စုများ ဆိုလျှင် သွားနှင့် ခံတွင်း ကျန်းမာရေး အကျပ်အတည်းကို အကြုံရဆုံးသူများ ဖြစ်ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ကန်တက်ကီပြည်နယ်သည် သွားဆုံးရှုံး နာကျင်ပျက်စီးမှုနူန်း အများဆုံး ပြည်နယ်တစ်ခု ဖြစ်ပါသည်။
18-Sep-2016
ဆရာဝန်ကြီးသည် နောက်ဆုံး သူ၏ သုတေသနစာတမ်းကို အသက် ၁၀၀ ပြည့်ခါနီးတွင် ရေးခဲ့ခြင်း ဖြစ်သည်။ သူ၏ ဘဝတစ်လျှောက်လုံး လူသားများကို ကူညီဖို့ ကျန်းမာရေးအတွက် အဓိက ကုထုံးတွေကို ရှာဖွေဖို့ရာပဲ မြှုပ်နှံထားခဲ့သည်။ တစ်သက်လုံး အခကြေးငွေယူပြီး တစ်ခါမှ ဆေးမကုဖူးခဲ့ပါဟု သူ့အကြောင်း ရေးကြသော ဆောင်းပါးများက ဖော်ပြနေသည်။ သူ့အမည်ကား ဂျာဆင်တိုကွန်ဗစ် ဖြစ်သည်။
11-Sep-2016
တိုင်းပြည်အတွက် ကိုယ်လက်အင်္ဂါ စွန့်ပေးသော တပ်မတော်သားများကို ပြည်သူတစ်ဦး အနေနှင့် ကျေးဇူးတင်ကြောင်းကို ပြသရန် ဒန်ဝေါရက်က အိမ်များ လိုက်လံတည်ဆောက်ပေးခြင်း ဖြစ်သည်။ ၂၀၀၅ ခုနှစ် ကတည်းက တက္ကဆက်ပြည်နယ်တွင် အဆောက်အအုံလေးလုံး ဆောက်လုပ်ပြီးပြီ ဖြစ်ကာ ဆက်လက်တည်ဆောက်နေသည့် အဆောက်အအုံ ငါးလုံးလည်း ရှိသေးသည်။ သူ့လှုပ်ရှားမှုကို Operationa Finally Home ဟု အမည်ပေးထားပြီး အများပြည်သူ ပါဝင်လာအောင်လည်း လှုံ့ဆော်ပေးသည်။
04-Sep-2016
ဘယ်လူမျိုးလဲ၊ ဘယ်လိုဘာသာ ကိုးကွယ်သလဲ ဆိုသည်ကို ခွဲခြားလို့ မရသည့် အလုပ်အကိုင်တစ်မျိုး ရှိသည်။ ထိုအလုပ်ကား ဆရာဝန် အလုပ်ပေတည်း။ ဆရာဝန်များသည် မိမိလူနာကို ထိုသို့ ခွဲခြားလေ့ မရှိကြ။ နိုင်ငံသားလား၊ ခိုးဝင်လား၊ စာရွက်စာတမ်း ရှိသလား၊ စာရွက်စာတမ်းမဲ့လား၊ မွတ်ဆလင်လား၊ ဂျူးလား၊ ကျား/မ လား ခွဲခြားခြင်း မရှိကြ။ အစ္စရေးတွင် နတ်လူသာဓုခေါ်လောက်သော ကျန်းမာရေး၊ လူမှုရေး လှုပ်ရှားမှုတစ်ရပ် ရှိပါသည်။ ထိုလှုပ်ရှားမှုကို ဆရာဝန်များက ဦးဆောင် ကြသည်။ ဆရာဝန်များထဲတွင် ဂျူးလည်းပါသည်။ အာရပ်လည်း ပါသည်။
21-Aug-2016
တစ်ယောက်ယောက်က သေကြောင်း ကြံတော့မယ်ဆိုရင် ဘာတွေပြောမလဲ။ ဘယ်လို သံဘောင်ပေါ်က ဆင်းအောင် လုပ်ကြမလဲ။
07-Aug-2016
“စစ်တွေဖြစ်နေတဲ့နေရာတွေမှာ ၂၅ နှစ်ကျော် အလုပ်လုပ်ပြီးတဲ့အခါ ရက်စက်မှု၊ ဝမ်းနည်းစရာ အမှန်တရားတွေကို တွေ့ရှိခဲ့ရပြီးတော့ ဒီလူမှုအဖြစ်ဆိုးတွေဟာ ဆေးခန်းတောင်မရှိတဲ့ နေရာတွေမှာ ဖြစ်နေတာကို သိလိုက်ရပါတယ်”
12-Jul-2016
၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက မိုနာရက်ဂါထံသို့ ဖုန်းတစ်လုံး ဝင်လာပါသည်။ လေယာဉ်ကွင်းပြေးလမ်းပေါ်မှာ လေယာဉ်တစ်စင်းနဲ့ တိုက်မိလို့ သိမ်းငှက်တစ်ကောင် ဒဏ်ရာရနေပါသတဲ့
12-Jul-2016
“မျှော်လင့်ချက်နဲ့ လုပ်ခဲ့တာ မဟုတ်ဘူး။ မျှော်မှန်းချက်တော့ ရှိတယ်။ ဒီမိုကရေစီဆိုတဲ့ မျှော်မှန်းချက်တော့ ရှိတယ်။ ငါဘာဖြစ်ရမယ်ဆိုတဲ့ဟာတော့ မရှိဘူး”
12-Jul-2016
အာဖဂန်နစ္စတန်နိုင်ငံတွင် ပညာရေးဆိုသည်မှာ ကိုယ့်အိမ်က စရခြင်း ဖြစ်သည်။ ထိုစကားကို ပြောပြသူက ဆဘာဟူစိန်နီ