News

01-Jan-2017
ကလေးမလိုချင်တဲ့ တချို့လူတွေဟာ ကလေးလည်းရရော လမ်းဘေးကို စွန့်ပစ်ခဲ့ကြတာတွေကို သတင်းတွေမှာ မကြာခဏ တွေ့ကြမှာပေါ့။ ကောက်ယူမွေးစားသွားသူတွေလည်းရှိရဲ့။ တချို့ကလေးတွေကတော့ လမ်းဘေးမှာ ရာသီဥတုဒဏ်ကြောင့် သေဆုံးသွားရတာတွေလည်း အများကြီးပါ။
01-Jan-2017
သူကတော့ ၂၀၁၄ ခုနှစ်က ၁၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ ကျောင်းသားလေး အစ်ဇက်ဟက်ဆန် ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံက ဖြစ်ပါတယ်။ အသေခံ ဗုံးခွဲတိုက်ခိုက်ရေးသမားက ကျောင်းသား ၂၀၀၀ လောက်ရှိတဲ့ ကျောင်းဝင်းထဲ ဝင်လာတာကို ဝင်ပေါက်နားမှာ လှမ်းမြင်လိုက်ရင် သင်ဘာလုပ်မလဲ။
25-Dec-2016
ဇင်ဘာဘွေနိုင်ငံ၏ စာမတတ် ပေမတတ် လူဦးရေများသည့် တောအရပ်တွင် အလွန်ဆိုးဝါး ယုတ်ညံ့လှသော မှားယွင်းယုံကြည်မှုတစ်ခု ရှိနေသည်။ HIV/AIDS ဖြစ်နေသော အမျိုးသားတစ်ဦးသည် အပျိုစင် စစ်စစ်ကို မုဒိမ်းကျင့် လိင်ဆက်ဆံလိုက်ပါက ရောဂါဝေဒနာ ပျောက်ကင်းသည်ဟူသော အယူဖြစ်သည်။ ရိုးရာပယောဂ ဆရာများကလည်း ထိုနည်းလမ်းကို အားပေးအားမြှောက်နေကြသည်။ သို့နှင့် ရာပေါင်းများစွာသော မိန်းကလေးငယ်များ မုဒိမ်းကျင့်ခံရသည်ဟု UNICEF က ထုတ်ပြန်ထားသည်။ တချို့ဆို လမ်းပင် မလျှောက်တတ်သေးသော ကလေးများ ပါဝင်သည်။
18-Dec-2016
အချို့အကူအညီများသည် အရေးမကြီးလောက်ဟု ထင်ရသည်။ သို့သော် အဆိုပါ အကူအညီကို လိုနေသူ တစ်ဦးတစ်ယောက် အတွက်တော့ သိကြားမင်း ဆင်းလာသကဲ့သို့ ခံစားရပေလိမ့်မည်။ လူသားချင်း စာနာသော အကူအညီမှန်သမျှသည် မည်မျှပင်သေးငယ် စေကာမူ အရေးကြီးသည်ချည်း ဖြစ်ပါသည်။ လိမ္မော်ရောင် အဝတ်လျှော် ကားများကတော့ ရုံးပိတ်ရက် ကျောင်းပိတ်ရက်တိုင်း လမ်းမပေါ်တွင် မောင်းနေကာ ကူညီနေမြဲ ဖြစ်သည်။
11-Dec-2016
ဂျာမနီနိုင်ငံ၏ နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး လက်ရှိ ဂျာမနီနိုင်ငံတွင် ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။ သူမသည် ခရစ်ယာန် ဒီမိုကရက်တစ် ယူနီယံ (CDU) ၏ ခေါင်းဆောင် တစ်ဦးလည်းဖြစ်သည်။
04-Dec-2016
မားဗစ်သည် ကိုယ်ပိုင် မီးဖိုချောင် စခန်း တစ်ခု တည်ထောင်သည်။ တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုင်း ကလေးများအတွက် အာဟာရ အစီအစဉ် ပြုလုပ်ပါသည်။ စနေနေ့ ဆိုလျှင်တော့ သူတို့ စခန်း ပိတ်သည်။ စားသောက်ဖွယ် အာဟာရများကို နွမ်းပါးသည့် ဝေးလံခေါင်ဖျား ကျေးရွာများမှ လူတိုင်းဆီသို့ အိမ်တိုင်ရာရောက် လိုက်ပို့ခြင်း အလုပ်ကို လုပ်ဆောင်ခြင်း ဖြစ်သည်။
01-Dec-2016
အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ်၊ ဒါဗြုခ်မြို့က ကော့တ်နီဟုမ်းစ်ရဲ့ ဆံပင်ညှပ်ဆိုင်ကို ကလေးတွေ ဆံပင်သွားညှပ်တဲ့အခါ ပိုက်ဆံပေးစရာ မလိုပါဘူး။ ပိုက်ဆံအစား စာအုပ်တစ်အုပ်ကိုသာ ဖတ်ပြရပါတယ်။ ငါးနှစ်ကနေ ဆယ်နှစ်ကြား ကလေးတွေဟာ သူ့ဆိုင်ကို ရောက်တဲ့အခါ ခုံမှာ ဝင်ထိုင်ပြီး ပုံပြင်စာအုပ်ဖြစ်ဖြစ် ကျောင်းသင်ခန်းစာ စာအုပ်ဖြစ်ဖြစ် သူတို့ကြိုက်နှစ်သက်တဲ့ စာအုပ်ကို ဖတ်နေရုံပါပဲ။
27-Nov-2016
နည်းပညာ ထွန်းကားနေသော ယနေ့ခေတ်တွင် ဒေသ အခြေပြုသော အနုပညာ လှုပ်ရှားမှုများက ခရီး အကွာအဝေးဘောင်များကို ကျော်လွှားကာ တစ်ကမ္ဘာလုံးက မျက်နှာစာသို့ ရောက်ရှိနိုင်ပြီ ဖြစ်သည်။ နိုင်ဂျီးရီးယားက ဆေးကျောင်းသား လူငယ် တစ်ယောက် ခေါင်းဆောင်သည့် ရပ်ကွက်ထဲက ဟာသများ အစီအစဉ်သည် ဧမာနွေလလေး၏ ချစ်စရာကောင်းသော စရိုက် လက္ခဏာ သရုပ်ဖော်မှုများဖြင့် အများက လေးစားရသော အင်တာနက် တီဗီ အစီအစဉ် တစ်ခု ဖြစ်လာခဲ့လေပြီ
20-Nov-2016
အတော်များများအတွက် ပူနွေးသော ထိုထမင်းတစ်နပ်သည် ထိုရက်အတွက် တစ်ခုတည်းသော အာဟာရ ဖြစ်သလို အချို့အတွက်ကတော့ မနေ့ညကတည်းက မစားလိုက်ရတာ ခုမှစားရတဲ့ ထမင်းတစ်နပ်လည်း ဖြစ်ပါသည်။ “ဒီလူရဲ့ နှလုံးသားကို စေ့ဆော်ပေးတဲ့ ဘုရားရှင်ကို ကျေးဇူးတင်ပါတယ်” ဟု ရိက္ခာရရှိသွားခဲ့တဲ့ မစ္စတာ အယ်ဒျူရာဒိုက ပြောကြားပါတယ်။ ယခုအခါ အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ ဂျော့မူနော့ဇ်ဟာ ကိုလံဘီယာ သွေးပါသူ အမေရိကန်တစ်ဦး ဖြစ်ပြီး ညပိုင်းတွင် အစာရေစာ လိုအပ်နေသူ အိမ်ခြေမဲ့များကို လိုက်လံကူညီနေသူ ဖြစ်သည်။ ၂၀၀၅ ခုနှစ်ကတည်း မူနော့ဇ်နှင့် မိသားစုဝင်များသည် တစ်ရက်မှမပျက် အာစိဏ္ဏကံ အလှူကားဖြင့် တံတားအောက်များကို လှည့်လည်လေ့ ရှိပါသည်။
13-Nov-2016
“တစ်ခုခု မပြောခင် အရင်စဉ်းစားပါ။ တစ်ခုခု မစဉ်စားခင် အရင် စာဖတ်ပါ”ဟု အမေရိကန် စာရေးသူ ဖရန်လီဘိုးဝစ်ဇ်က ပြောဖူးပါသည်။ စဉ်းစား တွေးကြံမှုများတိုင်းသည် အပေါင်းလက္ခဏာ ဆောင်သော အရွေ့တစ်ခုကို ဦးတည်စေဖို့ရာ လေ့လာမှု ပြုရပါသည်။
23-Oct-2016
လူတစ်ဦး၏ ဘဝကို မည်သည့် အနိဋ္ဌာရုံကမှ သေအောင် မသတ်နိုင်။ ၎င်း၏ စိတ်ဓာတ်ကသာလျှင် အရာရာကို ဆုံးဖြတ်သွားပေသည်။ အိပ်ရာပေါ်မှနေပြီး လူပေါင်း များစွာ၏ စိတ်ခွန်အားကို ပေးခဲ့ကာ အများအကျိုး ထမ်းဆောင်နေသည့် ၎င်း၏ ပြင်းထန်သော စိတ်ဓာတ်က ဂျိုဟာ့ကို အသက် ဆက်စေခဲ့ခြင်း ဖြစ်သည်
16-Oct-2016
စာပေနိုဘယ်လ်ဆု သတင်း ထွက်လာချိန်တွင် ဘော့ဒီလန်သည် လက်စ်ဗီးဂတ်စ်ရှိ ကဇာတ်ရုံ တစ်ရုံတွင် ဖျော်ဖြေနေခဲ့သည်။ နိုဘယ်လ်ဆု ရသည့်သတင်းနှင့် ပတ်သက်ပြီး ဘော့ဒီလန်ကြီးက ဘယ်သတင်း မီဒီယာသမားကိုမှ မှတ်ချက်ပေးခြင်း အလျင်း မရှိပေ။ စာပေ၊ ကဗျာ အနုပညာ သဘောများ၊ အယူအဆများကို ၎င်း၏သီချင်းများတွင် ထည့်သွင်း ရေးစပ် သုံးသပ် တတ်သည်ဟု ဘော့ဒီလန် ကိုယ်တိုင်က ပြောခဲ့ဖူးသည်။
09-Oct-2016
၂ဝ၁၃ ကမှ စတင်ခဲ့သော အဆိုပါ လှုပ်ရှားမှုသည် ပြည်သူ ခြောက်သောင်းကျော်ကို လူမျိုး၊ ဘာသာ၊ နိုင်ငံရေး ယုံကြည်မှု မခွဲခြားဘဲ အသက်ကိုရင်းကာ ကယ်တင်ခဲ့ပြီး ဖြစ်ပေသည်။ ဗုံးဒဏ်များကြောင့် ပြိုကျနေသော ကွန်ကရက် အက်ကွဲကြောင်းတွေ ကြားဝင်ပြီး ပြည်သူများကို ကယ်ဆယ်နေသော တကယ့် ပြည်သူများ ဖြစ်ကြသည်။ ပေါင်မုန့်ဖုတ် သမား၊ အပ်ချုပ်ဆရာ၊ အရောင်းသမား၊ ကျောင်းဆရာ အကုန်ပါကြသည်။
02-Oct-2016
ကင်ညာ၏ အရှေ့ပိုင်းကမ်းခြေသည် ယခုအခါ အန္တရာယ်ထူပြွမ်းသော ဖုန်းဆိုးဒေသ ဖြစ်နေလေပြီ။ တစ်ချိန်က နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာ နယ်မြေ ဖြစ်တော့သည်။ ယနေ့တော့ အယ်ရှာဘတ် အကြမ်းဖက်သမားများ အန္တရာယ် ရှိသောကြောင့် ဝေးဝေးနေကြရန် အစိုးရက ညွှန်ကြားထားသည်။ အချို့က ထိုဧရိယာမှ ပြန်ထွက်ပြေးလာကြသည်။ သို့သော် ဒေါက်တာအွန်ရာအိုမာကတော့ သွားမြဲသွားလျက်ပေတည်း။
25-Sep-2016
ဒေါက်တာအက်ဒ်ဝင်စမစ် သွားဆရာဝန် ပေါက်စဘဝက ကန်တက်ကီပြည်နယ် အရှေ့ပိုင်းဒေသတွင် အလုပ်စလုပ်ခဲ့သည်။ သွားနှင့်ခံတွင်း ကျန်းမာရေး ပြဿနာများ ရင်ဆိုင်နေရသော လူနာပေါင်းများစွာကို တွေ့ခဲ့ရသည်။ ဘဝမှာ သွားဆရာဝန်နှင့် တစ်ခါမှ မတွေ့ဖူးသည့် လူနာများစွာကို မြင်ဖူးခဲ့သည်။ ကန်တက်ကီဒေသ အခြေစိုက် ဌာနေ အမေရိကန် အပါလာချီရာ မျိုးနွယ်စုများ ဆိုလျှင် သွားနှင့် ခံတွင်း ကျန်းမာရေး အကျပ်အတည်းကို အကြုံရဆုံးသူများ ဖြစ်ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ကန်တက်ကီပြည်နယ်သည် သွားဆုံးရှုံး နာကျင်ပျက်စီးမှုနူန်း အများဆုံး ပြည်နယ်တစ်ခု ဖြစ်ပါသည်။