News

19-Feb-2017 tagged as အိမ်
တစ်ရက်တော့ အဲဗစ်စ်ဆမ်းမားဆိုတဲ့ လော့အိန်ဂျလိစ်မြို့သားဆီကို အိမ်ခြေမဲ့ အမျိုးသမီးကြီးတစ်ယောက် ရောက်လာခဲ့ပါသည်။ ညဘက် ခင်းအိပ်ချင်လို့ အိမ်မှာမသုံးတော့တဲ့ စက္ကူဘူးတွေ၊ အခင်းပြားတွေများ ရှိပါသလားဆိုပြီး လာတောင်းခြင်း ဖြစ်သည်။
05-Feb-2017 tagged as
စပိန်နိုင်ငံ မြို့တော် မက်ဒရစ်တွင်လည်း ယခုအခါ ရော်ဘင်ဟုဒ်ကဖေးဆိုင် ဆိုပြီး နာမည်ကျော်နေသော စားသောက်ဆိုင် တစ်ဆိုင် ရှိပါသည်။ အဆိုပါဆိုင်သည် ဓားပြတိုက်ခြင်းကြောင့်တော့ နာမည်ကျော်ခြင်း မဟုတ်ပါပေ။ နေ့လယ်နေ့ခင်းအခါတွင် တတ်နိုင်သူများကို ရောင်းချပိုက်ဆံယူပြီး ညချမ်းချိန်ခါတွင် အိမ်ခြေမဲ့များ နွမ်းပါးသူများကို ညစဉ်စတုဒိသာဖြင့် တည်ခင်းဧည့်ခံသောကြောင့် ဖြစ်ပေသတည်း။ တတ်နိုင်သူများထံမှ ငွေယူပြီး မတတ်နိုင်နွမ်းပါးသူများကို ကူညီသောကြောင့် ရော်ဘင်ဟုဒ် စားသောက်ဆိုင်ဟု အမည်ပေး ခံထားရခြင်း ဖြစ်တန်ရာသည်။
29-Jan-2017 tagged as စင်ကာပူ
‘ကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုကို သင်လုပ်နေပြီဆို နာကျင်မှုဆိုတဲ့ အရာအကြောင်းကို စဉ်းစားဖို့အတွက် ခင်ဗျားမှာ အချိန်မရှိပါဘူး’ ဟု စင်ကာပူသားကြီး မစ္စတာ အွန်ကင်ချွမ်းက ပြောကြားပါတယ်။
22-Jan-2017 tagged as ကော်ဖီ
မတူညီသည့် အသက်မွေးဝမ်းကျောင်း နှစ်ခုကို ချိတ်ဆက်လုပ်ဆောင်နေသူ၊ မြန်မာကော်ဖီအဖြစ် ရှမ်းတောင်မြင့် ကော်ဖီ Genius အမှတ်တံဆိပ်ကို ပြည်ပနိုင်ငံသို့ မိတ်ဆက်ပေးသူမှာ ဦးငွေထွန်း ဖြစ်သည်။
အိန္ဒိယနိုင်ငံ လက်ခ်နောင်မြို့ကြီးရှိ နေအိမ်တစ်လုံး အပြင်ဘက်မှ ပုခက်ကြိုးတန်းတစ်ခုသည် ဖြတ်သွားဖြတ်လာများအတွက် အမြင်စိမ်းနေမည် ဆိုသော်ငြား မိဘမဲ့ ကလေးများ၊ စွန့်ပစ်ခံ ကလေးများ အတွက်မူ အဓိပ္ပာယ် တစ်ခုခု ရှိပါလိမ့်မည်။ ချစ်ခြင်းတရား၊ နွေးထွေးမှု၊ မိခင်မေတ္တာ၏ ပြယုဂ်တစ်ခု ဖြစ်ပါသည်။ နှစ်ပေါင်းသုံးဆယ်ကျော်ကြာအောင် ထိုပုခက်ထဲသို့ ကလေးပေါင်းများစွာ ဝင်ခဲ့ရသည်။ ထားခဲ့ခံရသည်။ ဘဝတစ်ခုလုံးကို မြှုပ်နှံကာ ကလေးများအတွက် တာဝန်ယူ လုပ်ဆောင်ပေးနေသည့် မိခင်တစ်ဦး၏ စောင့်ရှောက်မှုကို ထိုပုခက်ထဲ ဝင်ပြီးမှ ရရှိခဲ့ကြသည်။ ထိုမိခင်ကြီး၏ အမည်မှာ ဒေါက်တာဆာရိုဂျီနီ အဂါဝယ် ဖြစ်ပါသည်။
15-Jan-2017 tagged as
မယ်လိုနီဟာ ၁၉၂၀ ကာလများဆီက အမေရိက မီလျံနာ သူကြွယ်မကြီးတစ်ဦး ဖြစ်ပါသည်။ လူမည်းတွေကို နှိမ်ထားတဲ့၊ အမျိုးသမီးတွေကို ချောင်ထိုးထားတဲ့ ထိုကာလမှာ အန်နီတန် ဘိုမယ်လိုနီဟာ ကိုယ့်ဒူးကိုယ်ချွန်ပြီး ထိပ်ဆုံးရောက် အမျိုးသမီး လုပ်ငန်းရှင်တစ်ဦး ဖြစ်လာအောင် လှုပ်ရှားရုန်းကန်ခဲ့သူလည်း ဖြစ်သည်။
15-Jan-2017 tagged as ပညာရေး
ပိုက်ဆံရှိတာပဲ လှူနိုင်မှာပေါ့ဟု အလွယ်တကူ ပြောလိုက်မိတတ်ကြသည်။ တကယ်တမ်း ပိုက်ဆံရှိတိုင်း လှူနိုင်သည် မဟုတ်ပါဘူး။ မိမိတို့ စီးပွားရေးအတွက်၊ နိုင်ငံရေး အကျိုးအမြတ်အတွက် လှူကြတန်းကြသည့် ကျိကျိတက် ချမ်းသာသူတွေလည်း ရှိပါသည်။ မစ္စတာဟားရစ် ရိုဆင်ကတော့ ထိုသို့မဟုတ်ပါ။ သူကိုယ်တိုင်လည်း ဟိုတယ်များတွင် အလုပ်များ လုပ်ကိုင်ရင်း ကျွမ်းကျင်ပိုင်နိုင်လာသောအခါ ကိုယ်ပိုင်စီးပွားရေးများ ချဲ့ထွင်ရင်း အမေရိက ဟိုတယ်လုပ်ငန်းရှင် သူဌေးကြီးတစ်ဦး ဖြစ်နေခြင်း ဖြစ်ပါသည်။
15-Jan-2017 tagged as
ဘူဂေးရီးယားနိုင်ငံ မြို့တော် ဆိုဖီယာ အလက်ဇန်းဒါးနက်ဗ်စကီ ဘုရားကျောင်းကြီးရှေ့မှာ အမြဲတမ်း တွေ့ရတတ်တဲ့ ဘိုးအေကြီးဟာ အသက် ၁၀၂ နှစ် ရှိပါပြီ။ ခြိုးခြံတဲ့ တပသီအကျင့်ကို ကျင့်သူ ဘိုးသက်ရှည်ကြီးရဲ့ အမည်က မစ္စတာ ဒိုဘရီဒိုဘရက်ဗ် ဖြစ်သည်။ သူ့ကို မြို့တော်သူ မြို့တော်သားတွေက ဘိုးဘိုးဒိုဘရီလို့ ခေါ်ကြသည်။
15-Jan-2017 tagged as မြန်မာ
မြန်မာပြည်၏ ကမ္ဘာကျော် ၂၀၀၇ ရွှေဝါရောင် အရေးတော်ပုံကို အများက မှတ်မိနေကြပါမည်။ ထိုအရေးအခင်းအပြီးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးကို လိုလားသော သီလရှင် ဆရာလေးအချို့နှင့် ရဟန်းတော် အများအပြား ထောင်ဒဏ်များ ကျခံခဲ့ကြရသည်။
08-Jan-2017 tagged as
အိုင်ရီနာဆန်ဒလာသည် ၁၉၁၀ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ကွယ်လွန်သွားရှာပြီ ဖြစ်သော ပိုလန်နိုင်ငံမှ သူနာပြုဆရာမကြီးတစ်ဦး ဖြစ်သည်။
08-Jan-2017 tagged as အာဇာနည်
အမေရိကန်ပြည်ထောင်စု ကွန်နတ်တီကပ်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်ကုန်ပိုင်းက စိတ်ရူးပေါက်နေသော သေနတ်သမားသည် ဆန်ဒီဟွတ်ခ် မူလတန်းကျောင်းထဲသို့ ဝင်လာခဲ့သည်။ စာသင်ခန်းတစ်ခန်းကို ဝင်ပြီး ကလေးငယ်လေးတွေကို သေနတ်ဖြင့် ရူးရူးသွပ်သွပ် ပစ်သတ်ခဲ့သည်။
08-Jan-2017 tagged as ရုပ်ရှင်
စကော့နီဆန်သည် ကမ္ဘောဒီးယားမှ ဆင်းရဲနွမ်းပါးမှုဒဏ်ကို ခံနေရသည့် ကလေးများအတွက် အချိန်ပြည့် ကူညီနိုင်ရန် ဟောလိဝုဒ်ကို ကျောခိုင်းခဲ့သူ ဖြစ်သည်။ ၎င်းသည် 20th Century Fox ရုပ်ရှင်ကော်ပိုရေးရှင်းကြီး၏ အကြီးအကဲ ဖြစ်ခဲ့သည်။
08-Jan-2017 tagged as ကလေး ကျွန်
အစ်ကဘယ်မာစီသည် သူ့မိသားစုက ကြွေးမဆပ်နိုင်သဖြင့် ကော်ဇောစက်ရုံတစ်ရုံက အကြွေးနဲ့ သိမ်းပြီး အခိုင်းခံရသော ကျွန်အဖြစ် အသက် ၄ နှစ် အရွယ်တွင် ရောက်ရှိခဲ့ပါသည်။ အရွယ်နှင့် ဘယ်လိုမှ မလိုက်သော ပိုးစိုးပက်စက် ကျေးကျွန်ပြု ခိုင်းစေမှုများကို လုပ်ကိုင်ရသည်။
01-Jan-2017 tagged as
ဒေါက်တာ မီဂန်ကော်ဖီဟာ ဟားဗတ်ပညာတတ် သမားတော်တစ်ဦးဖြစ်ပြီး အောက်စဖို့ဒ် တက္ကသိုလ်ကနေ ကူးစက်ရောဂါဗေဒဆိုင်ရာ ပါရဂူဘွဲ့ ရထားပါတယ်။ သူ့အလုပ်ခန်းကတော့ ကမ္ဘာကျော် တော်ဝင်ဆေးရုံကြီးတစ်ခု သို့မဟုတ် တက္ကသိုလ်ဌာနကြီး တစ်ခုက ဧရာမ စာသင်ခန်းကြီး မဟုတ်ပါဘူး။
01-Jan-2017 tagged as အမေရိကန်
၁၉၈၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ပါကစ္စတန် ကရာချိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲမှာ ပန်အန်းလေကြောင်းလိုင်း လေယာဉ်ကို လစ်ဗျားအခြေစိုက် အကြမ်းဖက်သမားတွေက တက်ရောက်စီးနင်းခဲ့ပါတယ်။