News

11-Dec-2016 tagged as
ဂျာမနီနိုင်ငံ၏ နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး လက်ရှိ ဂျာမနီနိုင်ငံတွင် ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။ သူမသည် ခရစ်ယာန် ဒီမိုကရက်တစ် ယူနီယံ (CDU) ၏ ခေါင်းဆောင် တစ်ဦးလည်းဖြစ်သည်။
04-Dec-2016 tagged as
မားဗစ်သည် ကိုယ်ပိုင် မီးဖိုချောင် စခန်း တစ်ခု တည်ထောင်သည်။ တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုင်း ကလေးများအတွက် အာဟာရ အစီအစဉ် ပြုလုပ်ပါသည်။ စနေနေ့ ဆိုလျှင်တော့ သူတို့ စခန်း ပိတ်သည်။ စားသောက်ဖွယ် အာဟာရများကို နွမ်းပါးသည့် ဝေးလံခေါင်ဖျား ကျေးရွာများမှ လူတိုင်းဆီသို့ အိမ်တိုင်ရာရောက် လိုက်ပို့ခြင်း အလုပ်ကို လုပ်ဆောင်ခြင်း ဖြစ်သည်။
01-Dec-2016 tagged as ကလေး
အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ်၊ ဒါဗြုခ်မြို့က ကော့တ်နီဟုမ်းစ်ရဲ့ ဆံပင်ညှပ်ဆိုင်ကို ကလေးတွေ ဆံပင်သွားညှပ်တဲ့အခါ ပိုက်ဆံပေးစရာ မလိုပါဘူး။ ပိုက်ဆံအစား စာအုပ်တစ်အုပ်ကိုသာ ဖတ်ပြရပါတယ်။ ငါးနှစ်ကနေ ဆယ်နှစ်ကြား ကလေးတွေဟာ သူ့ဆိုင်ကို ရောက်တဲ့အခါ ခုံမှာ ဝင်ထိုင်ပြီး ပုံပြင်စာအုပ်ဖြစ်ဖြစ် ကျောင်းသင်ခန်းစာ စာအုပ်ဖြစ်ဖြစ် သူတို့ကြိုက်နှစ်သက်တဲ့ စာအုပ်ကို ဖတ်နေရုံပါပဲ။
27-Nov-2016 tagged as
နည်းပညာ ထွန်းကားနေသော ယနေ့ခေတ်တွင် ဒေသ အခြေပြုသော အနုပညာ လှုပ်ရှားမှုများက ခရီး အကွာအဝေးဘောင်များကို ကျော်လွှားကာ တစ်ကမ္ဘာလုံးက မျက်နှာစာသို့ ရောက်ရှိနိုင်ပြီ ဖြစ်သည်။ နိုင်ဂျီးရီးယားက ဆေးကျောင်းသား လူငယ် တစ်ယောက် ခေါင်းဆောင်သည့် ရပ်ကွက်ထဲက ဟာသများ အစီအစဉ်သည် ဧမာနွေလလေး၏ ချစ်စရာကောင်းသော စရိုက် လက္ခဏာ သရုပ်ဖော်မှုများဖြင့် အများက လေးစားရသော အင်တာနက် တီဗီ အစီအစဉ် တစ်ခု ဖြစ်လာခဲ့လေပြီ
20-Nov-2016 tagged as
အတော်များများအတွက် ပူနွေးသော ထိုထမင်းတစ်နပ်သည် ထိုရက်အတွက် တစ်ခုတည်းသော အာဟာရ ဖြစ်သလို အချို့အတွက်ကတော့ မနေ့ညကတည်းက မစားလိုက်ရတာ ခုမှစားရတဲ့ ထမင်းတစ်နပ်လည်း ဖြစ်ပါသည်။ “ဒီလူရဲ့ နှလုံးသားကို စေ့ဆော်ပေးတဲ့ ဘုရားရှင်ကို ကျေးဇူးတင်ပါတယ်” ဟု ရိက္ခာရရှိသွားခဲ့တဲ့ မစ္စတာ အယ်ဒျူရာဒိုက ပြောကြားပါတယ်။ ယခုအခါ အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ ဂျော့မူနော့ဇ်ဟာ ကိုလံဘီယာ သွေးပါသူ အမေရိကန်တစ်ဦး ဖြစ်ပြီး ညပိုင်းတွင် အစာရေစာ လိုအပ်နေသူ အိမ်ခြေမဲ့များကို လိုက်လံကူညီနေသူ ဖြစ်သည်။ ၂၀၀၅ ခုနှစ်ကတည်း မူနော့ဇ်နှင့် မိသားစုဝင်များသည် တစ်ရက်မှမပျက် အာစိဏ္ဏကံ အလှူကားဖြင့် တံတားအောက်များကို လှည့်လည်လေ့ ရှိပါသည်။
13-Nov-2016 tagged as
“တစ်ခုခု မပြောခင် အရင်စဉ်းစားပါ။ တစ်ခုခု မစဉ်စားခင် အရင် စာဖတ်ပါ”ဟု အမေရိကန် စာရေးသူ ဖရန်လီဘိုးဝစ်ဇ်က ပြောဖူးပါသည်။ စဉ်းစား တွေးကြံမှုများတိုင်းသည် အပေါင်းလက္ခဏာ ဆောင်သော အရွေ့တစ်ခုကို ဦးတည်စေဖို့ရာ လေ့လာမှု ပြုရပါသည်။
23-Oct-2016 tagged as
လူတစ်ဦး၏ ဘဝကို မည်သည့် အနိဋ္ဌာရုံကမှ သေအောင် မသတ်နိုင်။ ၎င်း၏ စိတ်ဓာတ်ကသာလျှင် အရာရာကို ဆုံးဖြတ်သွားပေသည်။ အိပ်ရာပေါ်မှနေပြီး လူပေါင်း များစွာ၏ စိတ်ခွန်အားကို ပေးခဲ့ကာ အများအကျိုး ထမ်းဆောင်နေသည့် ၎င်း၏ ပြင်းထန်သော စိတ်ဓာတ်က ဂျိုဟာ့ကို အသက် ဆက်စေခဲ့ခြင်း ဖြစ်သည်
16-Oct-2016 tagged as
စာပေနိုဘယ်လ်ဆု သတင်း ထွက်လာချိန်တွင် ဘော့ဒီလန်သည် လက်စ်ဗီးဂတ်စ်ရှိ ကဇာတ်ရုံ တစ်ရုံတွင် ဖျော်ဖြေနေခဲ့သည်။ နိုဘယ်လ်ဆု ရသည့်သတင်းနှင့် ပတ်သက်ပြီး ဘော့ဒီလန်ကြီးက ဘယ်သတင်း မီဒီယာသမားကိုမှ မှတ်ချက်ပေးခြင်း အလျင်း မရှိပေ။ စာပေ၊ ကဗျာ အနုပညာ သဘောများ၊ အယူအဆများကို ၎င်း၏သီချင်းများတွင် ထည့်သွင်း ရေးစပ် သုံးသပ် တတ်သည်ဟု ဘော့ဒီလန် ကိုယ်တိုင်က ပြောခဲ့ဖူးသည်။
09-Oct-2016 tagged as
၂ဝ၁၃ ကမှ စတင်ခဲ့သော အဆိုပါ လှုပ်ရှားမှုသည် ပြည်သူ ခြောက်သောင်းကျော်ကို လူမျိုး၊ ဘာသာ၊ နိုင်ငံရေး ယုံကြည်မှု မခွဲခြားဘဲ အသက်ကိုရင်းကာ ကယ်တင်ခဲ့ပြီး ဖြစ်ပေသည်။ ဗုံးဒဏ်များကြောင့် ပြိုကျနေသော ကွန်ကရက် အက်ကွဲကြောင်းတွေ ကြားဝင်ပြီး ပြည်သူများကို ကယ်ဆယ်နေသော တကယ့် ပြည်သူများ ဖြစ်ကြသည်။ ပေါင်မုန့်ဖုတ် သမား၊ အပ်ချုပ်ဆရာ၊ အရောင်းသမား၊ ကျောင်းဆရာ အကုန်ပါကြသည်။
02-Oct-2016 tagged as ဆရာဝန်
ကင်ညာ၏ အရှေ့ပိုင်းကမ်းခြေသည် ယခုအခါ အန္တရာယ်ထူပြွမ်းသော ဖုန်းဆိုးဒေသ ဖြစ်နေလေပြီ။ တစ်ချိန်က နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာ နယ်မြေ ဖြစ်တော့သည်။ ယနေ့တော့ အယ်ရှာဘတ် အကြမ်းဖက်သမားများ အန္တရာယ် ရှိသောကြောင့် ဝေးဝေးနေကြရန် အစိုးရက ညွှန်ကြားထားသည်။ အချို့က ထိုဧရိယာမှ ပြန်ထွက်ပြေးလာကြသည်။ သို့သော် ဒေါက်တာအွန်ရာအိုမာကတော့ သွားမြဲသွားလျက်ပေတည်း။
25-Sep-2016 tagged as ဆရာဝန်
ဒေါက်တာအက်ဒ်ဝင်စမစ် သွားဆရာဝန် ပေါက်စဘဝက ကန်တက်ကီပြည်နယ် အရှေ့ပိုင်းဒေသတွင် အလုပ်စလုပ်ခဲ့သည်။ သွားနှင့်ခံတွင်း ကျန်းမာရေး ပြဿနာများ ရင်ဆိုင်နေရသော လူနာပေါင်းများစွာကို တွေ့ခဲ့ရသည်။ ဘဝမှာ သွားဆရာဝန်နှင့် တစ်ခါမှ မတွေ့ဖူးသည့် လူနာများစွာကို မြင်ဖူးခဲ့သည်။ ကန်တက်ကီဒေသ အခြေစိုက် ဌာနေ အမေရိကန် အပါလာချီရာ မျိုးနွယ်စုများ ဆိုလျှင် သွားနှင့် ခံတွင်း ကျန်းမာရေး အကျပ်အတည်းကို အကြုံရဆုံးသူများ ဖြစ်ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ကန်တက်ကီပြည်နယ်သည် သွားဆုံးရှုံး နာကျင်ပျက်စီးမှုနူန်း အများဆုံး ပြည်နယ်တစ်ခု ဖြစ်ပါသည်။
18-Sep-2016 tagged as ဆရာဝန်
ဆရာဝန်ကြီးသည် နောက်ဆုံး သူ၏ သုတေသနစာတမ်းကို အသက် ၁၀၀ ပြည့်ခါနီးတွင် ရေးခဲ့ခြင်း ဖြစ်သည်။ သူ၏ ဘဝတစ်လျှောက်လုံး လူသားများကို ကူညီဖို့ ကျန်းမာရေးအတွက် အဓိက ကုထုံးတွေကို ရှာဖွေဖို့ရာပဲ မြှုပ်နှံထားခဲ့သည်။ တစ်သက်လုံး အခကြေးငွေယူပြီး တစ်ခါမှ ဆေးမကုဖူးခဲ့ပါဟု သူ့အကြောင်း ရေးကြသော ဆောင်းပါးများက ဖော်ပြနေသည်။ သူ့အမည်ကား ဂျာဆင်တိုကွန်ဗစ် ဖြစ်သည်။
11-Sep-2016 tagged as ဆရာ လက်သမား
တိုင်းပြည်အတွက် ကိုယ်လက်အင်္ဂါ စွန့်ပေးသော တပ်မတော်သားများကို ပြည်သူတစ်ဦး အနေနှင့် ကျေးဇူးတင်ကြောင်းကို ပြသရန် ဒန်ဝေါရက်က အိမ်များ လိုက်လံတည်ဆောက်ပေးခြင်း ဖြစ်သည်။ ၂၀၀၅ ခုနှစ် ကတည်းက တက္ကဆက်ပြည်နယ်တွင် အဆောက်အအုံလေးလုံး ဆောက်လုပ်ပြီးပြီ ဖြစ်ကာ ဆက်လက်တည်ဆောက်နေသည့် အဆောက်အအုံ ငါးလုံးလည်း ရှိသေးသည်။ သူ့လှုပ်ရှားမှုကို Operationa Finally Home ဟု အမည်ပေးထားပြီး အများပြည်သူ ပါဝင်လာအောင်လည်း လှုံ့ဆော်ပေးသည်။
ဘယ်လူမျိုးလဲ၊ ဘယ်လိုဘာသာ ကိုးကွယ်သလဲ ဆိုသည်ကို ခွဲခြားလို့ မရသည့် အလုပ်အကိုင်တစ်မျိုး ရှိသည်။ ထိုအလုပ်ကား ဆရာဝန် အလုပ်ပေတည်း။ ဆရာဝန်များသည် မိမိလူနာကို ထိုသို့ ခွဲခြားလေ့ မရှိကြ။ နိုင်ငံသားလား၊ ခိုးဝင်လား၊ စာရွက်စာတမ်း ရှိသလား၊ စာရွက်စာတမ်းမဲ့လား၊ မွတ်ဆလင်လား၊ ဂျူးလား၊ ကျား/မ လား ခွဲခြားခြင်း မရှိကြ။ အစ္စရေးတွင် နတ်လူသာဓုခေါ်လောက်သော ကျန်းမာရေး၊ လူမှုရေး လှုပ်ရှားမှုတစ်ရပ် ရှိပါသည်။ ထိုလှုပ်ရှားမှုကို ဆရာဝန်များက ဦးဆောင် ကြသည်။ ဆရာဝန်များထဲတွင် ဂျူးလည်းပါသည်။ အာရပ်လည်း ပါသည်။
21-Aug-2016 tagged as
တစ်ယောက်ယောက်က သေကြောင်း ကြံတော့မယ်ဆိုရင် ဘာတွေပြောမလဲ။ ဘယ်လို သံဘောင်ပေါ်က ဆင်းအောင် လုပ်ကြမလဲ။