News

27-May-2018 tagged as
“ကျွန်တော်ပြန်လည်ရရှိတဲ့ ဆုလာဘ်ကတော့ ကလေးဆေးရုံဘက်ကို ဝင်လိုက်တိုင်း ကလေးတွေ ကျွန်တော့် ရောင်စုံဖယောင်းတောင့်တွေနဲ့ အရောင်တွေခြယ် ပုံတွေဆွဲနေတာပါပဲ။ သူတို့ရှိတာလေးနဲ့ တစ်ခုခုကို စိတ်ကူးဉာဏ်ကွန့်မြူးပြီး ဖန်တီးနေတဲ့အခါ မျက်နှာမှာ တွေ့ရတဲ့ အပျော်တွေကို တွေ့ရတာ အကြိုက်ဆုံးပဲ” ဟု ဘရိုင်ယန်က ပြောကြားသည်။
20-May-2018 tagged as
ခင်ပွန်းသည်အကြောင်း၊ နာမည်ပင်သူ့ရှေ့တွင် မဟချင်ကြ။ အားလုံးက ထိုကိစ္စကို ရှောင်ကြသည်။ ပျော်ရွှင်ရယ် မောမှုဆိုသည့်အရာကို မရှာဖွေဖြစ်အောင် ရှင်သန်ကျန်ရစ်သူ အပြစ်ရှိသကဲ့သို့ ခံစားရမှုနှင့် လုံးလည်လိုက်နေခဲ့သည်။
13-May-2018 tagged as
လူသားတိုင်းသည် အသက်ရှင်ရပ်တည်ရေးအတွက် ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ပုံစံဖြင့် ရုန်းကန်နေကြရသူများချည်း ဖြစ်ပါသည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင် ဝင်ဆံ့ရပ်တည် ခိုင်မာစေရန် အမြဲပြင်ဆင်လှုပ်ရှားနေကြရသည်။ ထို့ကြောင့် လူတိုင်းသည် အချိန်ပြည့် အများအကျိုးလုပ်ဆောင်နေနိုင်သူ မဖြစ်နိုင်ပေ။ သို့သော် နေ့စဉ်ဘဝတွင် ရုန်းကန်နေထိုင်ရင်းပင် ကြုံရာကျပန်း ကောင်းမှုလေးများကို လုပ်ဆောင်နိုင်ပေသည်။
06-May-2018 tagged as လူကုန်ကူး
“လူတွေဟာ ဒီလို လူကုန်ကူးမှုတွေဟာ သူတို့အိမ်နီးချင်းတွေမှာတောင် ဒီလိုကုန်ကူးခံနေရတာကို မသိကြပါဘူး။ လူကုန်ကူးမှုဟာ အဝေးကြီးမှာ ဖြစ်နေတာမဟုတ်ပါဘူး”
29-Apr-2018 tagged as
လူသားတိုင်းသည် အသက်ရှင်ရပ်တည်ရေးအတွက် ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ပုံစံဖြင့် ရုန်းကန်နေကြရသူများချည်း ဖြစ်ပါသည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင် ဝင်ဆံ့ရပ်တည်ခိုင်မာစေရန် အမြဲပြင်ဆင်လှုပ်ရှားနေကြရသည်။
22-Apr-2018 tagged as
၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က ဖြစ်ပါသည်။ ဗိသျှနူး ရှာရက်စ်သာသည် မောရအိတ်စ်ပရက်စ် ရထားလိုင်းကိုစီးကာ အနောက်ဘင်ဂေါပြည်နယ်၏ သစ်တောအုပ်ရှုခင်းများကို ခံစားလျက်ရှိသည်။ အသက် ၃၅ နှစ်အရွယ် ဂေါ်ရခါးစစ်သားဟောင်းသည် အိန္ဒိယစစ်တပ်၏ ဂေါ်ရခါးတပ်တွင် တာဝန်ထမ်းဆောင်ရာမှ အနားယူပြီး နေရပ်သို့ ပြန်လာခြင်းဖြစ်သည်။ သူ့အဖေကလည်း စစ်သားပင်ဖြစ်သည်။ သွားနေသော ရထားပေါ်မှ ဘေးပတ်ဝန်းကျင်ရှုခင်းများကို ငေးမောကြည့်နေချိန် နောင်မကြာခင်ဖြစ်တော့မည့် ဖြစ်စဉ်အကြောင်း သူမတွေးမိသေးပေ။
01-Apr-2018 tagged as
သျှရီဒေဗီဟု အမည်ရသော မိခင်အမျိုးသမီးကြီးတစ်ဦးသည် ဟိန္ဒူအမျိုးသမီး သာမန်ကျေးတောသူ တစ်ဦးဖြစ်သည်။ သို့သော် သူမ၏ သာမန်မဟုတ်သော စွန့်လွှတ်စွန့်စားမှု မေတ္တာတရားကြောင့် လူ့အသက် ၁၁ ချောင်းကို ကယ်တင်နိုင်ခဲ့ပြီးနောက် အိန္ဒိယတစ်လွှား သူ့နာမည်ထင်ရှားသွားခဲ့ပေသည်။
25-Mar-2018 tagged as
မိဘမဲ့ကလေးနှင့် နွမ်းပါးဒေသနေကလေး ၂၀၀၀ လောက်အတွက် နေ့စဉ်အာဟာရကို စီမံခန့်ခွဲထူထောင်ပေးထားသည်။ ရေရှည်တည်တံ့သော စီးပွားရေးဖြစ်စေရန်အတွက်လည်း နွမ်းပါးသောမိသားစုများအတွက် မျိုးစေ့နှင့် ဓာတ်မြေဩဇာ ထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးပါသည်။
18-Mar-2018 tagged as
“ကလေးတွေကို ပညာသင်ပေးဖို့၊ ကျွေးမွေးဖို့၊ စောင့်ရှောက်ဖို့အတွက် ဖိလစ်ပိုင်ပြည်သူတွေက ပိုသိလာကြပါပြီ။ အရင်တုန်းက လက်တွန်းလှည်းဆိုတာ ဆင်းရဲနွမ်းပါးခြင်းရဲ့ သင်္ကေတပါ။ ယခုအခါမှာတော့ လက်တွန်းလှည်းဆိုတာ မျှော်လင့်ချက်၊ ပညာရေးတို့ရဲ့ သင်္ကေတဖြစ်လာပါပြီ”ဟု ၎င်းက ပြောကြားသည်။
11-Mar-2018 tagged as
“ကျွန်တော့်မှာသာ သန့်ရှင်းပြီး ကောင်းတဲ့အဝတ်တွေရှိရင်၊ လူတွေက ကျွန်တော့်ကို လူသားတစ်ယောက်လို ဆက်ဆံကြမှာပဲ”ဟု ပြောလိုက်သည့်အခါ ဒေါက်လည်း အဝတ်လျှော်ဝန်ဆောင်မှု ပရဟိတဆိုင်လေးဖွင့်ရန် အာရုံရသွားခဲ့သည်။
ထိုဆိုင်ကို စဖွင့်ချိန်က ဆိုင်ရှင်များသည် ၎င်းတို့၏သားလေးအတွက် လေ့လာစရာ၊ အလုပ်လုပ်စရာနေရာ ဖန်တီးခဲ့ခြင်းသာဖြစ်သည်။ သို့သော် ရပ်ရွာက အားကိုးအားထားပြုလာရသည့် မင်္ဂလာရှိသော အလုပ်တစ်ခုဖြစ်လာမယ်မှန့်း  မသိရိုးအမှန်ပင်ပေတည်း။ တန်ပါခိုလာနှင့် မိုက်ကယ်ခိုလာတို့၏ သားကလေး ဘရက်ဒလေသည် အသက် ၂၂ နှစ် ပြည့်သွားခဲ့ရာသူတို့ဒေသရှိ မသန်စွမ်းကလေးလူငယ် ဖေးမကူညီရေးအစီအစဉ်နှင့် ဘောင်မဝင်တော့ပေ။ လူကြီးဖြစ်သွားလေပြီ။ တကယ်ဆိုလျှင် အလုပ်လုပ်ရတော့မည့် အရွယ်ရောက်လေပြီ။ မသန်စွမ်း မဖွံ့ဖြိုးသူဟု ယူဆခံရသည့် ဘရက်ဒလေလိုလူများကို မည်သူက အလုပ်ပေးပါမည်နည်း။ ကိုယ့်သားသမီးကို ကိုယ့်ဘာသာ အလုပ်ပေးမည်ဟု မိဘများက ဆုံးဖြတ်ခဲ့ကြသည်။ သို့ဖြင့် ပေါင်မုန့်၊ ကိတ်မုန့်ဆိုင် ဖွင့်ကြပါသည်။
25-Feb-2018 tagged as
မည်သို့ပင် ပြုလုပ်ပေးသည်ဆိုပါစေ တံတားအောက် နေရာကျော်သော အိမ်ခြေမဲ့များအတွက်က များစွာ အထောက်အကူဖြစ်ပါသည်။ အမေရိကန် ပြည်ထောင်စုလို နေရာမျိုးတွင် အိမ်ခြေမဲ့ဖြစ်သွားပါက ဘဝကို ပြန်လည်ထူမရန် အလွန်ခက်ခဲသည်။ ကျောခင်းစရာ နေရာမရှိသည့်ဘဝတွင် စားစရာ အစားအစာနှင့် အလုပ်အကိုင်ကလည်း အလွန်ခက်ခဲပေတော့သည်။ ပရဟိတအဖွဲ့များ၊ ဘုရားကျောင်းများ၏ ကူညီပေးမှုကြောင့် အချို့က အထိုက်အလျောက် အဆင်ပြေကြသည်။
ကျောင်းသားကျောင်းသူ အတော်များများသည် နွမ်းပါးသော မိသားစုများက လာကြကာ သန့်ရှင်းကျန်းမာသော စားစရာများကို ဝယ်ယူစားသုံးပိုင်ခွင့် နည်းပါးကြသူများ ဖြစ်ကြသည်။ သို့သော် ကလေးများသည် ဟင်းသီးဟင်းရွက်များကို အမျိုးအမည်ပင် မသိကြသည်ကို တွေ့ရသောအခါ တိုနီ လန့်သွားခဲ့၏။ ကျောင်း၏ တစ်ဖက်ခြမ်းတွင် စွန့်ပစ်ထားသော ရပ်ရွာဥယျာဉ်တစ်ခုရှိလေရာ တိုနီ အကြံတစ်ခုရသွားသည်။ ဖုန်းတော့နည်းနည်းဆက်လိုက်ရသည်။
04-Feb-2018 tagged as
အေးစက်လှသော နယူးယောက်၏ ဆောင်းရာသီတွင် အိမ်ခြေမဲ့များ ရှင်သန်ရသည်မှာ မလွယ်ကူလှပေ။ အဒီနာလင့်ခ်ျမန်းဆိုသူ အမျိုးသမီးငယ်သည် မိတ်ဆွေများနှင့်အတူ အိမ်ခြေမဲ့များ စားသောက်ရေးအတွက် ကူညီနေခဲ့သည်မှာ နှစ်အနည်းငယ် ကြာခဲ့လေပြီ။
မကြာမီ အနာဂတ်ပညာရေးဟာ ကျောင်းကို ကျောင်းသားလာမှဆိုတဲ့ အယူအဆ ပျောက်ကွယ်သွားမယ်။ အွန်လိုင်းကနေ ကျောင်းခေါ်ကြိမ်သတ်မှတ်မယ်။ အွန်လိုင်းမှာ တစ်နေ့ ဘယ်နှနာရီဝင်ပြီး အလုပ်လုပ်တယ်ဆိုတာနဲ့ သတ်မှတ်မယ်။ အွန်လိုင်းမှာ ဘယ်လောက် ရှာဖွေနိုင်တယ်ဆိုတာနဲ့ အရည်အချင်းကို သတ်မှတ်တဲ့ခေတ် ရောက်လာလိမ့်မယ်။