News

POST TYPE

ABOUT US

ကျွေးမေမေ
02-Apr-2017 tagged as ပရဟိတ

လူသားတိုင်းသည် အသက်ရှင်ရပ်တည်ရေးအတွက် ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ပုံစံဖြင့် ရုန်းကန်နေကြရသူများ ဖြစ်ကြသည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများတွင် ဝင်ဆံ့ရပ်တည် ခိုင်မာစေရန် အမြဲပြင်ဆင် လှုပ်ရှားနေကြရသည်။ ထို့ကြောင့် လူတိုင်းသည် အချိန်ပြည့် အများအကျိုး လုပ်ဆောင်နေနိုင်သူ မဖြစ်နိုင်ပေ။ သို့သော် နေ့စဉ်ဘဝတွင် ရုန်းကန်နေထိုင်ရင်းပင် ကြုံရာကျပန်း ကောင်းမှုလေးများကို လုပ်ဆောင်နိုင်ပေသည်။ သန်းကြွယ်သူဌေး အားကစားစတားမှသည် သာမန်ရထားစီး ခရီးသည်တစ်ယောက်အထိ လုပ်ဆောင်ပေးသမျှသည် သူ့နည်းသူဟန်ဖြင့် လိုအပ်နေသူအတွက် ထိရောက်မှု ရှိပါပေသည်။ ကြုံရာကျပန်း လုပ်ဆောင်ပေးသည့် လျှပ်တစ်ပြက်ကောင်းမှုလေးများ သတင်းတိုများကို ဖတ်ရှုရတိုင်း မဖော်ပြတတ်သော ကြည်နူးမှုများ ခံစားရတတ်သည်။ ထို့ကြောင့် The Voice Sunday စာဖတ်ပရိသတ်အတွက် အဆိုပါ ဖြစ်ရပ်လေးများကို ယခင်အပတ်မှ အဆက်အဖြစ် ဆက်လက်မျှဝေ ဖော်ပြလိုက်ပါသည်။

အိန္ဒိယနိုင်ငံ ရာဂျက်စ်သန်ပြည်နယ်က ကျေးလက်ဒေသတစ်ခုဟာ တောကောင်တောပင်တွေ ထူထပ်တဲ့ အရပ်ဒေသနဲ့ ဆက်စပ်နေပါတယ်။ တစ်ရက်တော့ မိဘမဲ့ သမင်ကောင်လေး တစ်ကောင်ဟာ မျက်စိလည် လမ်းမှားပြီး လူတို့နေရာ ကျေးရွာကို ရောက်လာခဲ့ပါတယ်။ သမင်ကောင်လေးဟာ ထိုအရပ်မှာပဲ မန်ဂီဒေဝီ ဆိုသည့် အမေတစ်ယောက်ကို သူ အစားရခြင်း ဖြစ်သည်။ မန်ဂီဒေဝီသည် ရွာနေ သာမန်အမျိုးသမီး မိခင်တစ်ဦး ရှိပါသည်။ ကလေးများ ရှိသည်။ သမင်လေးလိုပင် မွေးကင်းစကလေး တစ်ယောက် ရှိပါသည်။ ထိုကလေးက သမင်လေးနှင့် မတူသည့်အချက်ကား သူ့ကို နို့တိုက်မည့် မိခင်ရှိခြင်း ဖြစ်ပေသတည်း။ 

မန်ဂီဒေဝီသည် သမင်လေးကို မွေးစားခဲ့သည်။ ဆင်းရဲသော တောနေအိန္ဒိယ မိသားစုဖြစ်သည့် အားလျော်စွာ မွေးကင်းစ သမင်ပေါက်လေး လိုအပ်သည့်နို့ကို ဝယ်မတိုက်နိုင်ပါ။ ထို့ကြောင့် သူ့မိခင်သားမြက်အစုံမှ ထွက်သည့်နို့ကို သူ့ကလေးနှင့်မျှပြီး တိုက်ချေမည်ဟု ဆုံးဖြတ်လိုက်ပါသည်။ ပုံတွင်မြင်ရသည့်အတိုင်း သမင်လေးသည် မိခင်နို့ကို သူ့မွေးစားညီအစ်ကို တော်စပ်သူနှင့် မျှပြီးသောက်ရသည်။ သူ့စိတ်ထဲတွင် မန်ဂီဒေဝီကို သူ့မိခင် ထင်နေရှာသည်။ ဘေးကနေပြီး နို့တစ်လုံးကို သူနဲ့အတူ အငမ်းမရ စို့နေသည့် လူပေါက်စလေးကိုတော့ သူ့မွေးချင်းဟု ထင်နေသည်။  မိခင်မေတ္တာသည် စာဆိုလင်္ကာ ပန်းချီကျော်တို့ လိုက်လို့မမီသည့် အနုပညာလက်ရာ တစ်ခုပင် ဖြစ်သည်။