News

POST TYPE

ABOUT US

မျက်မမြင် သမင်ငယ်နှင့် လမ်းပြကလေး
19-Feb-2017

ကလေးတော်တော်များများမှာ မနက်နိုးလာတဲ့အခါ လုပ်ဆောင်ကြတဲ့ လုပ်ငန်းများ ရှိတတ်သည်။ မနက်စာစားခြင်း၊ ဖုန်းထဲက သတင်းစကားမျးကို စစ်ဆေးခြင်း၊ အဝတ်တွေရွေးခြင်း စသဖြင့် ဖြစ်တတ်သည်။ ၁၀ နှစ်သားအရွယ် ကောင်လေးတစ်ဦးကတော့ မနက်ခင်းတိုင်း သမင်လေး တစ်ကောင်ကို အစာလိုက် ရှာပေးပြီးမှ ကျောင်းသွားလေ့ရှိသည်။ သူတို့ရပ်ရွာထဲတွင် မျက်စိလည်နေသည့် အဆိုပါ သမင်လေးက မျက်မမြင် ဖြစ်နေသည်။ ထိုသမင်လေးက ထိုကောင်လေးကို အနားကပ်ခံပြီးတော့ မနက်တိုင်း အစာအတူ ရှာကြသည်ဟု အဆိုပါ သတင်းကို ဓာတ်ပုံနဲ့တကွ လူမှုကွန်ရက် မီဒီယာပေါ် တင်ထားသူက ရေးသားထားသည်။ စိတ်ဝင်စားဖွယ် မေတ္တာတရား ဖြစ်ပေသည်။