News

POST TYPE

ABOUT US

ပို့စကတ်တွေကပေးတဲ့ ခွန်အား
19-Feb-2017 tagged as

ဆာဖီရီတယ်ရီဆိုတဲ့ ကောင်မလေးဟာ နယူးယောက်ပြည်နယ်က မီးရှို့တိုက်ခိုက်မှု တစ်ခုကို မိသားစုနဲ့အတူ ခံစားခဲ့ရသည်။ အိမ်မီးရှို့ခံရအပြီးတွင် ကျန်မိသားစုဝင်များ အားလုံး သေဆုံးခဲ့ရသည်။ သူမဟာလည်း ဆိုးဆိုးဝါးဝါး ဒဏ်ရာများရရှိပြီး အသက်ရှင် ကျန်ခဲ့ခြင်းဖြစ်၏။ ခွဲစိတ်မှုပေါင်း အကြိမ် ၂၀ ခန့် ပြုလုပ်ပြီးနောက်မှာ ပြန်လည်ကျန်းမာလာခဲ့သည်။ ကျန်းမာပြီး အသက်ရှင်နေပြီ ဆိုပေမယ့် သူမရဲ့မျက်နှာကတော့ ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့ရသည်။

ရှစ်နှစ်အရွယ် အဆိုပါ မိန်းကလေးရဲ့ ဆန္ဒကတော့ သူ့မိသားစုဝင်တွေဆီက ခရစ္စမတ်ကတ်လေး လိုချင်ခြင်းသာ ဖြစ်သည်။ ထောင်ပေါင်းများစွာသော ပြည်သူများက ရှစ်နှစ်သမီးလေး၏ ခံစားချက်ကို နားလည်စာနာစွာဖြင့် ခရစ္စမတ်ကတ်လေးတွေ ဝိုင်းပို့ကြပါသည်။ သူမ၏ အနာဂတ်အတွက်လည်း တတ်စွမ်းသမျှ ဝိုင်းပြီး ငွေကြေးထောက်ပံ့ခဲ့ကြသည်။ စုစုပေါင်း အမေရိကန်ဒေါ်လာ  ၃ သိန်းလောက် ရခဲ့ပေသည်။ တစ်ဦးတစ်ယောက်ချင်းသည် ထိုမျှလောက် ငွေပမာဏကို တတ်နိုင်ကြလိမ့်မည် မဟုတ်ပါ။ သို့သော် ကြင်နာမှု နည်းနည်းနှင့် ပို့စကတ်လေးများ စုစည်းလိုက်သည့်အခါ အားငယ်နွမ်းပါးနေသည့် ကလေးငယ်အတွက် ထိရောက်သော အကူအညီ ဖြစ်ခဲ့ပါလေသည်။

  • TAGS