News

POST TYPE

ABOUT US

အိမ်ပိစိလေးများရဲ့ ဗိသုကာ
19-Feb-2017

တစ်ရက်တော့ အဲဗစ်စ်ဆမ်းမားဆိုတဲ့ လော့အိန်ဂျလိစ်မြို့သားဆီကို အိမ်ခြေမဲ့ အမျိုးသမီးကြီးတစ်ယောက် ရောက်လာခဲ့ပါသည်။ ညဘက် ခင်းအိပ်ချင်လို့ အိမ်မှာမသုံးတော့တဲ့ စက္ကူဘူးတွေ၊ အခင်းပြားတွေများ ရှိပါသလားဆိုပြီး လာတောင်းခြင်း ဖြစ်သည်။ သူလည်း ရှိတာလေးနဲ့ ကူညီပေးလိုက်ပါသည်။ သို့သော် သူ ဒီထက်ပိုကူညီပေးချင်သေးသည်။ သူနဲ့ခင်သွားတဲ့ အဆိုပါ အိမ်ခြေမဲ့ အမျိုးသမီးကြီးအတွက် အိမ်လေးတစ်လုံး စပြီးဆောက်ခဲ့ခြင်း ဖြစ်သည်။ ငါးရက်ကြာတဲ့အခါ ထိုအိမ်လေး ပြီးသွားသည်။ အိမ်ခြေမဲ့ အမျိုးသမီးကြီးကတော့ ဆယ်စုနှစ်တစ်ခုကြာ အမိုးအကာ ကိုယ်ပိုင်အိမ်နဲ့ မအိပ်ဖူးခဲ့တာ ခုမှ ဟန်ကျသွားခြင်း ဖြစ်သည်။ အိမ်သေးသေးလေးတွင် ပျော်ရွှင်စရာနေအိမ် ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ နေခွင့်ရသွားခဲ့လေပြီ။  အဲဗစ်စ်ဆန်းမားကလည်း သူ့အိမ်သေးသေးလေး စီမံကိန်းကို ပြပွဲတွေမှာ လိုက်ပြရင်း ရန်ပုံငွေရှာခဲ့၏။ ဒေါ်လာ ၈ သောင်းလောက် ရန်ပုံငွေတွေ ရရှိခဲ့ပြီး နောက်ထပ် အိမ်သေးသေးလေးပေါင်း များစွာ ထပ်မံဆောက်လုပ် လှူဒါန်းနိုင်ခဲ့ပါသည်။