News

POST TYPE

ABOUT US

သီရိလင်္ကာသို့ သုံးလအတွင်း ဆန်တန်ချိန် ငါးသောင်း တင်ပို့မည်
29-Jan-2017

ရန်ကုန်၊ ဇန်နဝါရီ ၂၈

သီရိလင်္ကာနိုင်ငံသို့  ဖေဖော်ဝါရီလမှစကာ ဧပြီလအထိ ဧည့်မထဆန်တန်ချိန် ငါးသောင်း တင်ပို့ရန်အတွက် ကနဦး ဆွေးနွေး အတည်ပြုထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။ 

ဇန်နဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ မြန်မာ့လယ်ယာ စီးပွား အများပိုင် ကော်ပိုရေးရှင်း (MAPCO) တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းကာ ဆန်ပြည်ပ တင်ပို့မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲနှင့် သီရိလင်္ကာနိုင်ငံသို့ G To G ဆန်တင်ပို့နိုင်ရန် ညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် ကနဦး အတည်ပြုခဲ့ကြခြင်းဖြစ်သည်။ 

“ဈေးကတော့ သူတို့ဘက်ကို အကြောင်း ကြားပြီး ပြန်အကြောင်းပြန်မှ အတိအကျ သိရမှာပါ။ G To G သဘောတူ လက်မှတ်လည်း မထိုးရသေးဘူး။ ဒါက ကျွန်တော်တို့ဘက်က ညှိနှိုင်းတာပေါ့”ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။ 

သီရိလင်္ကာနိုင်ငံသို့ G To G ဆန်တင်ပို့ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ MAPCOနှင့် မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့တို့ တင်ပို့မည့် ပမာဏနှင့် ရောင်းချမည့်ဈေးနှုန်းတို့ကို ကြိုတင် ညှိနှိုင်းခဲ့ကြခြင်းဖြစ်ပြီး ယခု ရလဒ်များကို သီရိလင်္ကာ နိုင်ငံသို့ ပြန်လည် အကြောင်းကြားကာ နှစ်နိုင်ငံ ဆွေးနွေးပြီး သဘောတူလက်မှတ် ရေးထိုးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

J-11

  • VIA