News

POST TYPE

ABOUT US

ဘူဂေးရီးယားက တပသီကြီး
15-Jan-2017 tagged as

ဘူဂေးရီးယားနိုင်ငံ မြို့တော် ဆိုဖီယာ အလက်ဇန်းဒါးနက်ဗ်စကီ ဘုရားကျောင်းကြီးရှေ့မှာ အမြဲတမ်း တွေ့ရတတ်တဲ့ ဘိုးအေကြီးဟာ အသက် ၁၀၂ နှစ် ရှိပါပြီ။ ခြိုးခြံတဲ့ တပသီအကျင့်ကို ကျင့်သူ ဘိုးသက်ရှည်ကြီးရဲ့ အမည်က မစ္စတာ ဒိုဘရီဒိုဘရက်ဗ် ဖြစ်သည်။ သူ့ကို မြို့တော်သူ မြို့တော်သားတွေက ဘိုးဘိုးဒိုဘရီလို့ ခေါ်ကြသည်။ သူဟာ နေ့စဉ်နေ့တိုင်း နာရီပေါင်းများစွာ လမ်းလျှောက်ပြီး အလှူခံထွက်လေ့ ရှိသည်။ ဘုရားကျောင်းက သူ့လို သက်ကြီးရွယ်အိုကြီးကို ကောင်းစွာ အနားယူနေနိုင်အောင် ကောင်းကောင်းစီစဉ်ပေးနိုင်ပါသည်။ သို့သော် အများအကျိုးကိုသာ ရှေးရှုပြီး မိမိ၏ နေဝင်ချိန်ကို ပေးဆပ်ထားသူ အာဂဘိုးဘိုး ဖြစ်သည်။ အလှူခံလို့ ရသမျှတွေကို ပရဟိတ မိဘမဲ့ ဂေဟာများကို ပုံမှန်လှူဒါန်းပေးနေသည်။ သူ့ထံသို့ ထည့်လိုက်သည့် ငွေများက ပရဟိတဂေဟာများ၊ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများသို့ တစ်ပြားမကျန် ရောက်သည်ချည်း ဖြစ်၍ မြို့တော်သူမြို့တော်သားများက သူ့ကိုတွေ့လျှင် လှူကြတန်းကြသည်။ အိမ်ခြေမဲ့ကြီးလိုလို မြေလျှောက်ဝိဇ္ဇာကြီးလိုလိုနှင့် မြို့တော်ဆိုဖီယာတွင် ယနေ့တိုင် တွေ့နိုင်ပါသည်။ သူလှူဒါန်းခဲ့သည့် ငွေပမာဏက ယူရိုငွေ သုံးသောင်းခုနစ်ထောင် ရှိခဲ့လေပြီ။ မြန်မာငွေနှင့် တွက်ပါက သိန်းငါးရာလေးဆယ် ကျော်ပါပြီ။ နတ်လူသာဓုခေါ်စေသော်။


  • TAGS