News

POST TYPE

ABOUT US

ရှိသမျှ အကုန်လှူလိုက်သည့် ရုပ်ရှင်သူဌေးကြီး
08-Jan-2017

စကော့နီဆန်သည် ကမ္ဘောဒီးယားမှ ဆင်းရဲနွမ်းပါးမှုဒဏ်ကို ခံနေရသည့် ကလေးများအတွက် အချိန်ပြည့် ကူညီနိုင်ရန် ဟောလိဝုဒ်ကို ကျောခိုင်းခဲ့သူ ဖြစ်သည်။ ၎င်းသည် 20th Century Fox ရုပ်ရှင်ကော်ပိုရေးရှင်းကြီး၏ အကြီးအကဲ ဖြစ်ခဲ့သည်။ ဒေါ်လာဘီလီယံများစွာ တန်သည့် စီးပွားရေး လုပ်ငန်းကြီး၏ အကြီးအကဲ ဖြစ်ခဲ့သည်။ ဇိမ်ခံအိမ်တော်ကြီးများ၊ ဇိမ်ခံပြိုင်ကားများ၊ ရွက်လှေများကို အကုန်ရောင်း လိုက်ပြီး နွမ်းပါးကလေးများ ကျန်းမာရေး၊ ပညာရေး အတွက်သာ အလုပ်လုပ် ပေးလှူပစ်လိုက်တော့သည်။ အသက်ပေးရလောက်သည့် ပေးဆပ်မှု မဟုတ်သော် ငြား သာမန်လူများ ပြုနိုင်ခဲသည့် ကူညီလှူဒါန်းမှု ဖြစ်ပါသည်။