News

POST TYPE

ABOUT US

ဒေါက်တာကော်ဖီ
01-Jan-2017
ဒေါက်တာ မီဂန်ကော်ဖီဟာ ဟားဗတ်ပညာတတ် သမားတော်တစ်ဦးဖြစ်ပြီး အောက်စဖို့ဒ် တက္ကသိုလ်ကနေ ကူးစက်ရောဂါဗေဒဆိုင်ရာ ပါရဂူဘွဲ့ ရထားပါတယ်။ သူ့အလုပ်ခန်းကတော့ ကမ္ဘာကျော် တော်ဝင်ဆေးရုံကြီးတစ်ခု သို့မဟုတ် တက္ကသိုလ်ဌာနကြီး တစ်ခုက ဧရာမ စာသင်ခန်းကြီး မဟုတ်ပါဘူး။ ဟေတီကျွန်းစုတွေပေါ်က ဆင်းရဲသားတွေကြားမှာ ဖြစ်ပါတယ်။ ဟေတီမှာ ငလျင်ကြီး လှုပ်လိုက်တဲ့အခါ လူပေါင်းများစွာဟာ နောက်ဆက်တွဲ အတိဒုက္ခဘေးတွေ ကြုံနေရခဲ့ပါတယ်။ အထူးသဖြင့် တီဘီရောဂါ၊ ကာလဝမ်းရောဂါ စတဲ့ ကူးစက်ရောဂါတွေက ကလေးငယ်များစွာ လူများစွာရဲ့ အသက်တွေကို အမှည့်ခြွေပါတော့တယ်။ ၂၀၁၀ ကတည်းက ဟေတီကို ရောက်လာတဲ့ ဆရာမကြီးဟာ မပြန်တော့ပါဘူး။ မဖြစ်စလောက် ပိုက်ဆံလစာလေးနဲ့ လိုင်းကားတိုးစီးရင်း ဟေတီမှာ ကူးစက်ရောဂါတွေ ပပျောက်သွားစေဖို့အရေး မနားတမ်း အလုပ်လုပ်နေလျက် ရှိပါတယ်။  ယခုတော့ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန တစ်ခု တည်ထောင်ထားပြီး ဆက်လက်အလုပ်လုပ်နေပါတယ်။ ဆရာမကြီး လုပ်ငန်းများ အောင်မြင်တိုးတက်ပါစေ။