News

POST TYPE

ABOUT US

ဓမ္မဆရာလီဂျောင်ရက်ခ်
01-Jan-2017

ကလေးမလိုချင်တဲ့ တချို့လူတွေဟာ ကလေးလည်းရရော လမ်းဘေးကို စွန့်ပစ်ခဲ့ကြတာတွေကို သတင်းတွေမှာ မကြာခဏ တွေ့ကြမှာပေါ့။ ကောက်ယူမွေးစားသွားသူတွေလည်းရှိရဲ့။ တချို့ကလေးတွေကတော့ လမ်းဘေးမှာ ရာသီဥတုဒဏ်ကြောင့် သေဆုံးသွားရတာတွေလည်း အများကြီးပါ။ တောင်ကိုရီးယားက ခရစ်ယာန် ဓမ္မဆရာကတော့ ဒါမျိုး အဖြစ်မခံပါဘူး။ သူ့အိမ်ဘေးမှာ ကလေးထည့်ဖို့ အိမ်ငယ်လေးတစ်ခု လုပ်ထားပေးပါတယ်။ ကလေးမလိုချင်ဘဲ ရလာရင်လည်း ကလေးကို ပစ်စလက်ခတ်လမ်းဘေးမှာ ချမထားဘဲနဲ့ ထိုအိမ်ကလေးထဲ ထည့်သွားနိုင်ပါတယ် ဆိုပြီး လုပ်ထားပေးခဲ့ပါတယ်။ သူနဲ့ နောက်လိုက်နောက်ပါတွေက ထိုကလေးတွေကို ပြုစုစောင့်ရှောက်ပေးကြပါသတဲ့။ ကလေးပေါင်း ၃၈၃ ဦးကို ကယ်တင်ထားနိုင်ခဲ့ပါသတဲ့။ တချို့ကလည်း ဓမ္မဆရာရဲ့ အစီအစဉ်က ကောင်းပေမယ့် ကလေးသူငယ်များ စွန့်ပစ်နေတဲ့ ကိစ္စကို ဒီထက်ပိုပြီး ထိရောက်စွာ ကိုင်တွယ်တဲ့ နည်းလမ်းသုံးသင့်တယ် ဆိုပြီး ဝေဖန်ကြပါတယ်။ နည်းလမ်းကောင်း မရမချင်းတော့ ဆရာလီက ကလေးတွေကို အေးစက်နေတဲ့ လမ်းဘေးအမှိုက်ပုံတွေမှာ ပစ်တာကို မမြင်လိုပါဘူးတဲ့။ သူ့အိမ်ဘေးက ကလေးသေတ္တာထဲကိုပဲ လာထည့်ကြပါတဲ့ဗျာ။