News

POST TYPE

ABOUT US

ပါကစ္စတန်က ကျောင်းသားလေးမှသည် နိုင်ငံတော် အာဇာနည် အဖြစ်သို့
01-Jan-2017
သူကတော့ ၂၀၁၄ ခုနှစ်က ၁၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ ကျောင်းသားလေး အစ်ဇက်ဟက်ဆန် ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံက ဖြစ်ပါတယ်။ အသေခံ ဗုံးခွဲတိုက်ခိုက်ရေးသမားက ကျောင်းသား ၂၀၀၀ လောက်ရှိတဲ့ ကျောင်းဝင်းထဲ ဝင်လာတာကို ဝင်ပေါက်နားမှာ လှမ်းမြင်လိုက်ရင် သင်ဘာလုပ်မလဲ။ သူ့ကို ကျောင်းထဲအရောက်ခံလို့ ဟက်ဆန့်အတွက် မဖြစ်နိုင်ပါဘူး။ ကျောင်းထဲမှာ သူ့သူငယ်ချင်းတွေ ရှိပါတယ်။ ဦးနှောက်ဆေး မှိုင်းတိုက်ခံထားရတဲ့ အဆိုပါ အကြမ်းဖက်သမားကို ကျောင်းပြင်ကို ပြန်ထွက်အောင် ဖျောင်းဖျဖို့လည်း မဖြစ်နိုင်ပါဘူး။ ဟက်ဆန်ဟာ တစ်ခုကို ရွေးရပါတော့မယ်။ လွတ်ရာကို ထွက်ပြေးမလား၊ သူငယ်ချင်းတွေကို ကယ်မလား။ သူဟာ အသေခံ ဗုံးသမားကို ကျောက်ခဲနဲ့ ပိတ်ပေါက်လိုက်ပါတယ်။ မထိပါဘူး။ အနားကိုသွားပြီး လုံးထွေးသတ်ပုတ် ကျောင်းပြင်ကို ဆွဲထုတ်ပါတော့တယ်။ ဒီမှာပဲ ဗုံးကွဲသွားပါတယ်။ အစ်ဇက်ဟက်ဆန်လေးဟာ ဆေးရုံရောက်မှ ကွယ်လွန်ရှာပါတယ်။ တခြားဘယ်ကျောင်းသားမှ ထိခိုက်ဒဏ်ရာရခြင်း မရှိပါဘူး။