News

POST TYPE

ABOUT US

မန္တလေး ၁၆ မိုင်ဂိတ်၌ သမင်ဦးချိုများ ဖမ်းမိ
31-Dec-2018
မန္တလေး၊ဒီဇင်ဘာ ၃၁

မန္တလေး- ပြင်ဦးလွင်မော်တော်ကားလမ်း ၁၆ မိုင်စစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာလ ၃၀ ရက်က တရားမဝင် သယ်ဆောင်လာသည့် သမင်ဦးချိုနှင့်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေရဲစခန်းမှ သိရသည်။

ပြင်ဦးလွင် အတက်လမ်းအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ်ကို သစ်တောဌာနနှင့် ရဲတပ်ဖွဲ့တို့ကရှာဖွေရာ တယောအိတ်ပုံစံ ထွင်းထုထားသည့် ပိတောက်သားအနည်းငယ်နှင့် သမင်ဦးချိုစုံ ၅ စုံ၊ ဖြတ်တောက်ထားသည့် သမင်ချို ၇၉ ခုတို့ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

သိမ်းဆည်းရမိသည့် သမင်ချိုများကို သစ်တောဦးစီးဌာနတွင် သိမ်းဆည်းထားပြီး ကာလတန်ဘိုးအရ မည်မျှတန်ကြေးရှိကြောင်း တွက်ချက်နေပြီး ယင်းသမင်ချိုများကို သယ်ဆောင်လာသူ ဦးသက်ဝင်းကို ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က)အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရဲစခန်းထံမှ သိရသည်။

M-04