News

POST TYPE

ABOUT US

ရွှေဝါရောင်သမိုင်းနောက်ခံမိုးပန်းပွင့်ရဲ့ သင်္ကေတ ရုပ်ရှင်ကား ပြသမည်
07-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၆

ရွှေဝါရောင်သမိုင်းနောက်ခံဖြစ်စဉ်များ ထည့်သွင်းရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်သည့် မိုးပန်းပွင့်ရဲ့ သင်္ကေတ ရုပ်ရှင်ဇာတ်ကား ကို စက်တင်ဘာ ၁၄ ရက်တွင် မြန်မာနိုင်ငံတစ်နိုင်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ပြသသွားမည်ဖြစ်ကြောင်း ဒါရိုက်တာကိုပေါက်က ပြောဆိုသည်။

စာရေးဆရာမ နှင်းဝေငြိမ်း၏ မိုးပန်းပွင့်၏သင်္ကေတ ဝတ္ထုစာအုပ်ကို ဒါရိုက်တာကိုပေါက်က ရိုက်ကူးတင်ပြထားခြင်းဖြစ်ပြီး ယင်းရုပ်ရှင်ဇာတ်ကားတွင် ရွှေဝါရောင် သမိုင်းနောက်ခံများ ထည့်သွင်းနိုင်ရန် DVB သတင်းဌာနမှ ရုပ်ကပ်များ ရယူကာအသုံးပြုရိုက်ကူးထားခြင်းဖြစ်ကြောင်း လျှပ်တစ်ပြက် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ဆိုသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီရန်အောင်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ ရဲအောင်၊ ဝါဝါအောင်၊ မေသဉ္ဇာဦး၊ မေမြင့်မိုရ်၊ နေအဉ္ဇရာ (ခြူးလေး)၊ ဟန်လင်းသန့်တို့ ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။

အဆိုပါဇာတ်ကားသည် နိုင်ငံရေးနောက်ခံ ချစ်ခြင်းမေတ္တာဖွဲ့ ဇာတ်ကားဖြစ်ပြီး ရွှေဝါရောင်တော်လှန်ရေး သမိုင်းအကြောင်းကို ပထမဦးဆုံး ထည့်သွင်း ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားအဖြစ် ဖန်တီးပုံဖော်ရိုက်ကူးထားခြင်းဖြစ်သည်။

J-05


  • VIA