News

POST TYPE

ABOUT US

လမ်းဘေးနေ အမျိုးသမီးတို့အတွက် ၉ နှစ်သမီး၏ လက်ဆောင်ထုပ်
13-Aug-2017

ကယ်လီဖိုးနီးယားပြည်နယ်က ခိုလိုသွန်ဆင်လို့ အမည်ရတဲ့ အသက် ၉ နှစ် သမီးလေးဟာ ကျောင်းကို သွားတိုင်းလမ်းမှာ အိမ်ခြေမဲ့များကို တွေ့ရသည်။ အမျိုးသမီးများမှာလည်း ပေကျံညစ်ပတ်နေသည့် လမ်းဘေးနေဘဝ ရောက်နေရသည်ကို သွန်ဆင်စိတ်မကောင်းပေ။ သို့ဖြင့် သွန်ဆင်သည် သူတို့အတွက် တစ်ခုခု လုပ်ပေးနိုင်ရင် ကောင်းမည်ဟု စိတ်ကူးရခဲ့ပါပေသည်။ သန့်ရှင်းရေးသုံး ပစ္စည်းများကို စုဆောင်းအလှူခံပြီး အိတ်ကလေးများဖြင့် ထည့်ကာ အမျိုးသမီးများကို လိုက်လံပေးအပ်ခဲ့သည်။ အမျိုးသမီး လစဉ်သုံးပစ္စည်းများ၊ ဆပ်ပြာ၊ ခြေအိတ်နှင့် သွားတိုက်ဆေး စသည်တို့ မျိုးစုံပါသော အိတ်များကို အမျိုးသမီး အိမ်ခြေမဲ့များအတွက် ပေးအပ်ခြင်း ဖြစ်ပါသည်။ 

သွန်ဆင်သည် သူမ၏ မိခင်၊ အဘွား စသည်တို့၏ အကူအညီဖြင့် ယင်းသို့ အထုပ်အပိုးများစွာကို ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ ပလတ်စတစ်အိတ်များဖြင့် မပေးပါ။ ရေရှည်ခံသည့် ပြန်သုံးလို့ရသော အိတ်များ စုဆောင်းပြီး ပေးခြင်းဖြစ်သည်။ “သမီးကူညီလို့ လူတစ်ယောက်လို ကိုယ့်ကိုယ်ကိုယ် ခံစားရပါတယ်” ဆိုပြီး အိမ်ခြေမဲ့ အမျိုးသမီးတစ်ဦးက သွန်ဆင်ကို ပြောပြသည်။ ကမ္ဘာကြီးက ပြောင်းလဲမည့် အကြင်နာတရား၊ မေတ္တာတရားတို့သည် ထိုကဲ့သို့ သေးငယ်သည့် မေတ္တာတရား ပြသမှုများမှ စတင်ပါသည်။