News

POST TYPE

ABOUT US

ဂျေရုဆလင်က ယာဉ်တိုက်မှုနှင့် မိခင်နှစ်ဦး
13-Aug-2017 tagged as

ဂျူးနှင့် ပါလက်စတိုင်း ဒေသခံများ မကြာခဏ ပဋိပက္ခဖြစ်သည့် ဂျေရုဆလင်မြို့တွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပါသည်။ ကိုးလသားအရွယ် ကလေးလေး၏ မိခင် ပါလက်စတိုင်း အမျိုးသမီး ဒဏ်ရာရသွားသည်။ ကလေးနာမည်က ယာမန် ဖြစ်ပါသည်။ မိခင်ဖြစ်သူက ဒဏ်ရာကြောင့် ဆေးရုံပေါ် ရောက်နေသည်။ ကလေးကို နို့ချိုမတိုက်ကျွေးနိုင်ပါ။ ဆေးရုံတွင် နို့ဆာ၍ ငိုနေသော ယာမန်ကို အဒေါ်ဖြစ်သူက ဒီအတိုင်း ထိုင်ကြည့်နေရသည်။ ကလေးသည် နို့ဘူးကို လုံးဝလက်မခံ ဖြစ်နေသည်။ ထိုစဉ် ဂျူးသူနာပြုတစ်ဦး ရောက်လာသည်။ သူ့အမည်က အိုလာ အော့စ်ထရိုစကီးဇက် ဖြစ်သည်။ အိုလာ့တွင်လည်း ၁၈ လသားအရွယ် ကလေးတစ်ဦး ရှိပါသည်။ ငိုနေတဲ့ ယာမန်ကို ကောက်ချီလိုက်ကာ နို့တိုက်ပါတော့သည်။ ကလေးကို နို့တိုက်ပြီးသော် ယာမန်၏ အဒေါ်ဖြစ်သူသည် သူနာပြုဆရာမ ဂျူးအမျိုးသမီး ပွေ့ဖက်ကာ ကျေးဇူးတင်စကား ပြောပါသည်။ ပါလက်စတိုင်း ကလေးငယ်တစ်ဦး နို့ဆာနေသည်ကို ဂျူးအမျိုးသမီး မည်သူကမှ နို့လာတိုက်မည် မထင်ပါကြောင်း ပြောပြသည်။ 

“ဒီဝမ်းနည်းစရာ ထင်မြင်မှုကြောင့် ကျွန်မလည်း စိတ်မကောင်း ဖြစ်မိပါတယ်။ ပါလက်စတိုင်းကလေး ဘယ်သူနို့ဆာဆာ ဂျူးအမျိုးသမီးတိုင်းက ကူညီသင့်ပါတယ်” လို့ သူနာပြုဆရာမက ဆိုပါတယ်။ မွေးကတည်းက လူသားတို့သည် ဘယ်သူကတော့ဖြင့် ရန်သူ၊ ဘယ်သူကတော့ဖြင့် မိတ်ဆွေဆိုပြီး သတ်မှတ်ပေးခံရခြင်း ဖြစ်သည်။ ရန်သူမိတ်ဆွေ ဆိုသည့် ကိစ္စသည် မိမိကို မွေးဖွားလိုက်ကတည်းက တံဆိပ်ကပ်ခံရခြင်း ဖြစ်သည်။ လူသားဆန်မှု မေတ္တာတရားသည်ကား ထိုတံဆိပ်များကို ခွာပစ်ပါသည်။ အတားအဆီးများကို ကျော်လွှားပါသည်။

  • TAGS