News

POST TYPE

ABOUT US

လီဒိုလမ်းမပေါ်တွင် ပေါက်ကွဲမှုဖြစ်၊ နှစ်ဦးသေ
09-Aug-2017 tagged as ပေါက်ကွဲမှု

မြစ်ကြီးနား၊ သြဂုတ် ၉

မြစ်ကြီးနားနှင့် တနိုင်းကြား လီဒိုလမ်းမပေါ်၌ ယနေ့ (သြဂုတ်လ ၉ ရက်) နံနက် ၅ နာရီခန့်က လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံးကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

လီဒိုလမ်းမပေါ်ရှိ ဆင်ဒီယန်ကျေးရွာနှင့် နန်နွမ်းကျေးရွာကြား ရင်ကွဲတောင် အဆင်းတွင် လက်လုပ်ရီမုမိုင်း တပ်ဆင်နေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် မိုင်းထောင် တပ်ဆင်နေသူနှစ်ဦးမှာ ဝမ်းဗိုက်ကွဲ၍ ပွဲချင်းပြီးသေဆုံးကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း ယခုကဲ့သို့ ပေါက်ကွဲမှုများ ယခုရက်ပိုင်း မကြာခဏ ဆိုသလို ဖြစ်ပွားနေသည့်အတွက် ရပ်ကွက်၊ ကျေးရွာနှင့် ပတ်ဝန်းကျင်တွင် မသင်္ကာသူများ တွေ့ရှိပါက ပြည်သူလူထုအနေနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်ရာ ရဲစခန်းများသို့ အကြောင်းကြားပေးရန် လိုအပ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

R-06