News

POST SECTION

2020-ELECTION

05-Nov-2020
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောဆိုချက်သည် လာမည့်ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတသောရွေးကောက် ပွဲဖြစ်ရန် အထောက်အကူမပြုသည့်အပြင် မတည်မငြိမ်ဖြစ်စေရေးကို အားပေးရာ ရောက်နေကြောင်း နိုင်ငံတော်သမ္မတရုံးက သတိပေးပြောကြားလိုက်သည်။
05-Nov-2020
Stay at Home အဖြစ် သတ်မှတ်ထားသော မြို့နယ်များအပါအဝင် အခြားမြို့နယ်များမှ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ပြီး ကြိုတင်ဆန္ဒမဲ မပေးရသေးသော မဲဆန္ဒရှင်များ အားလုံးမဲရုံသို့ သွားရောက်မဲပေးကြရန် တိုက်တွန်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၄ ရက်နေ့စွဲဖြင့် တိုက်တွန်းနှိုးဆော်ထားသည်။
05-Nov-2020
ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံအသီးသီး၌ အသုံးပြုမည့် UEC အမှတ်တံဆိပ်ပါ ဆန္ဒပြုအမှန်ခြစ် တံဆိပ် တုံးများကို လက်ကိုင်တွင် ကြိုးအသေးဖြင့် ခိုင်မာစွာချည်နှောင်၍ လျှိုဝှက်ဆန္ဒပြုခန်း၏ ဘေးစက္ကူနံရံကိုဖောက်ပြီး ခိုင်မာစွာချည်နှောင်ထားရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားကြောင်း သိရသည်။
04-Nov-2020
မမှန်ကန်သော သတင်းများ၊ အခြေအမြစ်မရှိသော သတင်းအချက် အလက်များ ပြောဆို၊ ရေးသား၊ ဖြန့်ချိခြင်း များပြုလုပ်ခြင်းသည် ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန်၊ ရွေးကောက်ပွဲပျက်ပြားစေရန် လုပ်ဆောင်ရာရောက်သည့် အတွက် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဃ)နှင့် ငြိစွန်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
04-Nov-2020
နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အင်အားစုများ၊ အဖွဲ့အစည်းများအနေဖြင့် မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများအပေါ် မလျော်သြဇာ အသုံးပြုကာ ဖိအားပေး ခြင်း၊ အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်းများကိုရှောင်ရှားပြီး ဆရာ၊ ဆရာမများ၏ လိုအပ်ချက်ကို ကူညီဖြည့်ဆည်းပေးကြ ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမ များအဖွဲ့ချုပ်က တိုက်တွန်းကြောင်း နိုဝင်ဘာလ ၃ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။
04-Nov-2020
"အခြားပါတီက သုံးယောက်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာ ရရှိထားတာတောင် ကျန်ပါတီကတစ်ယောက်ကို တပ်မတော်ဘက်က ထောက်ခံခဲ့မယ်ဆိုရင် အဲဒီတစ်ယောက်ထဲကပဲ ဒေသဦးစီး ဖြစ်သွားမှာ သေချာပါတယ်"
03-Nov-2020
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အုဖ္ပိုလ်အိုင်ကျေးရွာအုပ်စု အုဖ္ပိုလ်အိုင်ရွာက အ.မ.က (မူလွန်)ကျောင်းရှိ အသက် ၆၀ နှစ်အထက်များအတွက် ဖွင့်ထားသည့် ကြိုတင်မဲပေးရုံမှ ဆန္ဒပြုမဲတံဆိပ်တုံးနှစ်တုံး ပျောက်ဆုံးသွားသည့်အတွက် အုဖ္ပိုလ်အိုင်ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြို့လွင်က တန့်ဆည်မြို့မရဲစခန်းတွင် နိုဝင်ဘာ ၂ ရက်က ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှသိရသည်။
03-Nov-2020
မန္တလေးမြို့တော်၊ ချမ်းအေးသာစံမြို့နယ် ၇၃ လမ်းနှင့် ၂၆ လမ်းထောင့် မီးပွိုင့်၌ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက အမျိုးဘာသာသာသနာ စောင့်ရှောက်သူကို မဲပေးကြမည်စာတမ်းပါ စတစ်ကာကမ်ပိန်း ပြုလုပ်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားသူနှစ်ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။
03-Nov-2020
၂၀၂၀ ပြည့်နှစ်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးခြင်းရပ်နားရမည့် ကာလအချိန်မှ စတင်ပြီးလူမှုကွန်ရက်စာမျက်နှာတို့တွင် မဲဆွယ်စည်းရုံးရာရောက်သည့် ပို့စ်များ၊ အကြောင်းအရာများမတင်ကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။
03-Nov-2020
လာမည့်လွှတ်တော်များတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် အများဆုံးပါဝင်နိုင်ရေးအတွက် ခရမ်းရောင်စက်ဝိုင်းပုံ ရင်ထိုးများဝေငှသည့်ကမ်းပိန်းကို ချောက်မြို့‌ရှိ လူစည်ကားရာနေရာများဖြစ်သော မြို့မဈေးနှင့် ချောက်ဘက်ဈေးတို့တွင် နိုဝင်ဘာ ၃ ရက်နေ့နံနက်က ပြုလုပ်ခဲ့ကြသည်။
03-Nov-2020
ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက် မဲရုံအမှတ် ၃ တွင် ကြိုတင်မဲကောက်ခံရာ၌ ကြံ့ခိုင်ရေးပါတီ၏ မဲရုံကိုယ်စားလှယ်တစ်ဦးက UEC တံဆိပ်မပါသည့် တံဆိပ်တုံးဖြင့် ကြိုတင်မဲပေးခဲ့ကြောင်း ယင်းရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။
03-Nov-2020
မိတ္ထီလာမြို့ရှိ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် အသက် ၆၀ နှစ်အထက် မဲဆန္ဒရှင်များကို အောက်တိုဘာ ၂၉ ရက် နိုဝင်ဘာ ၃ ရက်နေ့အထိ ကြိုတင်မဲပေးခွင့်ရှိသူ စုစုပေါင်းအရေအတွက်၏ လေးပုံတစ်ပုံခန့် ဆန္ဒမဲပေးပြီးဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးဇော်ဝင်းက ပြောကြားသည်။
03-Nov-2020
အထွေထွေ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး မဲပေးနိုင်ကြဖို့ ရက် ပိုင်းပဲ လိုပါတော့တယ်။ အခုဆိုရင် နိုင်ငံတစ်ဝန်းလုံးမှာ ကြိုတင်မဲပေးခွင့်ရပုဂ္ဂိုလ်တွေအနေနဲ့လည်း ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ကြိုတင်မဲတွေ ပေးနေကြပြီး ဒီလိုကြိုတင်မဲပေးခြင်းတွေနဲ့ပတ်သက်လို့လည်း အချို့သော မဲဆန္ဒနယ်တွေက ကြိုတင်မဲတွေဟာ ခိုင်လုံမဲ တွေဖြစ်မှ ဖြစ်ရဲ့လား၊ ပယ်မဲတွေများဖြစ်သွားပြီလား ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိနေကြတာကိုလည်း ကြားသိ နေရပါတယ်။ ယခုအချိန်ဟာ ကျွန်မတို့နိုင်ငံသား တွေအဖို့ ငါးနှစ်မှ တစ်ကြိမ်သာရရှိတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးခွင့်ကို အကျိုးရှိရှိ ခံစားနိုင်အောင် မဲပေးခြင်းနဲ့ သက်ဆိုင်တဲ့ ခိုင်လုံမဲနဲ့ ပယ်မဲအကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေအတွက် လာမယ့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့ ရောက်ရင် မဲရုံတွင်းမှာ မဲဘယ်လို ပေးရမလဲဆိုတဲ့ သိကောင်းစရာ တွေကို လေ့လာထားသင့်တဲ့ အချိန် ကောင်းတစ်ခုပါ။
03-Nov-2020
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အမှားများ၊ ချို့ယွင်းချက်များနှင့် ပတ်သက်၍ တိတိကျကျပြောပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
03-Nov-2020
ယခုလာမည့် အထွေထွေရွေးကောက်ပွဲတွင် မကျင်းပနိုင်သည့် မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲ တစ်ရပ်ကို လုံခြုံစွာကျင်းပနိုင်မည်ဟု မျှော်လင့်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။