News

POST SECTION

2020-ELECTION

07-Nov-2020
ရွေးကောက်ပွဲနီးလာချိန်မှာ ဦးဝီရသူထွက်ပေါ်လာမှုနဲ့ တပ်ချုပ်ရဲ့ပြောဆိုမှုတွေဟာ ရွေးကောက်ပွဲကို ကသိကအောက် ဖြစ်အောင်လုပ်တာလို့ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က သုံးသပ်ပြောဆိုခဲ့ပါတယ်။
06-Nov-2020
ဗိုလ်ချုပ်မှုးကြီး ငြိမ်း ဦးသန်းရွှေ ကိုယ်တိုင် ယနေ့ ညနေပိုင်းက ကြိုတင်မဲပေးခဲ့ကြောင်း နေပြည်တော် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းထွေး ကပြောသည်။
06-Nov-2020
မကွေးတိုင်း အောင်လံမြို့ ရွာထောင်ရပ်ကွက်မှ ကြိုတင်မဲပုံးကို နိုဝင်ဘာ ၄ ရက်နေ့က ရဲစခန်းသို့ ပို့ဆောင်စဉ်မိုးမိသဖြင့် ကြိုတင်မဲ ၁၅၂ မဲ ပျက်စီးခဲ့ကြောင်း မကွေးတိုင်းမဲဆန္ဒနယ်-၁၂ မှ အမျိုးသားလွှတ်တော်ကိုယ်စားလောင်း ဦးမြတ်ကိုက ပြောကြားသည်။
06-Nov-2020
မိတ္ထီလာမြို့နယ် ရေချိုကျေးရွာ အမှတ် ၁ မဲရုံ၌ နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်က ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်တို့က လုံခြုံရေးကြိုးတပ်ထားသော မဲပုံးသုံးပုံးကို မဲရုံကိုယ်စားလှယ်များက တားမြစ်နေသည့်ကြားမှ ကားပေါ်တင်ကာ မိတ္ထီလာမြို့တွင်းရှိ အ.ထ.က(၁) Quarantine သို့ သွားခဲ့သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့်အငြင်းပွားမှုဖြစ်ခဲ့ကြောင်း ယင်းပါတီ ရပ်မိရပ်ဖအဖွဲ့ဝင်များထံမှ သိရသည်။
06-Nov-2020
မကွေးတိုင်း၊ ချောက်မြို့နယ် ဆားလယ်ကျွန်းကျေးရွာအုပ်စု၊ ဆားလယ်ကျွန်းကျေးရွာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကိုအရေးယူပေးရန် ကျေးရွာသားတစ်ဦးက နိုဝင်ဘာ ၅ ရက်နေ့ည ၁၀ နာရီဝန်းကျင်တွင် လာရောက်အမှုဖွင့်ခဲ့သည်ဟုချောက်မြို့နယ် စလေနယ်မြေရဲစခန်းထံမှ သိရသည်။
05-Nov-2020
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ပေါက်ကုန်းစွန်းကျေးရွာအုပ်စု၌ အောက်တိုဘာလ ၄ ရက်နေ့က ကြိုတင်ဆန္ဒမဲလက်မှတ်များ မှားယွင်း ထုတ်ပေးမှုအပေါ် ပါတီအချို့က ပယ်မဲအဖြစ်သတ်မှတ်ပေးရန် တင်ပြခဲ့ကြောင်း ယင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
05-Nov-2020
လာမည့်နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ မဲဆန္ဒရှင် သုံးသောင်းကျော်အတွက် မဲရုံ ၄၈ ရုံဖွင့်ပေးမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
05-Nov-2020
ပြည်ထောင်စုနေ့စဉ်သတင်းစာ၏ သတင်းထောက်များအနေဖြင့် သတင်းမီ‌ဒီယာကတ်ထုတ်ပေးထားသည့် ကြံ့ခိုင်ရေးပါတီဝင်များကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲနေ့တွင် သတင်းယူခွင့်ပြုလိုက်ကြောင်း ချောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရသည်။
05-Nov-2020
ချောက်မြို့တွင် Quarantine ဝင်နေသူများ၊ ဆေးရုံတက်နေရသည့်လူနာများနှင့် အချုပ်သားများထံမှ ကြိုတင်ဆန္ဒမဲကောက်ယူခြင်းလုပ်ငန်းကို နိုဝင်ဘာလ ၄ ရက်နေ့ကဆောင်ရွက်ခဲ့သည်ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးထံမှ သိရသည်။
05-Nov-2020
လာမည့်နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မိတ္ထီလာမြို့နယ်ရှိ မျက်မမြင်မဲဆန္ဒရှင်များအတွက် မဲရုံနှစ်ရုံထားရှိမည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်ခွဲ ဥက္ကဋ္ဌ ဦးဇော်ဝင်း ကပြောကြားသည်။
05-Nov-2020
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ အမှတ်-၃ ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်တွင် ကြိုတင်မဲပေးခြင်းနှင့် မဲပုံးသိမ်းဆည်းထားမှုကို SNLD ကိုယ်စားလှယ်လောင်းက ကန့်ကွက်ခဲ့သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီထံမှ သိရသည်။
05-Nov-2020
ရွေးကောက်ပွဲအပြီး အောင်နိုင်ရေးရလဒ်တွင် ရာနှုန်းပြည့်အနိုင်မရရှိပါကလည်း ဒေါသမထားရန်နှင့် ပြဿနာမရှာရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကပြောကြားလိုက်သည်။
05-Nov-2020
လာမည့် ရွေးကောက်ပွဲတွင် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ လက်ရှိအာဏာရပါတီ NLD၊ ပြည်ခိုင်ဖြိုးပါတီ၊ သူရရွှေမန်း၏ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ(UBP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (အိုးစည်ပါတီ)၊ ဓနု အမျိုးသားများအဖွဲ့ချုပ်ပါတီ(DANU) တို့မှ ရွေးချယ်ထားသော ကိုယ်စားလှယ်လောင်းများက ဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသာ တစ်သီးပုဂ္ဂလအဖြစ် ဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။
05-Nov-2020
နိုင်ငံတော်သမ္မတရုံးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်များသည် ရွေးကောက်ပွဲမတည်မငြိမ်ဖြစ်စေရန် အားပေးနေဟု သတင်းစာရှင်းလင်းပြောကြားခဲ့ပြီးနောက် တပ်မတော်ကလည်း အဆိုပါ ပြောကြားချက်များကို ပြန်လည်ချေပသည့် ထုတ်ပြန်ချက်တစ်စောင်ကို နိုဝင်ဘာလ ၅ ရက်နေ့က ပြန်လည်ထုတ်ပြန်ခဲ့သည်။
05-Nov-2020
မန္တလေးတိုင်းတွင် အသက် ၆၀ နှစ် အထက် ကြိုတင်မဲပေးခွင့်ရှိသူ ခုနစ်သိန်း ကျော်အနက် သုံးသိန်းကျော် ကောက်ခံခဲ့ ပြီဖြစ်ကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။