News

POST SECTION

2020-ELECTION

01-Jul-2020
လာမည့် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေများထုတ်ပြန်ခဲ့ရာ မန္တလေးတိုင်း‌အတွင်း အမျိုး သားလွှတ်တော်‌နေရာအချို့ အပြောင်းအလဲရှိခဲ့ကြောင်း မန္တ‌လေးတိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှသိရသည်။
30-Jun-2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် COVID-19 ကပ်ရောဂါကာလတွင် ကျင်းပမည်ဖြစ်သဖြင့် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အခက်အခဲဖြစ်ကြောင်း အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ဝင်းက The Voice Daily သို့ ပြောကြားသည်။
30-Jun-2020
တိုက်ပွဲများဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာသည်။
29-Jun-2020
COVID-19 ကြောင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် စည်းရုံးရေးလုပ်ငန်းစဉ်များတွင် အခက်အခဲများစွာရှိလာမည်ကို ပါတီငယ်အချို့က စိုးရိမ်နေကြသည်။
29-Jun-2020
လာမည့် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှုရှိရေးအတွက် တပ်မတော်မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
28-Jun-2020
ပြည်သူ့ရှေ့ဆောင်ပါတီအနေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ်မြေ ထက်ဝက်ခန့်တွင် ယှဉ်ပြိုင်ရန်ရည်ရွယ်ထားကြောင်း ယင်းပါတီ ဗဟိုတွဲဖက် အထွေထွေအတွင်းရေးမှူး မန္တလေးတိုင်း တာဝန်ခံ ဒေါက်တာမျိုးဆက်သွေးက ပြောကြားသည်။
28-Jun-2020
“ရွေးကောက်ပွဲမှာ နိုင်ဖို့အဓိကပဲ။ နိုင်ဖို့ဆိုတာ တရားသဖြင့်ပြိုင်မယ်။ တရားသဖြင့် နိုင်ရမယ်။ မတရားသဖြင့် အနိုင်ယူမှာမဟုတ်ဘူး”
25-Jun-2020
၂၀၂၀ ရွေးကောက်ပွဲတွင် အလုပ်သမားအရေးဆောင်ရွက်သူများက စက်ရုံ၊ အလုပ်ရုံများရှိရာ မြို့နယ်များတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အလုပ်သမားအဖွဲ့အစည်းများထံမှ သိရသည်။
24-Jun-2020
မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ်မြေများတွင် ကိုယ်စားလှယ်လောင်းဦးရေ ၃၀ ဦးဝန်းကျင်ဖြင့် ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း မန္တလေးတိုင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကျော်စိုးက ပြောကြားသည်။
24-Jun-2020
တပ်ပြင်မဲရုံတွေကိစ္စနှင့် ပတ်သက်၍ တပ်မတော်အနေနှင့် ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်မည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
24-Jun-2020
တပ်မတော်တပ်ရင်းတပ်ဖွဲ့များအတွင်း နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံး ခွင့်ပြုမည်မဟုတ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
22-Jun-2020
၂၀၂၀ ရွေးကောက်ပွဲတွင် ရွှေ့ပြောင်းအလုပ်သမားအရေးကိစ္စသည် စိုးရိမ်စရာဖြစ်ကြောင်း ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးခွန်းဘီထူးက The Voice Daily သို့ ပြောကြားသည်။
22-Jun-2020
ကယားပြည်နယ် ဝန်ကြီးချုပ်ဦးအယ်ဖောင်းရှိုသည် လွိုင်ကော်မြို့၌ ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူမှုကြောင့် ဌာနေတိုင်းရင်းသားများ၏ ဝေဖန်မှုခံနေရသော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်မည်ဟု လွိုင်ကော်ဒေသခံ နိုင်ငံရေးသမားများထံမှ စုံစမ်းသိရှိရသည်။
22-Jun-2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)ပါတီက တိုင်းနှင့် ပြည်နယ် ၁၂ ခုတွင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၅၀ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက The Voice Dailyသို့ ပြောကြားသည်။