News

POST SECTION

2020-ELECTION

09-Nov-2020
တနင်္သာရီတိုင်းအတွင်းက မြို့နယ် ၁၀ ခုမှာ NLD ပါတီက တိုင်းလုံးကျွတ်ရာနှုန်းပြည့်အနိုင်ရခဲ့တယ်လို့ တနင်္သာရီတိုင်းဒေသကြီးက လက်ရှိကျွန်းစု မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါ်တင်တင်ရီက ပြောကြားသည်။
09-Nov-2020
၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်၌ အစိုးရအသစ်ဖွဲ့နိုင်သည့် အရေအတွက်ထက် ပိုမိုကျော်လွန်သည့် အရေအတွက်ထက် အနိုင်ရခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြောကြားလိုက်သည်။
09-Nov-2020
ဒီနေ့ ရေတွက်ပြီးတဲ့ မဲစာရင်းရလဒ်အရ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်မှာ တအာင်း(ပလောင်)အမျိုးသားပါတီ (TNP)က လွှတ်တော် ၃ ရပ်စလုံးမှာ အနိုင်ရရှိခဲ့ပါတယ်။
09-Nov-2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD )မှ ၃၁နေရာနှင့် မွန်ညီညွတ်ရေးပါတီ (MUP)မှ ၁၁နေရာ အနိုင်ရရှိခဲ့ကြောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည့်ပါတီများထံမှ သိရသည်။
09-Nov-2020
နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် နေထိုင်ကြသည့် တိုင်းရင်းသားများအနေနှင့် ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းရင်းသားရေးရာဝန်ကြီးရာထူးများကို မဲပေးခွင့်မရခဲ့သည့် အခြေအနေများနှင့် ကြုံတွေ့ခဲ့ရကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။
09-Nov-2020
ကပ်ရောဂါကာလ လူမှုစီးပွားအကျပ်အတည်းများကြောင့် ရွေးကောက်ပွဲမတိုင်ခင်ကာလများအတွင်း ဆန္ဒမဲပေးမည့်ကိစ္စအပေါ် ပြည်သူလူထု၏ စိတ်ပါဝင်စားမှုလျော့နည်းနေသည်ဟု နိုင်ငံရေးလေ့လာ သူများ၏ အကဲဖြတ်ချက်များရှိသော်လည်း အမှန်တကယ် မဲပေးရသည့်နေ့တွင် မဲရုံသို့ ပြည်သူများ စိတ်ပါလက်ပါဖြင့်လာရောက်ခဲ့ကြသည်ကို တွေ့ရသည်။
09-Nov-2020
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်နှင့် ကျောက်တံခါးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာတွင် NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါက်တာဝင်းမြတ်အေး ရွေးကောက်ပွဲတွင် အနိုင်ရကြောင်း ယင်းပါတီထံမှ သိရသည်။
09-Nov-2020
ကျင်းပပြီးစီးခဲ့သည့်၂၀၂၀ ခုနှစ် အထွေထွေ ရွေး ကောက်ပွဲတွင် လက်ရှိ အာဏာရပါတီ NLD ပါတီက ဝင်ရောက်ရွေးချယ်ခံပါ ဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်တာဝန်မှရပ်နားခံခဲ့ ရသည့် ကယားဝန်ကြီးချုပ်ဟောင်းတို့ နှစ်ဦးလုံး ပြိုင်ဘက်ပါတီများကို မဲ အ သာနှင့် အနိုင်ရရှိခဲ့သည်ဟုယင်းတို့နှင့်နီးစပ်သူများထံမှ သိရသည်။
09-Nov-2020
ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခြားပါတီများအား မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။
09-Nov-2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့နယ်တွင် မဲဆန္ဒနယ် လေးနေရာအနက် NLD ပါတီမှ ၃ နေရာ အနိုင်ရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရွေး/ ကော်ထံမှ သိရသည်။
09-Nov-2020
ပြိုင်ဆိုင်မှုပြင်ထန်းသော မိတ္ထီလာမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် လေးနေရာစလုံးအနိုင်ရခဲ့ကြောင်း ပါတီမှတာဝန်ရှိသူများ၊သက်ဆိုင်ရာကိုယ်စားများနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာ သော အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။ မိတ္တီလာမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၅၉,၀၀၀ ကျော်ရှိသည့်အနက် ၁၆၇,၀၀၀ ကျော် လာရောက်မဲပေးခဲ့သည်ဟု ခရိုင်ကော်မရှင်အဖွဲ့၏စာရင်းများအရ သိရသည်။
08-Nov-2020
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ရေးမြို့နယ် အစင်စံပြကျေးရွာရှိ မဲရုံအမှတ်-၆ (ဓမင်းကုန်း) မဲရုံသို့ ကြံ့ခိုင်ရေးပါတီ မဲရုံကိုယ်စားလှယ်တာဝန်ယူထားသည့် အမျိုးသမီးသည် UEC တံဆိပ်တုံးအတုယူဆောင်လာခဲ့သည်ကို စစ်ဆေး‌တွေ့ရှိခဲ့သောကြောင့် အမှုဖွင့်ထားကြောင်း ရေးမြို့နယ် ‌ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး‌ညီသွေးက ပြောကြားသည်။
08-Nov-2020
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ဒီနေ့ကျင်းပတဲ့ အထွေ‌ထွေရွေးကောက်ပွဲမှာ သတင်းသမားတွေကိုသတ်မှတ်ထားတဲ့ ကိုက်(၅ဝဝ)ကနေသာ သတင်းဓာတ်ပုံတွေကို ရိုက်ကူးခွင့်ပြုပါတယ်။
08-Nov-2020
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရခိုင်တိုင်းရင်းသားလူမျိုးအချို့တွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးမဲဆန္ဒနယ် နေရာမဲပေးခွင့်မရကြကြောင်း တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ ဒေါ်ထုမေ၏ ရွေးကောက် ပွဲအောင်နိုင်ရေးကမ်ပိန်း အဖွဲ့က ပြောကြားသည်။