News

POST SECTION

2020-ELECTION

11-Nov-2020
မကွေးတိုင်းဒေသကြီး၊မကွေးမြို့ အိုင်ကြီးကုန်းကျေးရွာအုပ်စု ယင်းမာတောကျေးရွာတွင် မဲရုံတာ၀န်ကျသော ကျောင်းဆရာမတစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိသဖြင့် ၎င်းကျေးရွာအား အသွားအလာကန့်သတ်သည့်နေရာအဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည်။
10-Nov-2020
ပဲခူးတိုင်း တောင်ငူခရိုင်အတွင်း ပါဝင်သည့် မြို့နယ်ခြောက်ခု၌ ရွေးကောက်ပွဲနှင့်ဆိုင်သည့် တိုင်ကြားစာတစ်စောင်သာ ရှိသည်ဟု တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
10-Nov-2020
ကိုဗစ်ရောဂါဖြစ်ပွားနေချိန်တွင် ရွေးကောက်ပွဲကျင်းပခဲ့ရသောကြောင့် မဲရုံတွင်တာဝန်ထမ်းဆောင်ရမည့်သူများကို အချိန်ယူကာ သင်တန်းမပေးနိုင်ခဲ့၍ အမှားအယွင်းများရှိနိုင်ကြောင်း မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးမျိုးမင်းထိုက်က ပြောကြားသည်။
10-Nov-2020
ရန်ကုန်တိုင်းမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါ်ထုမေဟာ အနိုင်ရရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
10-Nov-2020
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှေ့တွင် နိုဝင်ဘာလ ၁၀ ရက် နေ့လည် ၁၂ နာရီခန့်က လူအင်အား တစ်ရာခန့်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နုတ်ထွက်ပေးရန် ဆန္ဒထုတ်ဖော်မှုဖြစ်ပွားခဲ့သည်။
10-Nov-2020
၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ထွက်ပေါ်လာသည့် ရွေးကောက်ပွဲ ရလဒ်များ၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်သည်ဟု သတ်မှတ်ချက်အပေါ် လုံးဝလက်ခံယုံကြည်မှုမရှိကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က ထုတ်ပြန်ထားသည်။
10-Nov-2020
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် တရားမဲ့ပြုကျင့်မှုများ၊ ဥပဒေနှင့် ညီညွတ်ခြင်းမရှိမှုများ၊ အငြင်းပွားဖွယ်ရာကိစ္စများ ရရှိထားပါက ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံးသို့ ပေးပို့ပေးကြရန် ပါတီဥက္ကဋ္ဌဦးသန်းဌေးက ပြောကြားသည်။
10-Nov-2020
ရှမ်းပြည်နယ်တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အနေဖြင့် ၄၂ နေရာခန့် အနိုင်ရရှိထားကြောင်း ယင်းပါတီထံမှ သိရသည်။
10-Nov-2020
မြန်မာအစိုးရအနေနှင့် ရွေးကောက်ပွဲဥပဒေမူဘောင်ကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အကောင်းဆုံးအလေ့အထများနှင့်အညီ မွမ်းမံပြင်ဆင်ရန် တိုက်တွန်းလိုကြောင်း ဥပရောပသမဂ္ဂ (EU) က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
10-Nov-2020
ရွေးကောက်ပွဲတွင် အမှန်တကယ် တာဝန်ထမ်းဆောင်ခဲ့သော ဆရာ၊ ဆရာမများသာ ဂုဏ်ပြုချီးမြှင့်မှုခံရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန၏ ညွှန်ကြားချက်အရ သိရသည်။
09-Nov-2020
ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် NLD ပါတီက မဲအနိုင်ရခဲ့သည်။
09-Nov-2020
ရှမ်းပြည်နယ်၊ ဖယ်ခုံမြိ့နယ် အခြေစိုက်ပါတီတစ်ခုဖြစ်သည့် ကယန်းအမျိုးသားပါတီအနေဖြင့် ရှမ်းပြည်နယ် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ် တစ်နေရာအနိုင်ရရှိထားကြောင်း ယင်းပါတီထံမှ သိရသည်။
09-Nov-2020
ပဲခူးတိုင်းအရှေ့ခြမ်းနှင့် အနောက်ခြမ်းရှိ မြို့နယ်အားလုံးတွင် NLD ပါတီက အနိုင်ရရှိခဲ့သည်ဟု တိုင်းအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးထွန်းထွန်းဦးက ပြောကြားသည်။
09-Nov-2020
မန္တလေးတိုင်း မိတ္ထီလာခရိုင်တွင် ဆန္ဒမဲပေးသူ ၈၀ ရာခိုင်နှုန်းနီးပါးရှိပြီး မဲလာပေးခဲ့သည့်အရေအတွက်မှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် ပိုများကြောင်း မိတ္ထီလာခရိုင်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းထိုက်က ပြောကြားသည်။
09-Nov-2020
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်နှင့် ကျောက်တံခါးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာတွင် NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါက်တာဝင်းမြတ်အေး ရွေးကောက်ပွဲတွင် အနိုင်ရကြောင်း ယင်းပါတီထံမှ သိရသည်။