News

POST SECTION

2020-ELECTION

14-Nov-2020
၂၀၂၀ ပြည့်နှစ်၊ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနှင့် ပြည်ထောင်စုလွှတ်တော်တွင် အမတ်နေရာပေါင်း ၃၉၆ နေရာရရှိခဲ့ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံမှ သိရသည်။
12-Nov-2020
ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမဲရလဒ်နှင့် ပတ်သက်၍ လက်ရှိသံသယဖြစ်မှု၊ အငြင်းပွားမှုများအား ဖြေရှင်းနိုင်ရေးအတွက် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော အဖွဲ့စည်းများပါဝင်သည့် လွတ်လပ်သော စုံစမ်းစိစစ်ရေးကော်မရှင် တစ်ရပ်ကို ၇ ရက်အတွင်း ဖွဲ့စည်းပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၆ ပါတီက ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်၍တောင်းဆိုလိုက်သည်။
12-Nov-2020
ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နေရာများကို လုံခြုံစွာကျင်းပနိုင်ပါက အမြန်ဆုံးပြန်လည် ကျင်းပပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။
12-Nov-2020
ကြံ့ခိုင်ရေးပါတီ၏ ဆရာ၊ ဆရာမများအပေါ်မှားယွင်းသည့်စွပ်စွဲပြောဆိုမှုနဲ့ ပတ်သက်၍ မီဒီယာများအရှေ့တွင် တရားဝင်ပြန်လည်တောင်းပန်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ပြောကြားလိုက်သည်။
12-Nov-2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည့်အဖွဲ့မှ သုံးဦးကို ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
12-Nov-2020
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်အတွင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် နိုင်ငံရေးပါတီကိုးခုမှ ကိုယ်စားလှယ်လောင်းများ အရွေးချယ်ခံကြရာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက အနိုင်ရခဲ့ကြောင်း လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရ သည်။
12-Nov-2020
မြန်အောင်မြို့နယ်တွင် ပြည်ပသို့ရောက်ရှိနေသော အစ်မဖြစ်သူ၏ကိုယ်စား ဆန္ဒမဲပေးခဲ့သည့် အမျိုးသမီးကို ရွေးကောက်ပွဲဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
11-Nov-2020
နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ၏ ၇၀ ရာခိုင်နှုန်းခန့် မဲလာပေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။
11-Nov-2020
ရွေးကောက်ပွဲ ကော်မရှင်ကို ဆန္ဒလာပြသည့်ကိစ္စသည် ဝမ်းသာစရာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားလိုက်သည်။
11-Nov-2020
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြုလုပ်သော ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အပေါ် ကန့်ကွက် သည့် သတင်းစာရှင်းလင်းပွဲတွင် လာရောက်သတင်းယူကြသော သတင်း သမားများကို ပါတီဝန်းရံသူအချို့မှ ရိုင်းစိုင်းစွာ ပြောဆိုခဲ့သည်။
11-Nov-2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) အနေဖြင့် ကချင်ပြည်နယ်တွင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးတစ်နေရာ နှင့် ရှမ်းပြည်နယ်တွင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးတစ်နေရာတို့ကို အနိုင်ရရှိထားကြောင်း ယင်းပါတီထံမှ သိရသည်။
11-Nov-2020
နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲရဲ့ မဲရလဒ်အရ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွက် အမျိုးသားလွှတ်တော်အမတ်နေရာကို တအာင်း(ပလောင်)အမျိုးသားပါတီ (TNP)က အသာစီးရနေပါတယ်။
11-Nov-2020
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်မှာ တအာင်း(ပလောင်)အမျိုးသားပါတီ (TNP)က ၁ နေရာနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုေးရးပါတီ (USDP)တို့က ၃ နေရာမှာ အနိုင်ရရှိခဲ့ပါတယ်။