News

POST SECTION

2020-ELECTION

17-Jul-2020
လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ မိတ္ထီလာခရိုင်အတွင်း၌ လက်ရှိအချိန်အထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်းခုနစ်သိန်းသုံးထောင်ကျော်ရှိကြောင်း မိတ္ထီလာခရိုင်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းထိုက်က ပြောကြားသည်။
17-Jul-2020
ရွေးကောက်ပွဲလုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက အထူးရဲတပ်ဖွဲ့ဝင်လေးသောင်းခန့်ခန့်ထားသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က ပြောကြားသည်။
16-Jul-2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူတို့၏ အခြေခံ မဲဆန္ဒရှင်စာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့ထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကာ ကြေညာသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
16-Jul-2020
ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ-UBP က ပဲခူးတိုင်းတစ်တိုင်းလုံးရှိ မဲဆန္ဒနယ်အားလုံးတွင် ဝင်ယှဉ်ပြိုင်မည်ဟု ယင်းပါတီ ပဲခူးတိုင်းဥက္ကဋ္ဌ ဦးကျော်ဆန်းက ပြောကြားသည်။
16-Jul-2020
ဒေါ်အောင်ဆန်းစုကြည်အနေနှင့် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရ သီရိမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဆိုသောသတင်း အတည်မဟုတ်သေးကြောင်း NLD ပါတီဗဟိုမှ ပြန်ကြားရေး ကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ပြောကြားသည်။
16-Jul-2020
တပ်မဲစာရင်းများ ရရှိပြီဖြစ်သဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်း အဆင့် မြှင့်တင်မှုများပြုလုပ်နေပြီဖြစ်ကြောင်း မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှသိရသည်။
14-Jul-2020
ဧရာ၀တီတိုင်း ဝါးခယ်မမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံး ပါတီတာဝန်မှရပ်နားခံရကြောင်း ယင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ထံမှသိရသည်။
12-Jul-2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် မိမိဒေသကို အမှန်တကယ် လုပ်ပေးနိုင်သူများကိုသာ မဲပေးစေလို ကြောင်း မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်၊ လူငယ်တာဝန်ခံ မိစန္ဒီနွန်က ပြောကြားသည်။
11-Jul-2020
ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးသည် တိုက်ရိုက်အချိုးကျသည်ဟု ပြောဆို၍ရကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ(၁) ဦးစောမြတ်ထွဋ်ဝင်းက The Voice Daily သို့ ပြောကြားသည်။
10-Jul-2020
ပဲခူးတိုင်းသာယာဝတီခရိုင် နတ်တလင်းမြို့နယ်မှ လယ်သမားအရေးနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်သည့် ကိုသန့်ဇင်ထက်ဆိုသူသည် လာမည့် ၂၀၂၀ အ‌ထွေ‌ထွေ‌ရွေးကောက်ပွဲတွင် နတ်တလင်းပြည်သူ့လွှတ်တော်နေရာအတွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်‌ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
10-Jul-2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်သူလူထု လက်ခံယုံကြည်သူများကို ရွေးချယ်ထားကြောင်း မွန်ပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဝင်းမော်ဦးက The Voice Daily သို့ ပြောကြားသည်။
10-Jul-2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ထားသည့် အမျိုးသမီးကိုယ်စားလှယ်လောင်းမှာ ၅၀ ရာခိုင်နှုန်းပါဝင်ကြောင်း ကယန်းအမျိုးသားပါတီထံမှ သိရသည်။
09-Jul-2020
သက်တမ်းတစ်နှစ်ပြည့်တော့မည်ဖြစ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ PPP အနေနှင့်ဆိုရှယ်မီဒီယာမှတစ်ဆင့် ပါတီပုံရိပ်ကို မြှင့်တင်နေသည်ဟု ယင်းပါတီဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင်က ဇူလိုင် ၉ ရက်နေ့တွင် ပြောကြားသည်။
09-Jul-2020
၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် မဲစာရင်းထုတ်ပြန်ကြေညာသည့်အချိန်တွင် မဲဆန္ဒရှင်ပြည်သူများအနေနှင့် မိမိအမည်ပါ၊ မပါလာရောက်စစ်ဆေးကြည့်ရှုရန် တိုက်တွန်းကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က တိုက်တွန်းပြောကြားသည်။
08-Jul-2020
၂၀၂၀ ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် အရည်အချင်းတူပါက လူငယ်နှင့်အမျိုးသမီးများကို ဦးစားပေးရွေးချယ်မည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီထံမှ သိရသည်။