News

POST SECTION

2020-ELECTION

19-Mar-2020
နာဂအမျိုးသားပါတီအနေနှင့် နာဂလူမျိုးအများစုနေထိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် အဓိကထား ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးရှုမောင်က The Voice Daily သို့ ပြောကြားသည်။
18-Mar-2020
တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးများကို ရွေးကောက်ပွဲ သတင်းထုတ်ပြန်ရေးစင်တာအဖြစ် အသုံးပြုနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားသည်။
18-Mar-2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မြို့နယ် ၅၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က The Voice Daily သို့ ပြောကြားသည်။
17-Mar-2020
ချင်းတိုင်းရင်းသားများပါတီနှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ ပူးပေါင်းနိုင်ရန် မတ်လ ၂၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ယင်းပါတီများထံမှ သိရသည်။
16-Mar-2020
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရွှေ့ပြောင်းအလုပ်သမားများထံမှ မဲလိုချင်ပါက အလုပ်သမားများကို တည်ဆဲဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးရန်လိုကြောင်း အလုပ်သမားအဖွဲ့အစည်းများက ပြောကြားသည်။
16-Mar-2020
၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေနှင့် ရွေးကောက်ပွဲကာလ အခြေအနေပေါ်မူတည်၍ တိုင်းရင်းသားပါတီများနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းပါတီဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောကြားသည်။
15-Mar-2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မဲဆန္ဒနယ်မြေများတွင် နေရာ ၆၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးငိုင်ဆာ့ခ်က The Voice Daily သို့ ပြောကြားသည်။
15-Mar-2020
စစ်ကိုင်တိုင်းဒေသကြီး ဗန်းမောက်မြို့နယ်တွင် ဖွဲ့စည်းထားသော သျှမ်းနီလူငယ်ကွန်ရက် အသင်းအဖွဲ့မှတ်ပုံတင်ဖြစ်ကြောင်း ယင်းကွန်ရက်ဦးဆောင်သူ အရှင်ဓမ္မာလောက(အလင်းရှင် ဗန်းမောက်)က မိန့်ကြားသည်။
15-Mar-2020
ပြီးခဲ့သည့်ရွေးကောက်ပွဲကာလ အတွေ့အကြုံနှင့် ပြည်သူလူထု၏ တောင်းဆိုဆန္ဒပြုချက်အရ 'ဝ'သုံးပါတီကို ပူးပေါင်းရခြင်းဖြစ်ကြောင်း 'ဝ' လစ်ဘရယ် ဒီမိုကရက်တစ် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးဆိုင်းပေါင်းနပ်က The Voice Daily သို့ပြောကြားသည်။
15-Mar-2020
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် ရှမ်းနီပါတီ (တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ)ညီလာခံကို ဧပြီလ ကုန်ပိုင်းတွင် ၃ ရက်ကျင်းပမည်ဖြစ်ကြောင်း ယင်းပါတီ ဗဟိုကော်မတီဝင် ဒေါ်ထားထားမေက ပြောကြားသည်။
15-Mar-2020
ဒီမိုကရေစီပါတီသစ် (ကချင်) အနေနှင့် ကချင်ပြည်နယ်အထူးဒေသ-၁ အဖြစ်သတ်မှတ်ခံထားရသည့် ဝိုင်းမော် ၊ချီဖွေ ၊ ဆော့လော်မြို့နယ် ၃ ခုတွင် အဓိကထား ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီ ဥက္ကဌ ဦးတိန်ဆောင်က The Voice Daily သို့ပြောကြားသည်။
15-Mar-2020
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေနှင့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၅၁ ရာခိုင်နှုန်းခန့် ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း ယင်းပါတီထံမှသိရသည်။
15-Mar-2020
၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီးတွင် ညွန့်ပေါင်းအစိုးရတစ်ရပ် ပေါ်ပေါက်ရေး ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့အလုပ်သမားပါတီ ဥက္ကဌ ဦးကျော်ဇင်က The Voice Daily သို့ ပြောကြားသည်။
10-Mar-2020
၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် သက်ဆိုင်ရာ မြို့နယ်လူထု၏ အသံကို နားထောင်ပြီး လူမှန်နေရာမှန်ဖြစ်အောင် ရွေးချယ်မည်ဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ပြောကြားသည်။
10-Mar-2020
ဒီမိုကရေစီစနစ် အခြေတည်ခိုင်မာစွာ တည်ဆောက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုပုံဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူများအကျိုးကို ဆောင်ရွက်ပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမေဝင်းမြင့်က တိုက်တွန်းပြောကြားသည်။