03-Nov-2020
အထွေထွေ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး မဲပေးနိုင်ကြဖို့ ရက် ပိုင်းပဲ လိုပါတော့တယ်။ အခုဆိုရင် နိုင်ငံတစ်ဝန်းလုံးမှာ ကြိုတင်မဲပေးခွင့်ရပုဂ္ဂိုလ်တွေအနေနဲ့လည်း ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ကြိုတင်မဲတွေ ပေးနေကြပြီး ဒီလိုကြိုတင်မဲပေးခြင်းတွေနဲ့ပတ်သက်လို့လည်း အချို့သော မဲဆန္ဒနယ်တွေက ကြိုတင်မဲတွေဟာ ခိုင်လုံမဲ တွေဖြစ်မှ ဖြစ်ရဲ့လား၊ ပယ်မဲတွေများဖြစ်သွားပြီလား ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိနေကြတာကိုလည်း ကြားသိ နေရပါတယ်။ ယခုအချိန်ဟာ ကျွန်မတို့နိုင်ငံသား တွေအဖို့ ငါးနှစ်မှ တစ်ကြိမ်သာရရှိတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးခွင့်ကို အကျိုးရှိရှိ ခံစားနိုင်အောင် မဲပေးခြင်းနဲ့ သက်ဆိုင်တဲ့ ခိုင်လုံမဲနဲ့ ပယ်မဲအကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေအတွက် လာမယ့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့ ရောက်ရင် မဲရုံတွင်းမှာ မဲဘယ်လို ပေးရမလဲဆိုတဲ့ သိကောင်းစရာ တွေကို လေ့လာထားသင့်တဲ့ အချိန် ကောင်းတစ်ခုပါ။