News

POST TYPE

2020 ELECTION

SNLD ပါတီ ဥက္ကဋ္ဌအပြောင်းအလဲပြုလုပ်၊ တပ်မတော်က အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်
03-Feb-2021


ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဋ္ဌ ရာထူး အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး တပ်မတော် ၏ နိုင်ငံတော်အာဏာသိမ်းခြင်းကိုလည်း ကန့်ကွက်ကြောင်း SNLD ပါတီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နေ့တွင် တပ်မတော်က နိုင်ငံတော်အာဏာ အား သိမ်းယူလိုက်သည့် လုပ်ရပ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်း ရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းများနှင့် တိုင်းရင်းသားပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများ အား ဆန့်ကျင်ထိခိုက်နေသဖြင့် ပြင်းပြင်း ထန်ထန် ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ လ ၃ ရက်နေ့စွဲဖြင့် SNLD ပါတီက ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးနည်းလမ်းဖြင့် စားပွဲဝိုင်း ပေါ်တွင် ငြိမ်းချမ်းစွာဖြေရှင်းရန် တိုက်တွန်း တောင်းဆိုကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက်အောင်မြင် ချောမွေ့စေရေးအတွက် ဖမ်းဆီးထား သော နိုင်ငံခေါင်းဆောင်များ၊ နိုင်ငံရေး သမားများနှင့် လှုပ်ရှားတကြွ်ကသူများ အားလုံးကို ြွခင်းချက်မရှိ အမြန်ဆုံးပြန်လွှတ် ပေးရန်လည်း SNLD ပါတီက တောင်းဆို ခဲ့သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌအဖြစ် ဦးစိုင်းညွန့်လွင်၊ ဒုဥက္ကဋ္ဌ (၁) အဖြစ် ဦးစိုင်းခမ်းပိုင်ဖ (ခ) ဦးခင်မောင်ညွန့်၊ ဒုဥက္ကဋ္ဌ (၂) အဖြစ် ဦးစိုင်းလှဖေတို့ကို ရွေးချယ်တင်မြှောက် လိုက်အပြီး နာရီဝက်ခန့်အကြာ ယင်း ကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။

SNLD ပါတီ၏ ဥက္ကဋ္ဌဟောင်းဖြစ် သူ ဝါရင့် ရှမ်းနိုင်ငံရေးသမားကြီး ဦးခွန် ထွန်းဦးသည် အသက်အရွယ်ကြောင့် ပါတီ တာဝန်များမှ အနားယူခဲ့ပြီး ပါတီတွင်း ဥက္ကဋ္ဌအပြောင်းအလဲဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ ရလဒ်များနှင့်ပတ်သက်၍ ပြည်သူလူထု ၏ ဆန္ဒသဘောထားအတိုင်း မားမားမတ်မတ် ရပ်တည်သွားမည်ဖြစ်ပြီး မှန်မှန်ကန်ကန် တရားနည်းလမ်းတကျ ယှဉ်ပြိုင်အနိုင် ရရှိထားသည်ကို အသိအမှတ်ပြု လက်ခံ ရန် အခိုင်အမာ တိုက်တွန်းတောင်းဆို ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးသည် နိုင်ငံရေးမှ အနားယူသည်ကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က ကျင်းပပြုလုပ် သော ဗဟိုအလုပ်အမှုဆောင်အစည်း အဝေး၌ လက်ခံကြောင်း သဘောတူ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေအရပ်ရပ်ကြောင့် ပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲကို ပြုလုပ်ရန် လိုအပ်လာသည့်အလျောက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံစည်းမျဉ်း အခန်း(၃)၊ ပုဒ်မ ၇ ပုဒ်မခွဲ (က) (၂) အရ ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ (၁)၊ ဒုဥက္ကဋ္ဌ (၂) တို့ကို ယနေ့ ကျင်းပသော ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးက ရွေးချယ် တင်မြှောက်ခြင်းဖြစ်သည်ဟု ဆိုသည်။

S-08