News

POST TYPE

2020 ELECTION

တောင်ငူ အမက ၁ မူလွန်ကျောင်းမဲရုံသို့ ဖျားနေသူတစ်ဦး မဲလာပေး
08-Nov-2020


တောင်ငူ၊ နိုဝင်ဘာ ၈

ပဲခူးတိုင်း တောင်ငူမြို့နယ် အမှတ် ၁၉ ရပ်ကွက် အမက ၁ မူလွန်ကျောင်းမဲရုံသို့ ယနေ့နံနက် ၉ နာရီခန့်က ဖျာနေသူတစ်ဦး မဲလာပေးခဲ့၍ လူနာတင်ကားဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ လွဲပြောင်းပေးခဲ့ရသည်ဟု မဲရုံတာဝန်ရှိသူများထံမှ သိရသည်။

“အရက်ကလည်း မူးနေတယ်။ကိုယ်ပူ ရှိန်တိုင်းတော့ ဖျားချင်နေတဲ့အတွက် သက်ဆိုင်ရာကိုအသိပေးခဲ့တာ။ လူနာတင်ကားနဲ့ လာခေါ်သွားပြီ”ဟု မဲရုံတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အမျိုးသားသည် အသက်၂၉ နှစ်အရွယ်ရှိပြီး အရက်သေစာသောက်စားလာသည့်အပြင် ရှိသင့်ရှိထိုက်သည့် ကိုယ်အပူချိန်ထက်မြင့်မားနေသည့်အတွက် တောင်ငူဆေးရုံသို့ လွဲပြောင်းပို့‌ဆောင်ပေးလိုက်ရခြင်းဖြစ်သည်။

အမှတ် ၁၉ ရပ်ကွက်ရှိ အ-မ-က မူလွန်မဲရုံမှရောက်လာသ့် အဆိုပါလူနာသည် သာမန်ဖျားရုံသာဖြစ်၍ ဆေးကုသမှုခံယူစေပြီး နောက် ဆေးရုံဆင်းခွင့်ပေးလိုက်သည်ဟု တောင်ငူဆေးရုံကြီးမှ ဆေးလူမှုဆက်ဆံရေးမှူးက ပြောဆိုသည်။

R.02

ဓာတ်ပုံ-ဇေယျာကို