News

POST TYPE

2020 ELECTION

လူငယ်နှင့် ရွေးကောက်ပွဲအလွန် မျှော်လင့်ချက်
29-Oct-2020

အစိုးရကို မေးချင်တဲ့ မေးခွန်းတွေနဲ့ အတူ ရွေးကောက်ပွဲအပေါ် လူငယ်တွေရဲ့ မျှော်လင့်ချက် ဘယ်လို ရှိနေကြပါသလဲ။ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေးတိုးတက်မှုကို လူငယ်တွေ ဘာကြောင့် လိုချင်နေကြတာ ပါလဲ။ လူငယ်တွေရဲ့ အတွေးတွေ၊ လိုလားချက်တွေကို စာဖတ်သူဆီ အရောက်ပို့ပေးဖို့က ကျွန်တော်တို့ ဝိုင်းတော် သားတွေရဲ့ တာဝန်ပါပဲ။ 



ကိုဇင်မျိုးအောင် 
(Process Technician၊ စင်ကာပူ)

စင်ကာပူမှာ ၁၈.၁၀.၂၀၂၀ ရက်နေ့ကို နောက် ဆုံးထားပြီး ကြိုတင်ဆန္ဒမဲ ပေးရတဲ့အတွက် ခုဆိုရင်  မဲပေးတဲ့ရက်ကိုတော့ ကျော်ခဲ့ပါပြီ။ ကျွန်တော် မဲ မပေးခဲ့ပါဘူး။
ရွေးကောက်ပွဲအလွန်က အစိုးရသစ်တစ်ရပ် အပေါ် မျှော်လင့်ချက်က ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု အရတော့ အများကြီးမျှော်လင့်ထားပါတယ်။ ကောင်းမွန်တဲ့ ပညာရေးစနစ် ဖော်ဆောင်နိုင်ရေး၊ မြို့ရွာတိုင်း  ကျောင်းစာကြည့်တိုက်၊ ကျေးရွာစာကြည့်တိုက်တွေ ထူထောင်နိုင်ရေး၊ တောင်သူလယ်သမား၊ အလုပ် သမားတို့ရဲ့ လူမှုဘဝဖူလုံရေးနဲ့ အလုပ်သမား၊ လယ် သမားတို့ရဲ့ အခွင့်အရေး၊ မသန်စွမ်းသူများ၏ အခွင့် အရေး အပြည့်အဝရရှိရေး၊ စီမံကိန်းရေးဆွဲရာမှာ သဘာဝပတ်ဝန်းကျင်ကို အလေးထားပြီး ထည့်သွင်း လုပ်ဆောင်နိုင်ရေး ဒါတွေကို အလေးထားပြီး ဦးစား ပေးအနေနဲ့ ရရှိအောင် လုပ်ဆောင်စေချင်ပါတယ်။  တစ်ဖက်မှာလည်း ၂၀ဝ၈ အခြေခံဥပဒေပြင်ဆင်ရေး (သို့မဟုတ်) ဖျက်သိမ်းရေး၊ အပစ်အခတ် ရပ်စဲရေး၊ တိုင်းရင်းသားအရေး၊ တရားစီရင်ရေးနဲ့ တရားမျှတ ရေးအပိုင်းတွေမှာ အင်တိုက်အားတိုက်လုပ်ဆောင် စေချင်ပါတယ်။ 

ရွေးကောက်ပွဲအလွန်ကာလမှာ ဒီမျှော်လင့် ချက်တွေ အကုန်လုံးတော့ မရနိုင်ပေမဲ့ ကျေနပ်စရာ အပြောင်းအလဲတော့ ဖြစ်လာနိုင်ပါတယ်။ လက်ရှိ အစိုးရ အကောင်အထည်ဖော်မှုအပိုင်းမှာ ရုပ်ပိုင်း ဆိုင်ရာအရ လမ်းတံတားတွေ ကောင်းလာတယ်။ နေရာတော်တော်များများ လျှပ်စစ်မီးတွေရရှိလာ ကြတယ်။ အရင်ကထက် အများကြီးသန့်ရှင်းလာ တယ်လို့ ဆိုရပါမယ်။ ဒါတွေကိုတော့ အထူးအားရ  ကျေနပ်မိပါတယ်။ သို့ပေမဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရ ကို ဖော်ဆောင်တဲ့ နေရာမှာတော့ အတော်လေး အား နည်းနေသေးတယ်။ ရင်ကြားစေ့ရေးမှာ တစ်ဖက်ကိုပဲ  အလေးသာနေတာကို တွေ့နေရတယ်။ အထူးသဖြင့်  လက်ရှိ အစိုးရအနေနဲ့ တိုင်းရင်းသားတွေရဲ့ အခွင့် အရေးအပေါ် လုပ်ဆောင်တဲ့နေရာမှာ အကန့်အသတ် တွေရှိနေတာမျိုး၊ အားနည်းနေတာမျိုး တွေ့ရတယ်။  နိုင်ငံရေး လေ့လာသူတွေ သုံးသပ်ချက်အရရော၊ လက်ရှိအခြေအနေအရပါ ကြည့်ရရင် ပါလီမန်အရ  ကျဉ်းမြောင်းလာပြီး စစ်ဘောင် ကျယ်လာတာကို တွေ့ရတယ်။ ဒါဟာ လက်ရှိအစိုးရရဲ့ တိုင်းရင်းသား အရေး လုပ်ဆောင်ရာမှာ လိုအပ်ချက်တွေကြောင့်လို့  မြင်တယ်။ ဥပမာအနေနဲ့ ရခိုင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေက အကောင်းဆုံး သက်သေပါပဲ။ လက်ရှိ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ရပ်အမှားတွေကို မထိန်းချုပ်နိုင်တာကလည်း အားနည်းချက်တစ်ခုပါပဲ။ လက်ရှိအစိုးရကို မေးချင်တာက ရခိုင်အရေးနဲ့ပတ်သတ် ပြီး လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ် အတည်းကို အရေးပေါ်ဖြေရှင်းတာမျိုး လုပ်ဆောင်ဖို့ အစီအစဉ်ရှိသလားဆိုတာ မေးချင်ပါတယ်။



မလန်မွာမ်းကျိန် 
(နိုင်ငံတကာဆက်ဆံရေးပညာ၊ ရန်ကုန်တက္ကသိုလ်) မြောက်ဒဂုံမြို့နယ်

မဲပေးမှာပါ။ မဲပေးတယ်ဆိုတဲ့အခါမှာ ငါးနှစ်မှာ မှ တစ်ကြိမ်ပေးခွင့်ရတဲ့ နိုင်ငံသားတစ်ဦးရဲ့ တာဝန်ဖြစ် သလို အခွင့်အရေး တစ်ရပ်လည်းဖြစ်တဲ့အပြင် ညီမ အတွက် First Time Voter တစ်ယောက်လည်း ဖြစ်လို့ အခွင့်အရေးကိုလက်လွတ်မခံဘဲ ဆက်ဆက် ပေးသွားမှာပါ။
လူငယ်ဆိုပြီး ဘောင်မကန့်သတ်ထားရင် တော့ဖြင့် ညီမအတွက် ဖြေစရာအဖြေ ပိုများမယ်ထင် တယ်။ လူငယ်တစ်ယောက်အနေနဲ့ အဓိက ပညာရေး ကဏ္ဍပေါ့နော်။ ရွေးကောက်ပွဲအလွန် အစိုးရသစ် အနေနဲ့ ကျောင်း၊ တက္ကသိုလ်တချို့ကို Autonomy ပေးထားရုံလေး ရပ်နားခိုင်းထားရုံလေး လျစ်လျူရှု ထားတာမျိုး ဆက်မလုပ်သင့်တော့ဘူး။ အခုတစ် ကမ္ဘာလုံး ခံစားကြုံတွေ့နေရတဲ့ Covid-19 ရောဂါ ကြီးကို ရှောင်လွှဲမရမယ့်အတူ ယှဉ်တွဲရပ်တည်ဖို့ ကြိုးစားကြမယ်ဆိုတဲ့ 'New Normal' Concept  နဲ့တကွ နိုင်ငံတကာအဆင့်၊ အာဆီယံဒေသအဆင့်  အစိုးရတွေရဲ့ ပညာရေးကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်း လဲမှု၊ အလျှော့အတင်း လုပ်နေမှုတွေကို ကောင်း ကောင်းလေ့လာသုံးသပ်ပြီး ကိုယ့်နိုင်ငံနဲ့အကိုက်ညီ ဆုံးဖြစ်မယ့် နည်းလမ်းသစ်တစ်ခုကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ လိုအပ်မယ်။

နောက်တစ်ခုက နိုင်ငံတစ်နိုင်ငံရဲ့ အရေး အကြီးဆုံး စီးပွားရေးကဏ္ဍပေါ့နော်။ နောက်ငါးနှစ် အတွင်း စင်ကာပူကိုကျော်မယ် ဘာမယ်လို့ ကြွေးကြော်ပြတဲ့ အစိုးရထက် Economic Index တွေ Status တွေအရ Low Income ကနေ Middle Income၊ Least Developing ကနေ Thoroughly Developing စသဖြင့် ယုတ္တိကျကျ  ပြောင်းလဲပေးနိုင်စေချင်တယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကဏ္ဍတိုးတက်ပြောင်းလဲဖို့ဆိုတဲ့ ခေါင်းစဉ် အောက် ဘာတွေရှိမလဲ ညီမသေချာမသိပေမယ့်လို့  လူငယ်တစ်ယောက်အနေနဲ့ရော နိုင်ငံသား တစ်ယောက်အနေနဲ့ရော ဦးစားပေးလုပ်ဆောင်စေ ချင်တဲ့ကဏ္ဍတွေမှာ စီးပွားရေးကဏ္ဍလည်းပါတယ်။

နောက်ဆုံးတစ်ခုက ငြိမ်းချမ်းရေးဖြစ်စဉ်။ ပြည်နယ်တွင်း တိုင်းရင်းသားချစ်ကြည်ရေး။ အရင် အစိုးရတွေ လက်ထက်မှာလည်း အကောင်းဆုံး လုပ်ဆောင်ခဲ့တယ်ပြောပြော ၂၀၂၀ရွေးကောက်ပွဲအလွန်အစိုးရအနေနဲ့ ပိုပြီးပါးပါးနပ်နပ် ကိုင်တွယ်ပေးဖို့ လိုတဲ့အတွက် ဒီကဏ္ဍဟာလည်းပဲ မျိုးဆက်သစ်လူငယ်တစ်ယောက်အနေနဲ့ရော တိုင်းရင်းသား လူငယ်တစ်ယောက်အနေနဲ့ရော အစိုးရသစ်ကို ဦးစား ပေးသတိထားလုပ်ဆောင်စေချင်တဲ့ ကဏ္ဍတစ်ခု အပါအဝင် ဖြစ်ပါတယ်။
ရာခိုင်နှုန်းတစ်ခုအထိတော့ ဒီလာမယ့်၂၀၂၀ ရွေးကောက်ပွဲဟာလည်းပဲ ညီမတို့လိုချင်တဲ့ အပြောင်း အလဲတွေကို ဖော်ဆောင်နိုင်မယ်လို့ ညီမယုံကြည်ပါ တယ်။ သို့သော်လည်း လိုချင်တဲ့ အပြောင်းအလဲကို တိုက်ရိုက်ဖော်ဆောင်သူ၊ သွယ်ဝိုက်ဖော်ဆောင်သူ တွေရဲ့ စိတ်အားထက်သန်မှု၊ ပူးပေါင်းဆောင်ရွက်မှု တွေပေါ် အဓိကမူတည်ပြီးမှ အပြောင်းအလဲ ဖြစ်လာ၊ မဖြစ်လာဆိုတဲ့ ရလဒ်ကိုသိရမယ်ပေါ့နော်။ ကျေးဇူးပါ။

အပြုသဘောဆောင်တဲ့ လက်ရှိအစိုးရရဲ့ လုပ် ဆောင်ခဲ့တဲ့အထဲ ညီမအားအရဆုံးအပိုင်းက နိုင်ငံ တကာဆက်ဆံရေးဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးအရ အဖွဲ့မတိုင်မီထိ နှစ်တွေမှာ မြန်မာနိုင်ငံက နိုင်ငံတကာ အခင်းအကျင်းမှာ မေးထူးခေါ်ပြောအဆင့်လောက်ပဲ  ရှိနေခဲ့ရာကနေ အခုဆို အင်အားကြီးနိုင်ငံတွေနဲ့ထဲထဲ ဝင်ဝင် Relationship တွေ ရှိလာတယ်။ ပြောရမယ် ဆို ကမ္ဘာမှာ နိုင်ငံသိများလာတယ်ပေါ့နော်။
နောက်တစ်ခုက Covid-19  အရေးနဲ့ပတ် သတ်ပြီး အစိုးရရဲ့ကိုင်တွယ်မှုအပိုင်း။ အင်အားကြီး နိုင်ငံတွေက နိုင်ငံသားတွေကအစ အားကျရလောက် အောင် ပြည်ပမှာရှိတဲ့ ဒုက္ခရောက်နေတဲ့ ကိုယ့်နိုင်ငံ သားတွေကို ပြန်ခေါ်၊ ရောဂါနဲ့ပတ်သတ်တဲ့ Swab Test နဲ့ Quarantine ကုန်ကျစရိတ်တွေကို နိုင်ငံတော် Budget နဲ့ အကုန်အကျခံနေတာဟာ အစိုးရရဲ့  လုပ်ဆောင်မှုတွေထဲမှာ လေးစားအားရစရာ သိပ် ကောင်းတယ်လို့ ပြောရမယ်။ နောက်တစ်ခုက အခြေခံကျောင်းပညာရေးကစပြီး တက္ကသိုလ်ပညာ ရေးထိ ပြုပြင်ပြောင်းလဲမှုတွေဟာလည်း သိသိ သာသာကောင်းမွန်ပြီး အားရစရာကောင်းတယ်။

နောက်ပြီး အားမရတာဆိုရင်တော့ ဒီမိုကရေစီ နိုင်ငံတွေရဲ့ အဓိကစံနှုန်းဖြစ်တဲ့ လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့် (Freedom of Speech/Expression)  ဟာ limitation ရှိနေတာဖြစ်ပါတယ်။ နောက်တစ်ခုက ရခိုင်ပြည်နယ်အရေးဖြစ်တယ်။ ရခိုင် ပြည်သူ ပြည်သားတွေအတွက်ဆို အစိုးရဟာ သိပ် စိတ်နာစရာကောင်းမယ်လို့ ညီမထင်တယ်။ တိုင်းရင်း သားဒေသတစ်ခုမှာ တစ်နှစ်နီးပါး Internet Shutdown ချထားခံရတာတွေ၊ မဲပေးခွင့်မရတာ တွေစသဖြင့်ကတော့ တစ်ပြည်ထဲဖွားတိုင်းရင်းသား လူငယ်တစ်ယောက်အနေနဲ့ အားရစရာမရှိဘူး။ 

လတ်တလောအနေအထားမှာတော့ ရွေး ကောက်ပွဲကို ရှေ့တန်းတင်ပြီး မိမိအားပေးတဲ့ပါတီ အောင်နိုင်ရေးအတွက် (Online Campaign မဟုတ်ဘဲ) မဲဆွယ်စည်းရုံးနေတဲ့ Social Distancing လုံးဝမရှိတဲ့ လူအုပ်စုတွေကို တနည်း နည်းနဲ့ အရေးယူ (သို့မဟုတ်) ရပ်တန့်ရန် ဖြောင်းဖြဖို့  အစီအစဉ် ရှိ/မရှိဆိုတာလေး မေးခွင့်ရှိရင်တော့ မေးကြည့်ချင်ပါတယ်။



ကိုထွဋ်ခေါင်ဇော် 
(ဒုတိယနှစ်အင်္ဂလိပ်စာ၊ မန္တလာတက္ကသိုလ်၊ မန္တလေးမြို့)

ခုရွေးကောက်ပွဲမှာ သေချာပေါက်မဲပေးမှာပါ ဗျ။ ဘယ်အစိုးရပဲတက်လာလာ နိုင်ငံတော်ရဲ့ လိုအပ် ချက်တွေထဲက တစ်ခုဖြစ်တဲ့ ပညာရေးကို ဦးစားပေး လုပ်ဆောင်စေချင်ပါတယ်ဗျာ။ အခြားထက် နယ်စပ် ဒေသတွေမှာ ပညာရေးစနစ်ပိုကောင်းလာဖို့ လိုတယ် လို့ ထင်ပါတယ်ဗျ။ လူ့အခွင့်အရေးတွေနဲ့ ပတ်သတ် တာတွေကို သူများတွေနဲ့တန်းတူ သိလာစေချင်တယ်။  ရလာစေချင်တယ်ဗျ။ ဒီလိုတွေဖြစ်လာဖို့ဆိုတာလည်း ပညာရေးကဏ္ဍရဲ့ တိုးတက်မှုကနေပဲ ရလာမယ်ထင် တာကြောင့်လေ။ ဒီအပြောင်းအလဲဖြစ်လာဖို့ အခု ရွေးကောက်ပွဲက တကယ်ပဲ Change ပေးနိုင်ရဲ့လား ဆိုရင် ဒါကတော့ အနိုင်ရလာမယ့် အဖွဲ့အစည်းအပေါ် မူတည်ပါတယ်ဗျ။ ဒီကိစ္စတွေကို သာမည သာသာ ထားပြီး နယ်စပ်ပြဿနာတွေ ဘာတွေပဲ အဓိကထားဖြေရှင်းမယ့် အဖွဲ့အစည်းတွေလည်း ရှိနေနိုင်တာပဲလေ။ ပြောင်းလဲစေမလားဆိုတော့ ပညာရေးဆိုတာ  အခုချက်ချင်းပြောင်းလဲချင်လို့ ခုချက်ချင်းပြောင်းလဲ ပစ်လိုက်လို့ မရဘူးမလား။ အချိန်ယူရပါမယ် အရင်ကတည်းက အစဉ်အစဉ်ရှိလို့အချိန်ယူပြီး တတ်နိုင်သလောက် လုပ်ပြခဲ့တဲ့ လက်ရှိအစိုးရအနေနဲ့ကတော့ ပညာရေးစနစ်ကို နောက်နှစ်တွေအတွင်း အရင်ထက်  ကောင်းမွန်လာအောင် လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်။ လက်ရှိအစိုးရအကောင်အထည်ဖော်လုပ်တဲ့ အပိုင်းမှာ အားရတဲ့အပိုင်း၊ အားမရတဲ့အပိုင်းဆိုရင် အားအရဆုံးကိစ္စ ပြပါဆိုရင်တော့ လမ်းပန်းတံတား တိုးတက်လာမှုတွေ အထူးသဖြင့် လမ်းနံပါတ်အသစ် တွေ တပ်လာတာကိုပေါ့ဗျာ။ အဂတိလိုက်စားမှု လျော့ပါးလာတာတွေ အရင်လိုမဟုတ်ဘဲ လျှပ်စစ်မီး ရလာတာတွေမန္တလေးအတွင်းမှာ နေထိုင်တာ ကြောင့် ကိုယ့်မြို့တွင်းမှာ ပြောင်းလဲတိုးတက်လာ တာတွေကို လက်တွေ့မြင်ရလို့ အားရမိပါတယ်။ အားမရသေးတဲ့အပိုင်းဆိုရင် ဆေးရုံဆေးခန်းတွေကို ပြည်သူအနေနဲ့ယုံကြည်စိတ်ချလာနိုင်တဲ့ အနေအထားရှိလာစေချင်ပါတယ်။ ကုန်းလမ်းပို့ဆောင် ရေးအနေနဲ့ မီးရထားလုပ်ငန်းတွေနဲ့ ကညနရုံးတွင်း  ကျင့်သုံးတဲ့မူဝါဒနဲ့ အခွန်အခဝန်ဆောင်မှုတွေ များ နေတာကို ပြင်ဆင်စေချင်ပါတယ်။ အခြေခံဥပဒေ ပြင် ဆင်မှု နှောင့်နှေးနေတာပါ။ သို့ပေမယ့် လူငယ်တစ် ယောက်အနေနဲ့ ဒါကလည်း ချက်ချင်းပြင်လို့ရတာ မဟုတ်တဲ့အတွက် နားလည်နိုင်ပေမယ့် တတ်နိုင်သမျှတော့ အမြန်ဖြေရှင်းပေးစေချင်ပါတယ်။ အစိုးရကို မေးချင်တဲ့ မေးခွန်းတစ်ခုဆိုရင် ဒီနှစ်ရွေးကောက်ပွဲမှာ လည်း အနိုင်ရခဲ့ရင် နောက်လာမယ့် အစိုးရသက် တမ်းမှာ ဘာတွေလုပ်ဆောင်သွားဖို့ရှိလဲဆိုတာ လူငယ် တစ်ယောက်အနေနဲ့ သိခွင့်ရှိရင် သိချင်ပါတယ်။



မအိပြည့်စုံ 
(အဖြူရောင်နှင်းဆီပရဟိတလူငယ်အဖွဲ့၊ မန္တလေးမြို့)

အခုရွေးကောက်ပွဲမှာ သေချာပေါက်မဲပေးမှာပါ။ ရွေးကောက်ပွဲအလွန်အစိုးရသစ်အနေနဲ့ စီးပွား ရေးကဏ္ဍကို ပိုပြီး ဦးစားပေးစေချင်ပါတယ်။ ဒါမှ  စီးပွားရေးပိုပြီးကောင်းမှ ဘက်စုံကဏ္ဍစုံဖွံ့ဖြိုးပြီး တက်လာမှာလို့ ယူဆမိလို့ပါ။ ဒီရွေးကောက်ပွဲက ခုလို ချင်တဲ့ အပြောင်းအလဲအတွက် အများကြီး အထောက် အပံ့ဖြစ်စေမှာပါ။ လက်ရှိအစိုးရလုပ်ဆောင်မှုအပိုင်း နဲ့ပတ်သက်လို့ အားရကျေနပ်မိပါတယ်။ လိုအပ်ချက် တွေရှိခဲ့ပေမယ့်လည်း အများကြီးတိုးတက်ပြောင်း လဲမှုတွေ မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ လက်ရှိအစိုးရကို  မေးချင်တဲ့မေးခွန်းတစ်ခုဆိုရင် အခြေခံဥပဒေပြင်ဆင် ရေးအတွက် ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လို အနေအထားကနေ ပါဝင်ကူညီလို့ရနိုင်ပါသလဲဆိုတာ သိချင်ပါတယ်ရှင်။



ကိုအောင်မိုင် 
(မြစ်ကြီးနားမြို့ ၊Kachin Youth Movement)

အခုရွေးကောက်ပွဲမှာ မဲပေးပါမယ်။ အစိုးရ သစ်အနေနဲ့ အဓိက ပြောင်းစေချင်တာက ကျွန်တော် တို့နိုင်ငံမှာလိုအပ်နေတဲ့ ငြိမ်းချမ်းရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အများကြီး မျှော်လင့်ပါ တယ်။ အဓိကတော့ စီးပွားရေးနဲ့ ပညာရေးကဏ္ဍ ပေါ့။ ကျွန်တော်တို့ ပြည်နယ်မှာ စစ်ပွဲဖြစ်ခဲ့တာကြာ ခဲ့ပြီဆိုတော့ စီးပွားကဏ္ဍတွေရော၊ ပညာရေးကဏ္ဍ မှာရော ဆုတ်ယုတ်ခဲ့တာတွေ အများကြီးရှိခဲ့တယ်။  ကျွန်တော်တို့ပြည်နယ်မှာ အနစ်နာဆုံးဖြစ်တဲ့ ဒီ အရာတွေကို အမြန်ဆုံး နလန်ထူစေချင်တာပေါ့။ တကယ်တမ်း ပြောင်းလဲလာစေမလားဆိုရင် ပြောင်း လဲပါစေလို့တော့ မျှော်လင့်တာပေါ့။ အများကြီးတော့  မျှော်လင့်ချက်တွေ သိပ်မထားရသေးပါဘူး။ ဘာလို့ လဲဆိုတော့ ကျွန်တော်တို့ ၂၀၁၅ နဲ့ ၂၀၂၀ ကြားမှာ ဖြတ်သန်းခဲ့ပြီးပြီ။ အများကြီးဖြစ်ပါစေလို့ မမျှော်လင့် ပေမယ့် ဖြစ်လာအောင်အတူတကွအားလုံးဝိုင်းဝန်း ပြီးမှ လုပ်ဆောင်ရင်ဖြစ်လာမယ်လို့ မျှော်လင့်ပါ တယ်။ လက်ရှိအစိုးရလုပ်တဲ့အပေါ် အားအရဆုံး အပိုင်းက သူ့လက်ထက်မှာလုပ်ခဲ့တာ လမ်းခင်းတဲ့ ကိစ္စတွေပေါ့နော်။ အရင်ကထက် သူလမ်းခင်းတဲ့ ကိစ္စတွေတော်တော်များများလုပ်တာပေါ့နော်။ ဒါကလည်း ကောင်းတာပေါ့နော်။ အားမရတဲ့အပိုင်းဆိုရင်  သူပေးခဲ့တဲ့ကတိတွေပေါ့။ မြစ်ဆုံကိစ္စတို့၊ ငြိမ်းချမ်း ရေးကိစ္စတို့လုပ်တာမှာ ဒီကတိတွေအပေါ် တော် တော်လေးအားမရပါဘူး။ လုံးဝကိုအားမရတဲ့အပိုင်း ဆိုရင် ပြည်နယ်တွေ အမြဲတမ်းတောင်းဆိုနေတာက  ဗဟိုချုပ်ကိုင်မှုလျှော့ချရေးပေါ့လေ။ အဲဒီမှာ ဒီအစိုးရ တက်လာရင်လည်း ဗဟိုချုပ်ကိုင်မှု တော်တော်လေး ရှိနေသေးတယ်လို့ မြင်တယ်။ အဲဒါကိုတော့ ကျွန်တော် လုံးဝကို အားမရပါဘူး။ ပြည်နယ်တွေက တောင်းဆို တာလည်း အရမ်းကြာပြီပေါ့။ ကိုယ့်ပြည်နယ်အခွင့် အရေးကို စီမံခန့်ခွဲခွင့် အဲဒါကို အများကြီးမျှော်လင့် ခဲ့တာ ဟုတ်ပါတယ်။ ဒါပေမဲ့ သူ့ကာလမှာ ကြည့်ရင် ဒီအပိုင်းကို တော်တော်လေးအားမရပါဘူး။ အစိုးရကို  မေးခွန်းထုတ်ပါဆိုရင် ကျွန်တော်တို့ ပြည်ထောင်စု ဖြစ်ပေါ်လာဖို့ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို ဘယ်လို ရှုမြင်သုံးသပ်မလဲ၊ ဘယ်လိုအကောင်အထည် ဖော် မလဲဆိုတာ ကျွန်တော်မေးခွန်းမေးချင်ပါတယ်။



ကိုမောရှေ့ (တနိုင်းမြို့၊ ကျောင်းသား)

ဒီနှစ်က ကျွန်တော် ပထမဆုံးမဲထည့်ခြင်းဖြစ်တယ်။ ရွေးကောက်ပွဲမှာ မဲပေးမှာပါ။ လူငယ်နဲ့ အမျိုး သမီးကဏ္ဍတွေပြောင်းလဲလာဖို့ စဉ်းစားထားတာရှိ ပါတယ်ဗျ။ ကျွန်တော်တို့ တနိုင်းမှာက အဖိုးတန် ရတနာတွေရှိတယ်ဆိုတော့ ရွှေ၊ ပယင်းတွေထွက် တယ်။ အဲဒါကြောင့် လူငယ်တွေက အများအားဖြင့် အဲဒီ ရွှေရှာတဲ့နေရာမှာပဲ ဦးစားပေးကြတယ်ပေါ့နော်။ လူငယ်တွေကို အဲဒီနေရာတွေကိုပဲ မသွားခိုင်းစေချင် ဘူး။ စာပေပိုင်း၊ ကိုယ်ဝါသနာပါတဲ့အခြားနေရာတွေ ကိုလည်း သွားခိုင်းစေချင်တာပေါ့။ ကဏ္ဍစုံ ဖွံ့ဖြိုးတိုး တက်အောင် လူငယ်စင်တာဖွင့်ပေးဖို့ ကျွန်တော် လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောတာတော့ ရှိပါတယ်ဗျ။ တနိုင်းက အနီးစပ်ဆုံးက မြစ်ကြီးနား ခရိုင်ထဲက မြို့တစ်မြို့ဖြစ်တဲ့အတွက် မြစ်ကြီးနား လောက်မဟုတ်ရင်တောင် တခြားမြို့တွေလောက် ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ ဒီရွေးကောက်ပွဲပြီးရ တော့ တကယ့်အဆင်ပြေပြီလို့ ထင်ပါတယ်။ အရင် တုန်းက ဘယ်လွှတ်တော် ဘယ်တစ်ယောက်က ဘယ်မှာထမ်းဆောင်နေတယ် အခြေအနေလေး တောင် ရင်းနှီးမထားတာပေါ့နော်။ အခုနောက်ပိုင်း တစ်နှစ်၊ နှစ်နှစ်လောက်ရှိတော့ လွှတ်တော်ကိုယ်စား လှယ်တချို့နဲ့ ရင်းနှီးသွားပြီ။ ကိုယ့်သူငယ်ချင်းလို ဖြစ် သွားတဲ့အတွက် ဖြစ်ချင်တာတွေ ဖြစ်နိုင်ချေရှိတယ်လို့  ထင်တယ်။ လက်ရှိအစိုးရအပေါ် အားရတဲ့အပိုင်းက ကျွန်တော်တို့ ကချင်ပြည်နယ်မှာ အခုဆိုရင် ခရိုင်ချင်း ဆက်လမ်းက အဆင်ပြေသွားပါပြီ။ ဆင်းရဲတဲ့နိုင်ငံ ဖြစ်တဲ့အတွက် တစ်ခါတည်း ဝုန်းခနဲ မလုပ်ပေးနိုင်ဘူးပေါ့နော်။ ဘုရားလည်းမဟုတ်ဘူး။ အဲဒါကြောင့် ခရိုင် ချင်းဆက်လမ်းတွေလုပ်ပေးတာကို ပထမအဆင့် အားရပါတယ်။ လာမယ့်သက်တမ်းအတွက်တော့ မြို့ချင်းဆက်လမ်းတွေ ဆက်လုပ်ပေးစေချင်တယ်ပေါ့။ ပြီးတော့ အခု ကျွန်တော်ဆိုလူငယ်၊ မြစ်ကြီးနားတက္က သိုလ်မှာ တက်နေတဲ့သူဖြစ်တယ်ပေါ့နော်။ အရင်က  ကျောင်းထဲမှာ စာကြည့်တိုက် အရမ်းအားနည်းတာ။ အခု NLD အစိုးရတက်လာမှ စာကြည့်တိုက် အရမ်း အဆင်ပြေလာတယ်။ လူငယ်ရော၊ စာပေရော အား ပေးတဲ့အတွက် အရမ်းမြင့်တက်လာတယ် ကဏ္ဍစုံ ပေါ့နော်။ အမျိုးသမီးလည်း နေရာနည်းနည်းမြင့် တက်လာတယ်ပေါ့။ ၁၀ ရာခိုင်နှုန်းလောက်မြင့်တက် လာတဲ့အတွက် အဲဒီအပိုင်း အားရကျေနပ်မှုရှိပါ တယ်ဗျ။ အားမရတဲ့အပိုင်းကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ၁၃၅ မျိုးနေထိုင်တယ်။ ပါတီကိုပုတ် ခတ်တာတော့ မဟုတ်ဘူးပေါ့နော်။ တိုင်းရင်းသား တွေက ကိုယ့်ပါတီကို ဖြစ်သွားတဲ့အတွက် လာမယ့် သက်တမ်းမှာ NLD အနေနဲ့အခက်အခဲဖြစ်မယ်လို့ ယုံကြည်ပါတယ်ဗျ။ အဲဒါကြောင့် တိုင်းရင်းသားပါတီ က အားမစိုက်ခိုင်းစေချင်ဘူး။ လောလောဆယ် နိုင်ငံ အခြေအနေအရ လက်ရှိအာဏာရအစိုးရကို နှစ်ဆက်  ဆက်တက်ပေါ့နော။ အဲလိုမျိုးသွားရင် ကျွန်တော်တို့ နိုင်ငံက ၁၉၄၇ ခေတ်လိုပြန်ဖြစ်မယ်လို့ ယုံကြည်ပါ တယ်ဗျ။ ကျွန်တော့်တို့ တနိုင်းမြေမှာက စိုက်ပျိုးမြေ လုပ်လို့ရတာမဟုတ်ဘူး။ မြေလွတ်မြေရိုင်းက ဒီ  ကျားထိန်းသိမ်းရေးနယ်မြေပေါ့။ ဘေးမဲ့တောတွေ ဖြစ်နေတာ။ အဲဒါ ကျွန်တော်တို့ပြည်သူတွေ အခက် အခဲဖြစ်တယ်။ တနိုင်းမှာ မှီခိုနေထိုင်သူတွေက ရွှေ မှော်၊ ပယင်းမှော်တွေကို အားကိုးနေထိုင်သူတွေ ဖြစ်နေတယ်။ အဲဒါကြောင့် ရွှေမှော်၊ ပယင်းမှော် တွေကို တရားဝင်ဖွင့်ခိုင်းချင်တာပါ။ တနိုင်းမှာ ၂၄ နာရီ မီးမရသေးဘူး။ ၂၄ နာရီ မီးရဖို့ မျှော်လင့်နေ တယ်။ လမ်းပေါ့နော်။ မြစ်ကြီးနားပေါ့။ လဝါးထိတော့  ခင်းပေးထားတယ်။ အဲဒီ တနိုင်းအထိ၊ ပန်ဆောင် အထိ အကောင်အထည်ဖော်စေချင်တာပေါ့။ မေးခွန်းကတော့ အဲဒါမေးချင်ပါတယ်ဗျ။



ကိုနောင်ချို 
(ခရမ်းမြို့၊ ရန်ကုန်တိုင်း၊ ပညာရေးဝန်ထမ်း)

ရွေးကောက်ပွဲမှာ မဲပေးပါမယ်ဗျ။ ရွေးကောက်ပွဲ အလွန် အစိုးရသစ်အပေါ် မျှော်လင့်ချက် ဦးစားပေး လုပ်စေချင်တာက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပညာရေး ကဏ္ဍကို ဦးစားပေးလုပ်စေချင်ပါတယ်။ ခု ရွေးကောက် ပွဲအပေါ်အမြင်က ၂၀ဝ၈ ဖွဲ့စည်းပုံအောက်က ရွေး ကောက်ပွဲဖြစ်တဲ့အတွက် သိပ်တော့မျှော်လင့်စရာမရှိ ပါဘူး။ လက်ရှိအစိုးရ အကောင်အထည်ဖော်မှုအပိုင်း နဲ့ပတ်သက်ရင် ရုပ်ဝတ္တုအဆောက်အဦတွေဖြစ်တဲ့  လမ်း၊ တံတားတွေတော့ ဖွံ့ဖြိုးလာတာမြင်ရပေမယ့် ပြည်သူတွေ လူမှုဘဝတွေကတော့ ပိုကြပ်တည်းလာ တယ်လို့မြင်ပါတယ်။ အစိုးရကို မေးချင်တဲ့ မေးခွန်း တစ်ခုဆိုရင် ပြည်တွင်းစစ်မှာ အပြစ်မဲ့ပြည်သူတွေ အသက်ဆုံးရှုံးမှုနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ဘယ်လိုတာဝန်ယူပေးနိုင်မလဲဆိုတာပါ။



မမေသဇင်စိုး 
(Marketing, ကမာရွတ်မြို့နယ်)

အခုရွေးကောက်ပွဲမှာ မဲပေးမှာပါရှင်။ အစိုးရ သစ်အနေနဲ့ ဦးစားပေးလုပ်စေချင်တာက ဥပဒေတွေ ကို ပိုပြီးကြပ်ကြပ်မတ်မတ် ပြောင်းလဲစေချင်ပါတယ်ရှင်။ အခုရွေးကောက်ပွဲက လိုချင်တဲ့အပြောင်းအလဲ အတွက် ဖြစ်နိုင်သလားဆိုရင် ဖြစ်စေနိုင်ပါတယ်။ ခု တောင်မှနိုင်ငံတော်က အခွင့်အလမ်းတွေ တော်တော် ပေါ်ပေါက်နေပါပြီ။ ညီမအမြင်ပြောရမယ်ဆိုရင် အစိုးရကိုပဲ ပြောင်းလဲခိုင်းနေမယ့်အစား ကိုယ်တိုင် လည်း နိုင်ငံကြီးသားကောင်း ပီသအောင်နေထိုင်ဖို့လည်း လိုအပ်ပါတယ်ရှင်။ အဲဒါမှ တိုင်းပြည်က သိသိ သာသာ တိုးတက်လာမှာပါ။ လက်ရှိအစိုးရလုပ်နေတဲ့ အပိုင်းအားရတာဆိုရင် နိုင်ငံတကာဆက်ဆံရေးတွေ တိုးတက်လာတာကို ကျေနပ်မိပါတယ်။ လာဘ်မစား တာကတော့ ပိုပြီးကျေနပ်စရာကောင်းတဲ့ အပိုင်းပါ။ အများစုကိုပြောတာပါ။ အားမရတဲ့အပိုင်းကတော့  ညီမအမြင်ပေါ့နော် ဥပဒေပေါ့ အဓိကပြောချင်တဲ့ ဥပမာက သက်ငယ်မုဒိန်းတွေကိုခုထိ ကြပ်ကြပ်မတ် မတ် မလုပ်နိုင်သေးတာပါရှင်။ အစိုးရကို မေးခွန်း ထုတ်ပါဆိုရင်တော့ မေးခွန်းတော့ မရှိပါဘူးရှင်။ ဘယ်အစိုးရတက်တက် ပြည်သူဆိုတာ အစိုးရရဲ့ သား သမီးလိုပဲဆိုတာ သိရင်ကျေနပ်ပါပြီ။



မဖူးမွန်မိုးမြင့် 
(ကမာရွတ်မြို့နယ်၊ ကျောင်းသူ)

နိုင်ငံသားတစ်ဦးရဲ့တာဝန် ကျေပွန်ချင်လို့ ရွေး ကောက်ပွဲမှာ မဲပေးမှာပါ။ ပထမဆုံးအကြိမ်အနေနဲ့  မဲပေးရမှာပါ။ သူများနိုင်ငံနဲ့ယှဉ်ရင် မြန်မာနိုင်ငံရဲ့ ပညာရေးက နိမ့်ကျနေပါတယ်။ နိုင်ငံတကာနဲ့ယှဉ်ရင် တက္ကသိုလ်အဆင့်သတ်မှတ်ချက်က နိမ့်ကျနေပါတယ်။ တက်လာမယ့်အစိုးရသစ်အနေနဲ့ ဦးစားပေး လုပ်စေချင်တာက လက်ရှိနိုင်ငံရဲ့ ပညာရေးတိုးတက် မြင့်မားအောင် ဆောင်ရွက်ပေးစေချင်ပါတယ်။ ဒါမှ ကျွန်မတို့ နိုင်ငံက နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင် မှာဖြစ်ပါတယ်။ ကျွန်မတို့ဦးစားပေး လုပ်စေချင် တာတွေဖြစ်လာဖို့ ခုရွေးကောက်ပွဲက အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ လက်ရှိအစိုးရ အကောင်အထည်ဖော် မှုအပိုင်းဆိုရင် လမ်းတွေ၊ တံတားတွေ၊ ဆက်သွယ်ရေး တွေ ပြောင်းလဲသွားတာကို သဘောကျပါတယ်။  လူတိုင်းလွတ်လပ်စွာပြောဆို ရေးသားခွင့်ရရှိခဲ့တာကို သဘောကျပါတယ်။ အစိုးရအနေနဲ့ အပြည့်အဝအုပ် ချုပ်ပိုင်ခွင့်မရတဲ့အတွက် ပြည်ထဲရေးနဲ့ တရားစီရင် ရေးအပိုင်းမှာ အားမရပါဘူး။ လာမယ့် ရွေးကောက်ပွဲ မှာအနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့ရင် ပြည်သူတွေမျှော် လင့်နေတဲ့ အခြေခံဥပဒေကို ပြင်ပေးနိုင်ပါ့မလား မေးခွန်းထုတ်ချင်ပါတယ်။ 



မဇွန်လင်းလက်ထွန်း 
(တက္ကသိုလ်ကျောင်းသူ၊ အင်းစိန်မြို့နယ်) 

ရွေးကောက်ပွဲမှာ မဲပေးမှာပါ။ ရွေးကောက်ပွဲအလွန် အစိုးရသစ်အနေနဲ့ ဦးစားပေးလုပ်စေချင်တာဆိုရင် ပညာရေးပေါ့။ နိုင်ငံရဲ့ Education Foundation ကောင်းမှ နောက်ပိုင်းလူငယ်တွေတဖြည်းဖြည်းနဲ့ တိုးတက်လာမှာ။ Next Generation တွေ ပညာ တတ်တွေများလာမှ နိုင်ငံပိုပြီးတိုးတက်မယ်ထင်လို့ပါ။  ပြီးတော့ လူငယ်တွေ အလုပ်ကိုင်အခွင့်အလမ်းရရှိဖို့လည်း ပါပါတယ်။  ခုရွေးကောက်ပွဲက ဦးစားပေး လုပ်စေချင်တာတွေဖြစ်လာဖို့ ပြောင်းလာဖို့ Change ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ လက်ရှိအစိုးရ လုပ်ဆောင်မှုအပေါ် အားရတဲ့အပိုင်းကတော့ လတ်တလော ဆိုရင် Covid ပေါ့။ လူအင်အားလက်နက်အင်အား အရမ်းမရှိတဲ့အခြေအနေမှာတောင် အကောင်းဆုံး Control လုပ်သွားနိုင်တယ်လို့မြင်တယ်။ အားမရတဲ့  အပိုင်းရယ်လိုတော့ မရှိပါဘူး။ တဖြည်းဖြည်းချင်း ပြောင်းလဲလာမယ်ထင်ပါတယ်။ အစိုးရကို မေးချင်တဲ့ မေးခွန်းကတော့ အလုပ်သမားတွေရဲ့ အခြေခံလစာ ဘယ်လောက်ရသင့်ပါသလဲဆိုတာ မေးချင်ပါတယ်။



လွေးနောဇား (နမ္မတူမြို့နယ်၊ အရပ်ဘက်အဖွဲ့အစည်း)

လာမယ့် ရွေးကောက်ပွဲမှာ မဲပေးပါ့မယ်။ အစိုးရ သစ်တွေတက်လာရင်တော့ ပထမဦးဆုံး လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ဦးစားပေးပြီး လုပ်စေချင်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မူတွေ များလာတယ်။ စာသင်လို့လည်းမရ၊ ကျောင်းတွေပိတ်နေရတဲ့ အခြေ အနေမှာလည်းရှိတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို ပိုပြီးဦးစားပေးစေချင်တယ်။ အဲဒီ နှစ်ခုမကောင်းရင် ကျန်တဲ့ပညာရေးနဲ့ တစ်ခြားကဏ္ဍတွေကိုလည်း အများကြီးထိပါးစေပါတယ်။ လုံခြုံရေးမရှိတော့ ဘယ်သွားသွား ကြောက်နေရတယ်။ ပြည်သူတွေက အကြောက်တရားနဲ့ နေနေရတယ်။ 

မူးယစ်ဆေးဝါးတွေက နမ္မတူဘက်မှာ ဈေး ရောင်းနေသလိုပဲ။ လူသတ်မူတွေ၊ မတရားဖမ်းဆီး နှိပ်စက်ခံရမူတွေ၊ လူမကြာခနပျောက်မူတွေ၊ လူ့ အခွင့်အရေးချိုးဖောက်မူတွေ အများကြီးဖြစ်ပွား တယ်။ လုံခြုံရေးကလည်း ငြိမ်းချမ်းရေးနဲ့ တချို့ဟာ တွေက ဆက်စပ်နေတယ်။ လက်နက်ကိုင်တွေဘက်က  ပြည်သူတွေကို ဖမ်းဆီးတာရှိသလို အချို့ကလည်း တပ်မတော်ဘက်က ကျူးလွန်တာရှိတယ်။ မငြိမ်းချမ်း တော့ ဥပဒေပိုင်းကလည်း ပိုအားနည်းလာတယ်။ 

ရွေးကောက်ပွဲအလွန်က အစိုးရသစ်ကိုတော့ အများကြီးတော့ မမျှော်လင့်ရဲဘူး။ ဘာကြောင့်လဲဆို တော့ ၂၀ဝ၈ ဖွဲစည်းပုံအောက်မှာ ဘယ်အစိုးရပဲတက်တက် ဒီပုံထဲကမထွက်နိုင်ဘူးလေ။ ဥပမာ.. ပြည်ထဲရေးက  စစ်တပ်ရဲ့ လက်ထဲမှာဘဲရှိနေသလိုမျိုး။ တက်လာတဲ့ အစိုးရတိုင်းက တချို့ခေါင်းပိုင်းနေရာမှာ ရရှိကြပေမယ့် တကယ်အကောင်အထည်ဖော်နေတဲ့ လက်အောက်ဝန်ထမ်းတွေက စစ်တပ်ရဲ့လွှမ်းမိုးမူအောက်မှာရှိနေတုန်းပါပဲ။ 

လက်ရှိအစိုးရတက်လာတာ အားရတဲ့အပိုင်းတော့ သိပ်မရှိဘူးဆိုပေမဲ့ ပညာရေးပိုင်းမှာတော့  အနည်းငယ်ပြောင်းလဲလာတာ တွေ့ရတယ်။ သို့သော် ပြောင်းလဲနေတဲ့ ပညာရေးစနစ်ဟာလည်း တိုင်းရင်း သားစာပေတွေကို ဦးစားပေးတာတော့မတွေ့ရဘူး။  သင်ရိုးပိုင်းဘဲပြောင်းတာ တိုင်းရင်းသားစာပေတွေ ကတော့ မှေးမှိန်နေပြီ အားမရသေးဘူး။ လက်ရှိ အစိုးရ ကို မေးချင်တဲ့မေးခွန်းက စစ်ပွဲတွေဒီလောက်ဖြစ်ပွား ပြီး ပြည်သူတွေသေနေတဲ့အပေါ်မှာ အစိုးရအနေနဲ့ ဘာကြောင့်ဘာမှ တုံ့ပြန်မှု၊ ပြောကြားမှု မရှိတာလဲ။