News

POST TYPE

2020 ELECTION

ကြိုတင်မဲပေးမည့်သူများကို သက်သေခံလက်မှတ်များ စတင်ထုတ်ပေး
28-Oct-2020
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးမည့်သူများအတွက် သက်သေခံလက်မှတ် များကို အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက စတင်ထုတ်ပေးနေပြီဖြစ်သည်။ 

မုံရွာ၊ အောက်တိုဘာ ၂၈

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးမည့်သူများအတွက် သက်သေခံလက်မှတ်များကို အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက စတင်ထုတ်ပေးနေကြောင်း ရပ်ကျေးကော်မရှင်များထံမှ သိရသည်။ 

ကြိုတင်ဆန္ဒမဲသူများအနေနှင့် အောက်တိုဘာလ ၂၉ မှစတင်ကာ နိုဝင်ဘာလ ၅ ရက်နေ့အထိ မဲပေးခွင့်ရမည်ဖြစ်သည်။ 

" နိုဝင်ဘာလ ၅ ရက်နေ့အထိ မဲရုံကိုလာပြီး ကြိုတင်မဲလာပေးနိုင်ပါတယ်။ မြို့သစ်ရပ်ကွက်အနေနဲ့ အသက် ၆၀ ကျော်သူတစ်ထောင်ကျော်ရှိတယ်" ဟု ရပ်ကွက်ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဆွေ ကပြောကြားသည်။

ရပ်ကွက်နှင့် ကျေးရွာအတွင်း နေထိုင်သည့် အသက် ၆၀နှင့်အထက်ရှိသူများ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် တာဝန်ထမ်း ဆောင်ရမည့်သူများ၊ ခရီးသွားမည့်သူများအနေနှင့် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်းမဲပေးနိုင်ရန် သက်သေခံလက်မှတ်များ ထုတ်ပေးနေခြင်းဖြစ်သည်ဟု မုံရွာမြို့ ၊ မြို့သစ်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ ထပ်မံသိရသည်။          

R-08