News

POST TYPE

2020 ELECTION

သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ကြိုတင်မဲပေးမည်
28-Oct-2020


နေပြည်တော်၊ အောက်တိုဘာ ၂၈

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၂၀ ရွေးကောက်ပွဲအတွက် အောက်တိုဘာလ ၂၉ ရက် (ယနေ့)တွင် ကြိုတင်မဲပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ဦးဝင်းမြင့်သည် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၏ မဲဆန္ဒနယ်ပြင်ပဖြစ်သည့် နေပြည်တော်တွင် ရောက်ရှိနေသောကြောင့်လည်းကောင်း ဒေါ်အောင်ဆန်း စုကြည်သည် ဗဟန်းမြို့နယ်ပြင်ပရောက်ရှိနေသောကြောင့်လည်းကောင်း ယင်းနယ်မြေများမှ ကိုယ်စားလှယ်လောင်းများအတွက် မဲပေးခြင်းဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းများအရ မိမိမဲစာရင်းပါရှိသည့် မြို့နယ်သို့မပြန်နိုင်ပါက ပုံစံ-၁၅ လျှေက်၍ ကြိုတင်မဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

နိုင်ငံတော်၏ လက်ရှိခေါင်းဆောင်နှစ်ဦး ကြိုတင်မဲပေးခြင်းကို နေပြည်တော်ကောင်စီနယ်မြေ ဇမ္မူသီရိမြို့နယ်ရှိ နေပြည်တော်ကောင်စီရုံးဝင်းအတွင်း ပြုလုပ်မည်ဖြစ်ပြီး နေပြည်တော်အခြေစိုက် မီဒီယာ ၃၈ ခုမှ သတင်းထောက် ၃၈ ဦးကို သတင်းနှင့် ဓာတ်ပုံရယူရန်ခွင့်ပြုပေးထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်သောကြောင့် ရွေးကောက်ပွဲကျင်းပရန် ၁၁ ရက်သာ လိုတော့သည်။

S-01