News

POST TYPE

2020 ELECTION

မလှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ထပ်မံရွေးချယ်ခံမည့် ဒေါ်သီတာငြိမ်းနှင့်တွေ့ဆုံခြင်း
27-Oct-2020
"ပြည်နယ်နဲ့ တိုင်းလွှတ်တော်တွေ အခုထက် ပိုအားကောင်းဖို့ဆိုရင် ဖွဲ့စည်းပုံအရ ဥပဒေပြုခွင့်အာဏာ ဒီထက်ကျယ်ပြန့်ရပါမယ်"



လက်ရှိတွင် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မလှိုင် မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ထပ်မံရွေးချယ်ခံမည့် ဒေါ်သီတာငြိမ်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : လွှတ်တော်ကိုယ်စားလှယ်မဖြစ်ခင် နိုင်ငံ ရေးဖြတ်သန်းမှုအခြေအနေကို သိချင်ပါတယ်။
DTDN : ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံမှာ  နိုင်ငံရေးနဲ့စပြီး ထိတွေ့ခဲ့ပါတယ်။ အဲ့ဒီနောက် မိသားစု စားဝတ်နေရေးအတွက် စင်ကာပူနိုင်ငံကို အလုပ်လုပ် ဖို့ ထွက်သွားခဲ့တဲ့အတွက် နိုင်ငံရေးနဲ့ပြန်လည် ကင်းကွာ သွားခဲ့ပြီးတော့ ၂၀၁၂ ကိုမင်းကိုနိုင်တို့ရဲ့ ငြိမ်းပွင့်ခရီး စဉ်နဲ့မှ နိုင်ငံရေးအလုပ်တွေ ပြန်လုပ်ဖြစ်ခဲ့တယ်။ အဲ့ဒီ နောက် မလှိုင်မြို့နယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ပြည်သူ့အရေးကိစ္စတွေ လုပ်ကိုင်နေရင်း ၂၀၁၅ မှာ မြို့နယ်ရဲ့လိုအပ်ချက်အရ NLD ပါတီကရွေးချယ်ခဲ့တဲ့အတွက် မန္တလေးတိုင်း လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ခဲ့တာမှာ  မဲဆန္ဒရှင်ပြည်သူများရဲ့ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

Voice : ၂၀၁၅ မှာ NLD ပါတီကနေ ပါဝင်ရွေး ချယ်ခံလို့ မန္တလေးတိုင်းလွှတ်တော်တက်ခွင့်ရခဲ့တယ် ပေါ့။ ဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ထပ်ပြိုင်ရတဲ့ အကြောင်းက။
DTDN : ၂၀၂၀ မှာ ထပ်ပြိုင်ရတဲ့ အဓိကအကြောင်း ရင်းက မျိုးဆက်အသီးသီး တော်လှန်ရေးလုပ်ရခြင်းရဲ့ ပန်းတိုင်ဖြစ်တဲ့ စစ်မှန်တဲ့ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုမဖြစ်သေးဘူး။ အများပြည်သူ သဘောတူ တဲ့ ဖွဲ့စည်းပုံတစ်ရပ်လည်း မရေးဆွဲနိုင်သေးဘူး။ လက်ရှိ အစိုးရလည်း ၂၀ဝ၈ ဖွဲ့စည်းပုံအောက်မှာ အကျပ်  အတည်းအများကြီးနဲ့ ရင်ဆိုင်နေရတယ်။ ပြည်တွင်းစစ်မီးလောင်လို့ကောင်းတုန်း၊ တရားဥပဒေစိုးမိုးမှု အားနည်းနေတုန်း၊ ပြည်သူတွေ အခက်အခဲအများကြီး ရင်ဆိုင်နေရတုန်းပဲ ရှိပါသေးတယ်။ အဲ့ဒီလို မပြီး သေးတဲ့အလုပ်တွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ ဆက်လုပ်နိုင်ဖို့ ထပ်မံအရွေးချယ်ခံခြင်း ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။

Voice : လက်ရှိမှာကလည်း ရွေးကောက်ခံအမတ် ဖြစ်နေတယ်ဆိုတော့ လွှတ်တော်သက်တမ်း ငါးနှစ် တာကာလမှာ ကိုယ်တိုင်ဆောင်ရွက်ခဲ့တာနဲ့ပတ်သက် ပြီး အားရကျေနပ်တာရှိလား။ ပြည်သူတွေရဲ့ အားပေး ထောက်ခံမှု၊ ယုံကြည်မှု ဘယ်လောက်ရခဲ့လဲ။
DTDN : နှစ်ပိုင်းခွဲပြောချင်တယ်။ တစ်ပိုင်းက ဒေသဖွံ့ဖြိုးရေးကိစ္စတွေနဲ့ ပတ်သက်လို့တော့ အတိုင်းအတာတစ်ခုအထိ အားရကျေနပ်မှုရှိတယ်လို့ ပြောချင်တယ်။ နောက်တစ်ပိုင်းက ဌာနဆိုင်ရာတွေ နဲ့ပတ်သက်ပြီး ပြည်သူလူထုကြုံတွေ့နေရတဲ့အခက် အခဲတွေ ကူညီဖြေရှင်းပေးရတဲ့နေရာမှာတော့ အားရ ကျေနပ်မှုနည်းတယ်။ မန္တလေးတိုင်း အစိုးရအနေနဲ့ လည်း လုပ်ပိုင်ခွင့်အကျပ်အတည်း(၂၀ဝ၈ ဖွဲ့စည်းပုံ အကျပ်အတည်းဆိုရင် ပိုမှန်မယ်ထင်တယ်) ကြောင့်  ဌာနဆိုင်ရာတွေကို စီမံကွပ်ကဲတဲ့နေရာမှာ အကန့် အသတ်၊ အခက်အခဲတွေ အများကြီးဖြစ်နေတယ်လို့ မြင်တယ်။ အဲ့ဒီအတွက် ပြည်သူလူထုနဲ့ အနီးကပ် ထိတွေ့ဆက်ဆံရတဲ့ ကျွန်မတို့က ပြည်သူ့အခက်အခဲ ကို မဖြေရှင်းပေးနိုင်ရင် အများကြီးစိတ်ညစ်ရတယ်။ ပြည်သူတွေရဲ့ အားပေးထောက်ခံမှု၊ ယုံကြည်မှုက တော့ ရာနှုန်းပြည့် မဟုတ်ရင်တောင် အတိုင်းအတာ တစ်ခုအထိတော့ ရခဲ့တယ်လို့ထင်ပါတယ်။

Voice : ပြီးခဲ့တဲ့လွှတ်တော်ကာလမှာ အစ်မအပါ အဝင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ တကြွ်ကစွာ ပါဝင်ဆွေးနွေးခဲ့ရတာတွေ ရှိခဲ့တယ်။ ဒါပေမဲ့ အောင်မြင်ခဲ့တာတွေရှိသလို မအောင်မြင်ခဲ့တာတွေလည်းရှိတယ်လို့ ထင်ပါတယ်။ ဒီအပေါ် မှာရော ဘာပြောစရာရှိလဲ။
DTDN : ကျွန်မတို့ အမျိုးသမီးလွှတ်တော်ကိုယ် စားလှယ်တွေ ညီညီညွတ်ညွတ်၊ တက်တကြွ်ကြွက  ပါဝင်ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေ အတိုင်းအတာ တစ်ခုအထိ အောင်မြင်ခဲ့တယ်လို့ပဲ ပြောချင်ပါတယ်။

Voice : လက်ရှိလွှတ်တော်ကို ဝေဖန်လို့မရပေမယ့်  လွှတ်တော်ထဲမှာ ငြင်းကြခုံကြပြီးတော့ ဆွေးနွေးတာ မျိုး သိပ်မတွေ့ရဘူး။ အဲဒါ ဘာလို့လဲ။ ဘာကန့်သတ် ချက်တွေရှိလဲ။ လွှတ်တော်အားကောင်းဖို့ဆိုရင် ဘာ တွေလိုမလဲ။
DTDN : အဆိုတွေ၊ မေးခွန်းတွေ ကြိုတင်ရတာ ကလွဲရင် ထူးထူးခြားခြား ဘာကန့်သတ်ချက်မှမရှိပါ ဘူး။ ပြည်နယ်နဲ့တိုင်းလွှတ်တော်တွေ အခုထက် ပိုအား ကောင်းဖို့ဆိုရင် ဖွဲ့စည်းပုံအရ ဥပဒေပြုခွင့်အာဏာ ဒီထက်ကျယ်ပြန့်ရပါမယ်။ အဲ့ဒီအတွက် ၂၀ဝ၈ ဖွဲ့စည်း ပုံကို မဖြစ်မနေပြင်ဖို့လိုပါလိမ့်မယ်။ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ပြည်သူလူထုကရွေးချယ်တင်မြှောက် လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ၁၀ဝ ရာခိုင်နှုန်း လွှတ်တော်ထဲမှာ ရှိဖို့လည်းလိုပါလိမ့်မယ်။

Voice : ပြည်သူ့အသံ လွှတ်တော်အသံလို့ပြော ကြတယ်။ ပြည်သူ့အသံကရော ဘယ်လောက်အရေး ကြီးလဲ။ လွှတ်တော်အသံကရော ဘယ်လောက်အရေး ကြီးသလဲ။
DTDN : ဒီမိုကရေစီတိုင်းပြည်တွေမှာ အာဏာဟာ ပြည်သူလူထုဆီကနေ ဆင်းသက်တာဖြစ်တဲ့အတွက် ပြည်သူ့အသံဟာ အရေးအကြီးဆုံးလို့ မြင်ပါတယ်။ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ ၁၀ဝ ရာခိုင်နှုန်းရှိတဲ့ လွှတ်တော်ရဲ့အသံဆို ရင်တော့ ပြည်သူ့အသံနဲ့ လွှတ်တော်ရဲ့အသံဟာ အတူတူပဲလို့ ပြောရမယ်ထင်ပါတယ်။

Voice : ဖြစ်စေချင်တဲ့ တိုင်းလွှတ်တော်ပုံစံရော ရှိလား။
DTDN : ဖွဲ့စည်းပုံအရ အခုထက် ဥပဒေပြုခွင့်အာဏာ ပိုကျယ်ပြန့်တဲ့၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက် လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ၁၀ဝ ရာခိုင် နှုန်းရှိတဲ့လွှတ်တော်မျိုး ဖြစ်ချင်ပါတယ်။

Voice : အစ်မက လက်ရှိမှာလည်း လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ဆိုတော့ ပြည်သူနဲ့ကင်း ကွာခဲ့တဲ့ ကိုယ်စားလှယ်တွေကို ဘာပြောချင်လဲ။ ပြီးတော့ အဲဒီလို ပြည်သူအကြိုက်နည်းတဲ့ကိုယ်စား လှယ်တွေ ပြန်ပါလာတဲ့အပေါ်မှာရော ဘာမှတ်ချက် ပေးချင်လဲ။ 
DTDN : လွှတ်တော်ကိုယ်စားလှယ်ဟာ ပြည်သူနဲ့ ကင်းကွာတယ်ဆိုရင်တော့ မဖြစ်သင့်ဘူးလို့ ပြောချင် တယ်။ ပြည်သူအကြိုက်နည်းတဲ့သူတွေ ပြန်ပါလာ လား၊ မပါလာလား ကျွန်မတိတိကျကျမသိတဲ့အတွက် ဘာမှတ်ချက်မှ မပေးလိုပါဘူး။ ကျွန်မရဲ့မဲဆန္ဒနယ်ကပြည်သူတွေအနေနဲ့ ကျွန်မကို အတိုင်းအတာတစ်ခု အထိတော့ လက်ခံတယ်လို့ ထင်ပါတယ်။

Voice : အရင်အစိုးရလက်ထက် ပထမအကြိမ် လွှတ်တော်နဲ့ NLDအစိုးရလက်ထက် ဒုတိယအကြိမ် လွှတ်တော် သက်တမ်းနှစ်ခု နှိုင်းယှဉ်မယ်ဆိုရင် ဘာ တွေကွာခြားနေလဲ။
DTDN : အရင်အစိုးရလက်ထက် ပထမအကြိမ် လွှတ်တော်နဲ့ NLD အစိုးရလက်ထက် ဒုတိယအကြိမ် လွှတ်တော် နှစ်ကြိမ်လုံးဟာ ၂၀ဝ၈ ဖွဲ့စည်းပုံကြောင့် အကန့်အသတ်တွေ အများကြီးရှိတာချင်းတော့ တူပါ တယ်။ ဒါပေမဲ့ NLD အစိုးရလက်ထက် ဒုတိယအကြိမ် လွှတ်တော်ကို ပထမအကြိမ် လွှတ်တော်ထက် ပြည်သူ လူထုက စိတ်ဝင်စားမှု ပိုရှိတယ်။ နောက်ပြီး ယုံကြည်မှု လည်းပိုရှိတယ်လို့ ထင်ပါတယ်။

Voice : ၂၀၁၅ ရွေးကောက်ပွဲ ကမ်ပိန်းကာလတုန်း က မဲဆန္ဒရှင်တွေကို ကတိပေးခဲ့တာရှိလား။ ခုရော ဘာကတိ ထပ်ပေးချင်လဲ။
DTDN : ကျွန်မတို့တိုင်းပြည်မှာ အကျင့်ပျက် ခြစားမှုတွေ၊ လုပ်ပိုင်ခွင့်ကို ကိုယ်ကျိုးအသုံးချမှုတွေ က နှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့တယ်။ အဲ့ဒါကို ကျွန်မကိုယ်တိုင်မကြိုက်သလို ပြည်သူတစ်ရပ်လုံးက လည်း မကြိုက်ကြဘူး။ အဲ့ဒီအတွက် ၂၀၁၅ ရွေးကောက် ပွဲကမ်ပိန်းကာလတုန်းက ကျွန်မကိုသာ ပြည်သူတွေ က ရွေးချယ်ခဲ့မယ်ဆိုရင် ကျွန်မအနေနဲ့ ပြည်သူလူထု ကအပ်နှင်းတဲ့ လုပ်ပိုင်ခွင့်တာဝန်ကို ကိုယ်ကျိုးအတွက် ဘယ်တော့မှ အသုံးမချဘူးဆိုတဲ့ ကတိရယ်၊ တိုင်းပြည် ဘဏ္ဍာကိုလည်း ဘယ်တော့မှ အလွဲသုံးစား မလုပ်ပါ ဘူးဆိုတဲ့ကတိရယ် ပေးခဲ့တယ်။ ပေးခဲ့တဲ့ကတိလည်း တည်ခဲ့ပါတယ်။ ၂၀၂၀ မှာလည်း မဲဆန္ဒရှင်ပြည်သူတွေ ကို အဲ့ဒီကတိနှစ်ခုလည်း ထပ်ပေးချင်တယ်။ နောက်ပြီး တော့ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းပါ မူဝါဒတွေနဲ့အညီ နိုင်ငံတစ်ဝန်းလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာဖို့ကိုလည်း ပြည်သူတစ်ရပ်လုံးနဲ့ အတူ သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် ထမ်းဆောင် သွားပါမယ်ဆိုတဲ့ကတိကိုလည်း ထပ်ဖြည့်ပေးချင်ပါ တယ်။

Voice : ခုလက်ရှိ မဲဆွယ်နေချိန် ပြည်သူတွေရဲ့ အားပေးထောက်ခံမှုက ၂၀၁၅ နဲ့နှိုင်းယှဉ်ရင် ဘယ်လို ရှိသလဲ။
DTDN : ၂၀၁၅ နဲ့နှိုင်းယှဉ်ရရင် ၂၀၂၀ မှာ ပြည်သူ တွေရဲ့အားပေးထောက်ခံမှုက အများကြီးပိုလာတယ် လို့ ပြောချင်ပါတယ်။ အခုအချိန်မှာ အဖွဲ့ချုပ်ရဲ့ လွှတ် တော်ကိုယ်စားလှယ်လောင်းတွေ စည်းရုံးရေးလုပ်နေ တာထက် ပြည်သူတွေက သူတို့အချင်းချင်း အဖွဲ့ချုပ် ကိုမဲပေးဖို့ စည်းရုံးနေတာက ပိုများနေတယ်လို့မြင် ပါတယ်။

Voice : ဖြည့်စွက်ပြောစရာရှိရင် ပြောပေးပါ။
DTDN : ဒီမိုကရေစီစံနှုန်းများနဲ့အညီ ဖွံ့ဖြိုးတိုး တက်ပြီးတော့ နိုင်ငံတကာနဲ့ရင်ပေါင်တန်းဆောင်ရွက် နိုင်တဲ့ လူငယ်မျိုးဆက်တွေ အမျိုးသမီးမျိုးဆက်တွေ ပေါ်ထွန်းလာဖို့၊ ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်နိုင်ဖို့၊ တရားတဲ့ဥပဒေတွေစိုးမိုးဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ စတဲ့ မပြီးသေးတဲ့ အလုပ်တွေ ဆက်လုပ်နိုင်ဖို့ နိုဝင်ဘာလ ၈ ရက် ရွေးကောက် ပွဲနေ့မှာ ပြည်သူတစ်ရပ်လုံးအနေနဲ့ အဖွဲ့ချုပ်ကိုယ် စားလှယ်လောင်းတွေကို တစ်ခဲနက် ထောက်ခံမဲပေး ကြပါလို့ပဲ ပြောချင်ပါတယ်။