News

POST TYPE

2020 ELECTION

ရွေးကောက်ပွဲသည် တရားမျှတမှု အလွန်နည်းသည့် အခြေအနေဖြစ်ပေါ်သည်ဟုဆို
17-Oct-2020


ရန်ကုန်၊ အောက်တိုဘာ ၁၇ 

၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ (၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲသည် တရားမျှ တမှု အလွန်နည်းပါးသည့် အခြေအနေဖြစ်ပေါ်နေကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီ ကိုယ်စားပြုပြီး ဆွမ်ပရာ ဘွမ်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးအင်ဂျိုင်းနော်ဂျာက သုံးသပ်ပြောကြားသည်။

“အခု ရွေးကောက်ပွဲက တရားမျှတမှု ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကချင်အများစု နေထိုင်တဲ့ မဲဆန္ဒနယ်တွေ ရုပ်သိမ်းခံရတယ်။ အခုလို အပယ်ခံရတဲ့ မဲဆန္ဒနယ်များတဲ့အတွက် မဲပေးခွင့်ဆုံးရှုံးမှု အရမ်းများ တယ်။ တအားနစ်နာတယ်။ အခုဖြုတ် သိမ်းတဲ့နေရာတွေက အစိုးရနဲ့မနီးစပ်သူတွေများတယ်လေ။ သူတို့ကို မဲပေးလို့ရအောင် စီမံခန့်ခွဲလို့ရတဲ့အရာကို မစီမံမခန့်ခွဲပဲနဲ့ပယ်ထုတ်လိုက်တယ်ဆိုတော့ အဲဒီမှာရှိတဲ့ ကချင်ပြည် သူပြည်သားတွေက မဲထည့်ပိုင်ခွင့်မရှိအောင်ဖြစ်သွားတာပေါ့။တရားမျှတမှု အလားအလာ အလွန်နည်းတဲ့ အ ခြေအနေဖြစ်ပေါ်လာတယ်လို့ သုံးသပ်မိပါတယ်။”ဟု ၎င်းကဆိုသည်။ 

၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် ဆွမ်ပရာဘွမ်မြို့နယ်တွင် ဖုန်ဝဲယန်၊ကွမ်ရှင်မာကျယ်၊ပုံအင်ခူး၊ အင်ယမ်ဂါး၊ ရှကရင် တူ၊ မလီယန်၊ဆိုင်ရန်၊ ရှက ရမ်ဂါး၊ ထိန်နန်၊ ဂမ္မဂျောင်၊ ဘွမ်ဝမ်၊ အင်ဒိန်ဒိန်ဆာ၊ ရှကျွမ်၊ ဝါ့ဖောင်၊ လုံကန်၊ နိမ္မာ၊ အင်ဒိန်ကော့နန်၊ ဆန်ထူ၊ အင်ဂန်အူမား၊ လထွန်က ထောင်၊ လုံဝမ်၊ အင်ရှီခူး၊ ဂျာထုံအူမား၊ အင်ခိုင်၊ ခင်ဒေါင်၊ ပင်လွမ်းဘွမ်၊ အွမ်လထွမ်း၊ ထွမ်ရှင်ကော့နန်း၊ ဒူရစ်၊ မဂေါ်ဂါး၊ တုန်ယန်ကျေး ရွာအုပ်စုတို့ကို ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

“အဲဒါတွေက လွန်ခဲ့တဲ့ရွေးကောက်ပွဲတွေတုန်းက သတ်မှတ်ထားခဲ့တာတွေကို ပြန်ကြေညာပေးတာပါ၊ အသစ် ထပ်တိုး ကြေညာတာမရှိပါဘူး၊ ရွေးကောက်ပွဲအတွက်ကတော့ သူ့ပါတီနဲ့သူ မဲဆွယ်နေကြတာတွေရှိပါတယ်။ ကျွန်တော်တို့ဝင်ပြိုင်မှာက ကချင် အထူးဒေသ(၁)ငြိမ်းချမ်းရေးယူထားတဲ့ဒေသဆိုတော့ အားလုံးက အန္တရယ် ကင်းကင်းနဲ့ အေးအေး ဆေးဆေးပဲ လှုပ်ရှားနေကြတယ်။ ကော်မရှင်က သတ်မှတ်ပေးထားတဲ့နေရာတွေမှာ ကွင်းဆင်း စည်းရုံးမှုရှိပါတယ်။”ဟု ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီ အထွေထွေအတွင်းရေးမှူး ဦးခေါန်တိန့်က The Voice Daily သို့ရှင်းပြသည်။

ဒီမိုကရေစီပါတီသစ်(ကချင်)အနေဖြင့် ချီဖွေ၊ဆော့လော်၊ဝိုင်းမော်မြို့နယ်သုံးခုကို အဓိကထားယှဉ်ပြိုင်မည်ဖြစ် ပြီး ချီဖွေမြို့နယ်တွင် နလော၊ဇန်နောင်၊ဖလာကျေးရွာ၊ဗျော်လီ၊မျောမောပါ၊ဖောင်ဖမ့်၊မြစ်နော့၊မန့်ဒုန့်၊ ဖရဲကျေးရွာ အုပ်စုတို့တွင် လည်းကောင်း၊ ဆော့လော်မြို့နယ်တွင် ဂေါ့မော၊ နန်ဘုတ်၊ လောင်လန်၊ ဇန်ယူ၊ဘုတ်ရန်၊ ရှဖတ်၊ ဝမြစ်၊ လာဇာကျေးရွာအုပ်စုတို့တွင် လည်းကောင်း၊ ဝိုင်းမော်မြို့နယ်တွင် ဂါးရာယန်၊ ဆဖား၊ ဖေါ့ဒေါ့၊ စန်ပိုင်၊ က ဇူး၊ ဒဘတ်ယန်၊ ကန်တော်ယန်၊ လော့ပွန်၊ လုထောင်၊ဖုန်ကရော်၊ လဖိုင်၊ဆဂါပါ၊ ဇီးကျွန်းကျေးရွာအုပ်စုတို့တွင် လည်းကောင်းရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှသိရသည်။

ကချင်ပြည်နယ်အတွင်း အလားတူ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့်နေရာများမှာ ခေါင်လန်ဖူးမြို့နယ်တွင် မရှော ခူးကျေးရွာအုပ်စုကို လည်းကောင်း၊ မချမ်းဘောမြို့နယ်တွင် ရှင်နော်ဂါး၊ ဒေါင်ရှာလာ (ဒေါင် ဂါး)၊ အင်ခင့် ဝါကာ၊ လရုတင်ကော့၊ ပဆီဒမ်၊ အင်ဒန်ဂါး၊ ဝါလန်ဂါး၊ အင်ခန်ဂါ ရွန်ခူး၊ နွမ်လာတွမ်ခူး၊ တန်ဖန်ဂါး၊ လရှတွန်ခန်၊ ဒဂွမ်ဂါး၊ထိန်ဘူဂါး၊ မဂေါင်ဒေါင်ဖွတ်၊ ရှဒွန်ဂါးကျေးရွာအုပ်စုတို့ကို လည်းကောင်း၊ မံစီမြို့နယ်တွင် မဒန်ယန်၊ ကိုက်ထိပ်၊ ဂျေဆွမ်း၊လဂျောင်၊ အူရာဘွမ်း၊ အင်ဘာပါ၊ဇိန်ရောင်၊ ဒွမ် ဘွတ်၊ ဂိုင်ဒေါ်မန်ဘန်(မန်ဘန်ဘွမ်း)၊ ခနားပါ၊ဆဒုံး၊မိုင်ဘတ်၊ တုန်ဟုန်း၊ ဒိန်ဆိန်း(ဒိန်ဆိန်းပါ)၊ နမ့်ခါးပါ၊လဂါတ် ဒေါ့၊ ဇော်ဘုံထိန်နု၊ဘန်ဂေါ်ထိန်နု၊ အူလန်ပါ၊ နန့်လင်းပါ၊ တမော်၊လခွမ်းယာမာတို့ကိုလည်းကောင်း၊ မိုးမောက် မြို့နယ်တွင် ဇီးဝုန်ဂေါ့၊ မကျန်၊ အင် ဘောမိုင် ကျင်း၊ဖကောန်၊ ပရန်ဟူဒုံး၊ မရူဝါထန်၊ ခရိန်းမူးဒန်၊ ကောင်းဆာ၊ ဒိန်ဂါယန်၊ တုန်ဟုန်းယန်၊ လိုင်လွမ် လီဆော၊ ပန်ခတ်၊ စိန်လုံကရင်ဂျီ၊ ပရန်ငေါန်၊ ကလဲချက်၊ မံမော်ကောင်၊ ဘလောင်ကောင်၊ဘွမ်ကထောင်၊ ကွမ်း ရှီး(ပွမ်းရှီး)၊ ဘွမ်တောန်၊လော့ခွမ်တို့ကိုလည်းကောင်း၊ ရွှေကူမြို့နယ် တွင် နမ့်ခူး၊လဖိုင်ကထောင်၊ ဖလပ်လွယ် ဘော်၊ ဒါ့ရှီလွယ်ဘော်၊ ကင်လားကောင်၊ ဖာ့ဝတ်၊ပန်ခွန်ယန်၊ ခါ့ဖောက်၊ ခါ့ဘရောင်ကျေးရွာအုပ်စုတို့ကို လည်း ကောင်း ကြေညာထားသည်။

အလားတူ တနိုင်းမြို့နယ်တွင် အောင်လော့ဒ်၊နမ့်ခမ့်ပ့ါ(ခ)နမ်ဗျူ ကျေးရွာ အုပ်စုတို့ကို လည်းကောင်း၊ အင်ဂျန်း ယန်မြို့နယ်တွင် ရှဂရီဘွမ်၊ မထွမ်၊အင်ဒုံးယန်၊ဖုန်ဂန်၊ အင်ဖျင်ဂါး၊ ပင် လောင်၊ ဂျိန်မာယန်၊ အင်ပေါက် ချက်၊ ဆွမ်ဖောင်း၊ လဇီးဂွမ်ရန်လာ၊ လဝါ့ယန်၊ကကျီးထူ၊ကထန်တူ၊အင်ဂွမ်းလ၊ ကဒေါ့ဇွမ်၊အင်ဂျွန်ဂါး၊ မိုင်ရွန်း၊ ဆမ်ဖွမ်ဂါး၊ဆွမ်မာတူ၊ဆလော်ဒိန်ဆာ၊ ရှဒန်လော့ခွမ်၊အင်မန်ခဂျန်၊ မိုင်ထောင်၊  အစရှိသည့် နယ်မြေများတွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်ပေ။

S-08