News

POST TYPE

2020 ELECTION

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် တွေ့ဆုံခြင်း
29-Jul-2020
“ဒေသခံက လက်မခံဘဲနဲ့ ဗဟိုက ချပေးလို့ဆိုပြီးတော့ ပဋိပက္ခဖြစ်တဲ့ ကိစ္စမျိုးတွေကို ကျွန်တော်တို့ကိုယ်တိုင်လည်း သင်ခန်းစာယူပါတယ်”



နိုဝင်ဘာလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ The Voice Daily က ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် သွားရောက်တွေ့ဆုံ၍ မေးမြန်း ထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘာတွေ ပြင်ဆင်ထားလဲ။    
UKKK : ပါတီသက်တမ်းက ရှေ့လထဲမှာ ၂ နှစ် ပြည့်မှာ။ ဒီအတောအတွင်း တစ်နိုင်ငံလုံးအနှံ့ စည်းရုံးရေး၊ ရုံးခန်းတွေ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေ တယ်။ အခုက COVID-19 ကာလ ကြုံလိုက်ရတဲ့အခါ ကျတော့ လှုပ်ရှားမှုအားလုံးကို ဆိုင်းငံ့ထားရတယ်။ အခုတော့ နည်းနည်းလေးဖြေလျှော့လာတဲ့အချိန်မှာ ရုံးခန်းတွေကို အကျဉ်းချုံးဖွင့်လှစ်တဲ့ကိစ္စတွေ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ နောက်တစ်ခုက တော့ ပါတီဝင်တွေကို အခါအားလျော်စွာ သင်တန်း စေလွှတ်ပေးတဲ့ ကိစ္စတွေရှိတယ်။ အခုကတော့ ရွေးကောက်ပွဲ ကာလဖြစ်လို့ ရွေးကောက်ပွဲ ပြင်ဆင်ရေး ကော်မတီ တွေကို မြို့နယ်အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်ဗဟို အထိ အဆင့်ဆင့်ဖွဲ့စည်းပြီးတော့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းတဲ့ ကိစ္စလုပ်ဖို့ ပါတီဗဟိုကို တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဆင့်ရဲ့သဘောထား မှတ်ချက်တွေနဲ့တကွ ပေးပို့လွှာတွေအားလုံး ရောက်ပါ ပြီ။ တချို့တိုင်းနဲ့ ပြည်နယ်တွေဆိုရင်လည်း စိစစ်ပြီး လို့ သူတို့ကိုကိုယ်စားလှယ်လောင်းအဖြစ်နဲ့ အတည်ပြု တဲ့ အကြောင်းကြားစာတွေလည်း ပို့ထားတာရှိပါ တယ်။ ဒါကတော့ လူပုဂ္ဂိုလ်တွေကို စိစစ်လိုက်တာ ပေါ့။ သို့သော် ဘယ်မြို့နယ်မှာ ဘယ်သူတွေက  ဘယ် မြို့နယ်၊ ဘယ်လွှတ်တော်မှာ ဝင်မယ်ဆိုတဲ့ အသေးစိတ် ကို ဒီလကုန်ပိုင်း ရှေ့လဆန်းလောက်မှာ တရားဝင် ထုတ်ပြန်မှာဖြစ်ပါတယ်။ ဒါတစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ရွေးကောက်ဝင်နိုင်မယ့် ကိုယ်စားလှယ်လောင်း တွေ စိစစ်နေတဲ့အပိုင်းပေါ့။

Voice : ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကတော့ ဘယ်လိုမူဝါဒတွေနဲ့ ရွေးချယ်ထားလဲ။
UKKK : ပါတီစတည်ကတည်းက နိုင်ငံရေးလှုပ်ရှားမှု မှာ တကြွ်ကလှုပ်ရှားသူတွေကို အခြေခံပြီးတော့ မျိုးဆက် အသီးသီး၊ နယ်ပယ်အသီးသီးက ဒီနိုင်ငံပြုပြင်ပြောင်းလဲ ရေးကို စိတ်ကောင်းစေတနာကောင်းရှိတဲ့ပုဂ္ဂိုလ်တွေ ပါဝင်အောင် စုစည်းထားတာဖြစ်တယ်။ အဲဒီပုဂ္ဂိုလ်တွေ ရဲ့ နိုင်ငံရေးဖြတ်သန်းမှု၊ နိုင်ငံရေးအတွေ့အကြုံ၊ နိုင်ငံရေး အသိစိတ် အဓိကကျပါတယ်။ တချို့ကျတော့လည်း ပရဟိတလုပ်ငန်းတွေမှာ၊ သက်ဆိုင်ရာနယ်မြေတွေမှာ ထင်ရှားတဲ့ လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေလည်း ပါတယ်။ နိုင်ငံရေးဖြတ်သန်းမှု၊ လူမှုရေးပရဟိတ ဆောင်ရွက်မှု၊ အကျင့်စာရိတ္တ၊ သူ့ ဒေသမှာလူသိများတဲ့ ဂုဏ်သတင်းကောင်းရှိတဲ့ လူမျိုး တွေလည်းဖြစ်ဖို့ ထည့်သွင်းစဉ်းစားပါတယ်။ ပညာ အရည်အချင်းအားဖြင့်ကတော့ ယေဘုယျ ၁၀ တန်း၊ အခြေခံပညာ အထက်တန်းအဆင့်လောက် သတ်မှတ်ပါ တယ်။ ပညာရေးကတော့ တတ်လေကောင်းလေပေါ့။ သို့သော်လည်း တချို့ကျတော့လည်း နိုင်ငံရေး ဖြတ်သန်းမှု တောက်လျှောက်ရှိခဲ့တဲ့ အားကောင်းတဲ့ ပုဂ္ဂိုလ်တွေကိုတော့ ြွခင်းချက်နဲ့ ပညာအရည်အချင်း ကို ပြန်ပြီးတော့ ညှိနှိုင်းပြီးတော့ ဆုံးဖြတ်တာတွေ ရှိပါတယ်။ အဓိကနိုင်ငံရေးဖြတ်သန်းမှုရှိပြီး ဒေသခံရဲ့ ထောက်ခံချက်ရမှုပေါ့။ မဟုတ်ရင် ဒေသခံက လက်မခံ ဘဲနဲ့ ဗဟိုကချပေးလို့ဆိုပြီးတော့ ပဋိပက္ခဖြစ်တဲ့ကိစ္စ မျိုးတွေကို ကျွန်တော်တို့ကိုယ်တိုင်လည်း သင်ခန်းစာ ယူပါတယ်။ အများစုက ဒေသခံတင်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ တကယ်လို့ ဗဟိုကလူတောင်းရင်တောင် မှ ဒေသခံလက်ခံအောင် ဆွေးနွေးညှိနှိုင်းပြီးမှ ဆောင်ရွက် ပါတယ်။ 

Voice : အခုရွေးချယ်ထားတဲ့အထဲမှာ လူငယ်တွေ၊ အမျိုးသမီးတွေ ဘယ်လောက်ရာခိုင်နှုန်းလောက်ပါလဲ။ 
UKKK : အားလုံးအတည်ပြုပြီးသွားရင်တော့ အတိအကျထွက်လာမှာပါ။ အမျိုးသမီးတွေပါသလို၊ တိုင်းရင်းသားပိုင်းကလည်း ပါတယ်။ လူငယ်တွေလည်း ပါတယ်။ 

Voice : တိုင်းနဲ့ ပြည်နယ်မှာ အားလုံး ဘယ်လောက် အထိ ဝင်ပြိုင်သွားဖို့ရှိလဲ။ 
UKKK : များသောအားဖြင့် ပြည်မနေရာတွေမှာ ပြိုင်တာများပါတယ်။ တိုင်းရင်းသားဒေသတွေမှာ လည်း တချို့ပြိုင်ဖို့ရှိပါတယ်။ အဲဒီတိုင်းရင်းသားဒေသ တွေမှာ လူဦးရေပျံ့နှံ့တည်ရှိပုံနဲ့ ပါတီရဲ့အင်အားနဲ့ နောက်တစ်ခါ ဒေသခံပါတီတွေရဲ့ အခြေအနေတွေ အားလုံးဆွေးနွေးပြီးတော့ ဆုံးဖြတ်တာဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာတော့ သက်ဆိုင်ရာတိုင်းရင်းသား များကို ဦးစားပေးစဉ်းစားပါတယ်။ အခုကတော့ ကိုယ်စားလှယ်လောင်းအားလုံးစာရင်း ၁၄၀ လောက် ပါဝင်ယှဉ်ပြိုင်ဖို့ရှိပါတယ်။ နောက်ဆုံးတရားဝင်ထုတ်ပြန် တဲ့ အချိန်ကျရင်တော့ အတိအကျထွက်လာမှာပါ။ အထူးသဖြင့်ကတော့ ပါတီရုံးခန်းတွေရှိတဲ့နေရာကို စဉ်းစားပါတယ်။ စည်းရုံးရေးကော်မတီ၊ ဖြစ်မြောက်ရေး ကော်မတီ ရှိထားပြီးသားနေရာတွေမှာပဲ ကိုယ်စားလှယ် လောင်း တင်သွင်းတာတွေ ရှိပါတယ်။ 

Voice : အခုက ကိုဗစ်ကာလဖြစ်နေတဲ့အတွက် ရွေးကောက်ပွဲစည်းရုံးရေးကို ဘယ်လိုကျော်ဖြတ်မလဲ။ 
UKKK : အခုဟာက ကျွန်တော်တို့အတွက်လည်း အတွေ့အကြုံသစ်ပဲ။ အခုပဲ ကိုဗစ်သက်တမ်းတိုးတဲ့ဟာ ကလည်း ဆက်ပြီးတော့ တိုးနေတယ်။ ဆိုတော့ ကိုဗစ်နဲ့ ပတ်သက်လို့ ခပ်ခွာခွာနေပါတို့၊ မက်စ်တပ်ပါတို့ အစ ရှိသဖြင့် လူစုလူဝေးမလုပ်နဲ့ ဆိုတဲ့ကန့်သတ်ချက်တွေ က ရှိနေတယ်။ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုကျ တော့ အစောကြီးကြေညာထားပြီးပြီဆိုတော့ ကျွန်တော် တို့မှာ တော်တော်ခက်ပါတယ်။ နိုင်ငံရေးဆိုတာ လူတွေ နဲ့တွေ့ရမယ်၊ ဟောပြောရတယ်။ အခုဆိုရင် မဲစာရင်းစစ် ရမယ်။ မဲဆွယ်တဲ့ကိစ္စတွေမှာ ကိုဗစ်ကာလကန့်သတ် ချက်တွေ ရှိနေတဲ့အခါကျတော့ တော်တော်ခက်ပါ တယ်။ အွန်လိုင်းဆိုတဲ့ဟာကလည်း ပြောတော့သာ လွယ်တာ၊ မီးမှန်တဲ့ကိစ္စ၊ ဆက်သွယ်ရေးကွန်ရက်က အဝိုင်းလည်နေတဲ့ကိစ္စ ဆိုတဲ့အဲဒီလိုမျိုးအခြေအနေ မှာ အွန်လိုင်းကလုပ်ဖို့က တော်တော်ခက်ပါတယ်။ တစ်နိုင်ငံလုံး ဒေသအသီးသီးမှာရှိတဲ့ ရဲဘော်ရဲဘက် တွေအနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အတတ် နိုင်ဆုံးကြိုးစားကြမှာပါ။ သူတို့ကို သတိပေးထားတာက တော့ မက်စ်တပ်ပါ၊ လက်ဆေးဂျယ်လ်သုံးပါ၊ အနည်းဆုံး တော့ ခပ်ခွာခွာနေပြီး ထိတွေ့ဆက်ဆံကြဖို့ ပြောကြား ထားပါတယ်။ 

Voice : အစိုးရပိုင်းမှာ တာဝန်ယူထားတဲ့ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကနေ ပါတီစည်းရုံး ရေးပိုင်းမှာ လုပ်ဆောင်တဲ့အပေါ် ဘယ်လိုမြင်လဲ။ 
UKKK : နိုင်ငံသားတစ်ယောက်အနေနဲ့ မဲပေးခွင့် ရှိတယ်။ ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်လည်း ရှိတယ်။ မဲဆွယ်ခွင့်လည်း ရှိတယ်။ အဓိက နိုင်ငံတော်အဆောင် အယောင်တွေကို မသုံးစွဲဖို့၊ ဒါကတော့ မျှမျှတတရှိဖို့ သိပ်အရေးကြီးတယ်။ နိုင်ငံတော်အဆောင်အယောင် တွေ၊ အရှိန်အဝါတွေကို အသုံးချတာမျိုးကတော့ အစဉ်အလာကောင်း ပြသသွားသင့်တယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီပါတီမဟုတ်လို့ နောက်တစ်ပါတီ တက်လည်း ဒီအတိုင်းဆက်သုံးမယ်ဆိုရင် ကျွန်တော် တို့နိုင်ငံရဲ့ ဒီမိုကရေစီအတွက် အန္တရာယ်ရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာကတော့ အစိုးရဝန်ကြီး တွေ၊ သူ့ရဲ့ရာထူးသက်တမ်း အတောအတွင်းမှာ ပါတီ လုပ်ငန်းတွေ ဆောင်ရွက်ခြင်းမပြုရဘူးလို့ အတိအကျ ပြဋ္ဌာန်းထားပြီးသား ဖြစ်တယ်။ အခုကော်မရှင်ကထုတ် တဲ့ ၁၁၇။၂၀၂၀ မှာဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကွဲလွဲဆန့်ကျင်မှုဖြစ်နေတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကြိုက်ကြိုက်၊ မကြိုက်ကြိုက် နိုင်ငံတစ်နိုင်ငံမှာ အမြင့်ဆုံးဥပဒေဖြစ်တော့ သူနဲ့ဆန့်ကျင်ရင် ဆန့်ကျင်တဲ့ ဥပဒေက ပျက်ပြယ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက သာ လွှမ်းမိုးတယ်။ ဒီဟာက သမ္မတကြီး ဦးဝင်းမြင့် ကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ်ဘဝတုန်းက ကန့်ကွက်ခဲ့တာပဲ၊ မေးခွန်းမေးခဲ့တာပဲ။ အခုကိုယ်တိုင် လုပ်ပိုင်ခွင့်ရတဲ့အချိန်မှာ နမူနာကောင်းအဖြစ်နဲ့ ပြင်သွား သင့်တယ်။ အရင်လူက ဒါကိုအမြတ်ထုတ်သွားတယ် ဆိုရင် နောက်လူတွေလည်း ဆက်ပြီးအမြတ်မထုတ် နိုင်အောင် နမူနာကောင်းအနေနဲ့ ဆောင်ရွက်သွားသင့် တယ်လို့ မြင်တယ်။ 

Voice : ရွေးကောက်ပွဲကျင်းပတဲ့နေ့အထိ COVID-19 ကန့်သတ်ချက်တွေ ဖြေလျှော့မှုမရှိဘူးဆိုရင် ဘယ်လို အခက်အခဲတွေရှိမလဲ။
UKKK : ရွေးကောက်ပွဲကျင်းပတဲ့နေ့အထိ ဒီအတိုင်း သွားမယ်ဆိုရင် ရွေးကောက်ပွဲမဲပေးတဲ့သူတွေက မျက်နှာ အကာတွေ တပ်ရမလား။ တစ်ယောက်နဲ့ တစ်ယောက် ကို ရော ဘယ်နှမိနစ်ခြားပြီးလွှတ်မှာလဲ။ လူတန်းကြီး က တန်းစီနေမှာ။ တန်းစီနေတဲ့အခါကျတော့ ၃ ပေ အကွာ တန်းစီဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အဲဒီ အခါကျတော့ မဲပေးတဲ့အချိန် သုံးစွဲတဲ့ကာလပေါ့။ ဥပမာ- တစ်ယောက်ကို ဘယ်နှမိနစ်လဲ၊ မဲရုံတစ်ရုံမှာ မဲဆန္ဒရှင် ဘယ်လောက်ရှိရင် မဲပေးချိန် ဘယ်လောက်ကြာမလဲ၊ မဲရုံဖွင့်ချိန်အတွင်းမှာ ဒီအရေအတွက်က ဝင်ပါ့မလား ဆိုတာအစ မေးခွန်းထုတ်စရာတွေရှိတယ်။ ဒီအတိုင်း ကန့်သတ်မိန့်တွေနဲ့ ရွေးကောက်ပွဲကာလအထိ သွားမယ် ဆိုရင် ဘယ်လိုလုပ်မလဲ၊ COVID-19 နဲ့ ပတ်သက်တဲ့ ဥပဒေကို ချိုးဖောက်ပါတယ်လို့ အရေးယူတာမျိုးဖြစ်လာ ရင် ဘယ်လိုလုပ်မလဲ။ နောက်တစ်ခုက ရွေးကောက်ပွဲ နိုင်တဲ့သူ နိုင်ပြီးကာမှ အဲဒီကာလမှာ ကန့်သတ်ချက်တွေ ကို ချိုးဖောက်ပြီး မဲဆွယ်သွားခဲ့ပါတယ်လို့ တရားစွဲခဲ့ ရင် ဘယ်လိုလုပ်မလဲဆိုတာကအစ စိန်ခေါ်မှုတွေက အများကြီးပဲ။ အဲဒီထဲမှာမှ ရွေးကောက်ပွဲခုံရုံးပေါ့။ စုံစမ်းစစ်ဆေးတာတွေ၊ တရားမဲ့ပြုကျင့်မှုများ တိုင်တန်း တာတွေကို စစ်ဆေးဆုံးဖြတ်တာတွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက လေ့လာ ခွင့်မရတော့ဘူး။ ရွေးကောက်ပွဲသန့်ရှင်းမျှတမှုဖြစ်ဖို့ အတွက် စောင့်ကြည့်လေ့လာသူများရဲ့ အခန်းကဏ္ဍနိမ့်ကျသွားတာဟာ စိုးရိမ်စရာရှိတယ်လို့မြင်တယ်။ 

Voice : ကော်မရှင်ကို ဘယ်လိုတောင်းဆိုသွားဖို့ရှိလဲ။ 
UKKK : ကော်မရှင်ကို တရားဝင်စာတင်တယ်။ ဘာမှ အကြောင်းပြန်တာမရှိဘူး။ နိုင်ငံရေးပါတီတွေနဲ့ တွေ့တယ် ဆိုပြီး တွေ့တာရှိတယ်။ ပါတီတွေနဲ့ဆွေးနွေးတဲ့အချက် တွေကတခြား၊ ကော်မရှင်ဆုံးဖြတ်တာက တခြားပဲ။ ပါတီတွေရဲ့ ဆွေးနွေးချက်ကို ထည့်သွင်းစဉ်းစားပုံ မရဘူး။ 

Voice : ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကို ဘယ်လိုမြင်လဲ။  
UKKK : အခုပဲ မဲစာရင်းမပါတဲ့ဟာတွေ အသံထွက် လာတယ်။ တချို့ဆိုရင် မိသားစုလိုက် မဲစာရင်းမပါတဲ့ ဟာတွေ အသံထွက်နေတယ်။ မဲစာရင်းထဲမှာမပါလို့ သွားပြောတဲ့သူတွေကျတော့လည်း ပုံစံဖြည့်ဖို့ လမ်း အလိုက် ဘယ်နှနာရီလာပါ၊ ရက်ချိန်းတွေပေးတယ်။ အဲဒါတွေကလည်း တန်းစီနေရတာ။ မဲစာရင်းမှာ ကတည်းက အခုလိုအသံတွေထွက်လာတယ်။ အဲဒီ တော့ ကျွန်တော်တို့က လူအရပြောတာထက် မူအရ ပြောချင်တယ်။ သမာသမတ်ကျတယ်ဆိုရင် လူအပေါ် မူတည်တယ်။ ရွေးကောက်ပွဲမှာလည်း ဘယ်နှယောက် မဲပေးမှ၊ ဘယ်နှရာခိုင်နှုန်းမဲပေးမှ ရွေးကောက်ပွဲ အထမြောက်အောင်မြင်တယ် ဆိုတာလည်းမရှိဘူး။ အဲဒီတော့ မဲပေးနှုန်းကကျလာတယ်။ မဲပေးနှုန်းကျလာတဲ့ အထဲမှာမှ ကိုယ့်လူနဲ့ ကိုယ့်ကိုထောက်ခံတဲ့သူနဲ့ကိုယ် မဲအဆုံးအဖြတ်ဖြစ်သွားမယ်။ ပါတီတစ်ခုတည်းက အနိုင်ရပြီဆိုရင် အစိုးရရော၊ လွှတ်တော်ရော၊ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေရော၊ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲကော်မရှင်တို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးတို့၊ အဂတိတိုက်ဖျက်ရေး ကော်မရှင်တို့၊ လူ့အခွင့်အရေး ကော်မရှင်တို့ အစရှိတာတွေကိုလည်း အနိုင်ရပါတီက ခန့်အပ်တယ်ဆိုတဲ့ သဘောဖြစ်သွား တာဟာ ဒီမိုကရေစီ ခိုင်မာအားကောင်းဖို့အတွက် ဒီကော်မတီတွေဟာ အနိုင်ရပါတီတွေနဲ့ ချိတ်ဆက်တာ မျိုးမဟုတ်တဲ့ လွတ်လပ်တဲ့အဖွဲ့အစည်း ဖြစ်သင့် တယ်။ ဒါက မူအားဖြင့်ပြောတာပေါ့။ အဲဒါက ကိုယ် လုပ်နိုင်တဲ့အချိန်မှာ လုပ်သွားရင်တော့ အမွေကောင်း ပေါ့။ နောက် ဘယ်သူနိုင်နိုင်၊ စနစ်တစ်ခုတည်ဆောက် ပြီးတော့ နိုင်တဲ့သူက ဒီပုံစံအတိုင်းလက်ခံရမယ်။ အရင်စနစ်အဟောင်းကို မပြုပြင်ဘဲနဲ့ ဒီဟာတွေက ကိုယ့်အတွက် အခွင့်အလမ်းကောင်းတွေ ရနေတယ် ဆိုပြီးသုံးသွားရင် ကိုယ်က အမြဲတမ်းနိုင်ချင်မှနိုင်မှာ။ ဒီစနစ်ကို နောက်ထပ်ဆက်ခံပြီးတော့ ဒီအတိုင်း အမြတ်ထုတ်သွားမယ့်၊ အသုံးချသွားမယ့် အမွေဆိုး ကို မပေးခဲ့သင့်ဘူးလို့မြင်တယ်။ 

Voice : မဲမပေးရေးလှုံဆော်မှုတွေနဲ့ ပတ်သက်လို့ ဘာများ ပြောချင်လဲ။ 
UKKK : လူ့အဖွဲ့အစည်းက တဖြည်းဖြည်းနဲ့ မတူ ကွဲပြားမှုကို လက်မခံနိုင်တော့ဘူး။ ဆတ်ဆတ်ထိ မခံဘူး။ ရန်ဘက်လိုမျိုး တိုက်ခိုက်လာတာတွေ စိတ်ထဲမကောင်းဘူး။ No Vote ဆိုရင်လည်း တည်ဆဲဥပဒေအရက နိုင်ငံသားတစ်ယောက်က မဲပေးချင် လည်း ပေးလို့ရတယ်။ မပေးချင်လည်း မပေးဘဲနေခွင့်ရှိတယ်ဆိုတာဖြစ်နေတယ်။ တကယ်တော့ အဲဒါကို ပြင်ရမယ်။ မဲမပေးရင် နောင်လာမယ့်ရွေးကောက်ပွဲ ဘယ်နှကြိမ်ကို မဲပေးခွင့်မရှိဘူး။ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်လည်း မရှိဘူး အစရှိသဖြင့် မဲမပေး မနေရဆိုတဲ့ သတ်မှတ်ပြဋ္ဌာန်းချက်မျိုး ပြဋ္ဌာန်းနိုင်ဖို့ လိုတယ်လို့မြင်တယ်။ ပြောရရင်တော့ မဲပေးခွင့်ကို လွယ်လွယ်ကူကူနဲ့ ပေါပေါချောင်ချောင်နဲ့ ရခဲ့တာ မဟုတ်ဘူး။ ၈၈ မတိုင်ခင်အထိက ရွေးချယ်ပိုင်ခွင့်မရှိဘူး။ အဲဒီပါတီက ချပေးတဲ့လူကိုပဲ အဖြူအမည်းရွေးလိုက် ရတာ။ အဲဒီအခြေအနေကနေပြီးတော့ ပါတီစုံဒီမိုကရေစီ မဲပေးပွဲတွေ၊ မဲပေးခွင့်တွေ ဖြစ်လာအောင်၊ အသက်တွေ၊ ဘဝတွေအများကြီးပေးခဲ့ရတယ်။

ဇော်မိုးလွင်

ဆက်လက်ဖော်ပြပါမည်။