News

POST TYPE

2020 ELECTION

NLD ပါတီက တာဝန်ပေးလျှင် ရွေးကောက်ပွဲဝင်မည်ဟု ဒေါက်တာဇော်မြင့်မောင်ဆို
03-Jun-2020


မန္တလေး၊ ဇွန် ၂

NLD ပါတီက တာဝန်ပေးလျှင် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားသည့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အသိပေးပြောဆိုလိုက်သည်။

မေလ ၃၁ ရက်ညပိုင်းက DVB TV News တွင်ဖော်ပြခဲ့သော မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ရွေးကောက်ပွဲမဝင်တော့ဟု ဆိုသည့်သတင်း မှားယွင်းကြောင်းလည်း ဒေါက်တာဇော်မြင့် မောင်က ဇွန် ၁ ရက်နေ့တွင် ပြောဆိုထားသည်။

“ပါတီကတာဝန်ပေးရင် သူ့အနေနဲ့ ရွေးကောက်ပွဲဝင်မယ်။ ဆက်လုပ်မယ်လို့ သိထားပါတယ်”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD (မန္တလေးတိုင်း) ပြန်ကြားရေးကော်မတီဝင် ဦးပုညဆွေက ပြောကြားသည်။

ဒေါက်တာဇော်မြင့်မောင်သည် ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနေရာမှ မေလ ၂၁ ရက်နေ့တွင် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး လက်ရှိတွင် တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် Home Quarantine ဝင်နေစဉ် Covid -19 ပိုးရှိ၊ မရှိ ဓာတ်ခွဲနမူနာယူ၍ စစ်ဆေးခဲ့ရာ ပိုးမတွေ့ရကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်က ပြောကြားသည်။ 

S-02