News

POST TYPE

2020 ELECTION

၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရန်လိုဟု ရွေး/ကော်ပြော
02-May-2020
ရန်ကုန်၊ မေ ၂ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပရန်ရှိပြီး သက်ဆိုင်ရာအဖွဲ့အစည်း၊ နိုင်ငံရေးပါတီများအနေနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်လိုအပ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

“၂၀၂၀ ရွေးကောက်ပွဲကြီးကတော့ မဖြစ်မနေကျင်းပရမှာပဲ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေတုန်းကလည်း နိုဝင်ဘာလမှာ ကျင်းပခဲ့တာပဲ” ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉၇ ပါတီရှိပြီး ယာယီရပ်ဆိုင်းထားသည့် ပါတီ ၃ ခုရှိကြောင်း၊ ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ ၉၇ ပါတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ ၂၀ ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

“၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲကို ဘယ်နေ့ကျင်းပခဲ့သလဲ။ ဘယ်နေ့ကြေညာခဲ့သလဲ။ ဒါတွေကိုကြည်ပြီးတော့ ကြေညာသွားမယ်။ ဆန္ဒစောလို့မရဘူး။ ဒီအတိုင်း ကြေညာမှာပဲ။ ဆောင်ရွက်စရာရှိတာကတော့ သက်ဆိုင်ရာ ဌာနအသီးသီးက ဆောင်ရွက်ကြရမှာပဲ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်မှ ဆောင်ရွက်မယ်ဆိုတာတော့ မဟုတ်ဘူး” ဟု ဦးမြင့်နိုင်က ဆိုသည်။

လက်ရှိဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားနေမှုကြောင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ခြင်း အစီအစဉ်ကို မေလ ၂၁ ရက်နေ့အထိ ရပ်ဆိုင်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ 

S-08