News

POST TYPE

2020 ELECTION

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက မည်သည့်ပုဂ္ဂိုလ်၊ ပါတီ၊ အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်မည်
23-Mar-2020
ရန်ကုန်၊ မတ် ၂၂

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ကောင်းကျိုးဆောင်ရွက်မည့် မည်သည့်ပုဂ္ဂိုလ်၊ ပါတီ၊ အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၂၂ ရက်နံနက်ပိုင်းက ရန်ကင်းမြို့နယ်အမှတ် ၁၅ ရပ်ကွက်  ရပ်/ကျေးရုံးခန်းဖွင့်ပွဲတွင် အရှေ့ပိုင်းခရိုင်တာဝန်ခံ ဦးမောင်မောင်စိုးက ပြောကြားသည်။

"ကျွန်တော်တို့ပါတီက ကြံ့ခိုင်ရေးရဲ့လက်ခွဲပါတီလည်း မဟုတ်ဘူး။ NLD ပါတီ နဲ့ ပတ်သက်ဆက်နွှယ်မှုလည်းမရှိဘူး။ သီးခြားရပ်တည်တဲ့ ပါတီပါ" ဟု ၎င်းကပြောသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှာ နိုင်ငံတော်နှင့်ပြည်သူများ တွေ့ကြုံခံစားနေရသည့် အခက်အခဲများ ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကို တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပါတီရုံးများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၃၃၀ တွင် ၂၅၂ မြို့နယ်တွင် ဖွင့်လှစ်နိုင်ခဲ့ကြောင်း ၎င်းကပြောကြားသည်။

ရန်ကင်းမြို့နယ်၊ အမှတ် ၁၅ ရက်ကွက် ရပ်/ကျေးရုံးခန်းဖွင့်လှစ်ပွဲသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့မှ တာဝန်ရှိသူများနှင့် ပါတီဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ အပါအဝင်အင်အား ၅၀ ခန့်တက်ရောက်ခဲ့ကြသည်။

J-01