News

POST TYPE

2020 ELECTION

မြို့နယ်ပြန်ဆက်ရုံးများကို ရွေးကောက်ပွဲသတင်းထုတ်ပြန်ရေးစင်တာအဖြစ် အသုံးပြုနိုင်ဟုဆို
18-Mar-2020
ရန်ကုန်၊ မတ် ၁၇

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးများကို ရွေးကောက်ပွဲ သတင်းထုတ်ပြန်ရေးစင်တာအဖြစ် အသုံးပြုနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားသည်။

နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် မတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ တွေ့ဆုံရှင်းလင်းရာတွင် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

"ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ဖို့ တွေ့ဆုံရတာပါ။ ပြန်ကြားရေးဝန်ကြီး ဌာနအနေနဲ့ ရွေးကောက်ပွဲလှုံ့ဆော်ရေး၊ ပညာပေးရေးနဲ့ သတင်းထုတ်ပြန်ရေးကို နိုင်ငံပိုင်မီဒီယာကနေ ထုတ်ပြန်ပေးနိုင်ဖို့  စီစဉ်ဆောင်ရွက်သွားမှာပါ။ မြို့နယ် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးရုံးတွေကိုလည်း သတင်းထုတ်ပြန်ရေးစင်တာအဖြစ်ထားပြီး မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ပါတယ်"ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနအနေနှင့် ရွေးကောက်ပွဲအကြို၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲကျင်းပပြီး နောက်ကာလတို့တွင် ပြည်သူလူထုအသိပညာပေးခြင်းနှင့် မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများ အဓိက ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲနေ့တွင် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများ သတင်းရယူနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနက စိစစ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

S-08