News

POST TYPE

2020 ELECTION

တစညပါတီက အမျိုးသမီးကိုယ်စားလှယ်လောင်း ၅၁ ရာခိုင်နှုန်းခန့် ဝင်ရောက်ယှဉ်ပြိုင်မည်
15-Mar-2020
ရန်ကုန် ၊ မတ် ၁၂

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေနှင့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၅၁ ရာခိုင်နှုန်းခန့် ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း ယင်းပါတီထံမှသိရသည်။

"ကိုယ်စားလှယ်လောင်းအားလုံး လေးရာကျော်မှာ ၅၁ ရာခိုင်နှုန်းက အမျိုးသမီးတွေပါ။ အရေအတွက် ဘယ်လောက်ဆိုတာကတော့ တိတိကျကျ မသတ်မှတ်ရသေးဘူး။  ၂၀၁၀ ရွေးကောက်ပွဲရော ၊ ၂၀၁၅ မှာပါ ဝင်ပြိုင်ဖူးတဲ့အတွက် အခု ၂၀၂၀ မှာလည်း ထပ်မံဝင်ရောက်ယှဉ်ပြိုင်သွားဖို့တော့ ရှိပါတယ်" ဟုတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအမျိုးသမီးကော်မတီတာဝန်ခံ ဒေါ်တင်တင်ထွေးက ပြောကြားသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေနှင့် မြို့နယ် ၊ တိုင်း နှင့်ပြည်နယ်အားလုံးရှိ မြို့ပေါင်း ၁၈၀ တွင် ကိုယ်စားလှယ်ပေါင်း ၄၂၅ ဦးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ၊ ယင်းကိုယ်စားလှယ်များအားလုံး၏ ၅၁ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပြီး ၂၀၁၀ ပြည့် နှင်အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတို့တွင် အမျိုးသမီးကိုယ်စားလှယ်လောင်းဦးရေ ၇၀ ၊ ၈၀ ခန့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ယင်းပါတီထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို မတ်လ ၁၂ ရက်နေ့တွင် ဗဟန်းမြို့နယ် ၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ပါတီဗဟိုဌာနချုပ်တွင် ကျင်းပခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ်ဖြစ်သည့် 'မျိုးဆက်တိုင်းအတွက် လိုအပ်ချက် ၊ အမျိုးသမီးအခွင့်အရေးကိုသိပြီး ဖော်ဆောင်ရွက်' ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လိုက်နာဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းအခမ်းအနားထံမှ သိရသည်။

S-08