News

POST SECTION

2020-ELECTION

20-Jan-2021
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ကြားနာစစ်ဆေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာကိုယ်စားလှယ်များထံသို့ ဆင့်ခေါ်စာပေးပို့ထားကြောင်း သက်ဆိုင်ရာပါတီများထံမှ သိရသည်။
18-Jan-2021
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ တွင် ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်လွှာ တင်သွင်းမှုများမှာ ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများ ထက် ပိုများကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် က ပြောကြားသည်။
14-Jan-2021
ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ၊ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် အပိတ်ခေါ်ယူရေးကိစ္စရပ်များကို တာဝန်ရှိသူများအနေဖြင့် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် အလေးအနက်တိုက်တွန်းတောင်းဆိုကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)က ဇန်နဝါရီလ ၁၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။
10-Jan-2021
အာဏာရပါတီကို ကာကွယ်ပြောဆိုခြင်းနှင့် ရွေးကောက်ပွဲကော်မရှင်ကို ကာကွယ်ပြောဆိုနေခြင်းသည် သံသရာတွင် တစ်လှည့်တန်ပြန်ခံရနိုင်ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောဆိုလိုက်သည်။
09-Jan-2021
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်စေနိုင်သည့် ကိစ္စများကို ထုတ်ပြန်ပြောကြားနေရခြင်းမှာ နိုင်ငံ၏ ရွေးကောက်ပွဲဂုဏ်သိက္ခာကို များစွာထိခိုက်စေမည် ဖြစ်သည့်အတွက် ဝေဖန်ထောက်ပြနေရခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
07-Jan-2021
ချောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့်သက်ဆိုင်သော ဆန္ဒမဲလက်မှတ်များအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများကို ဇန်နဝါရီလ ၇ ရက်နေ့ ညနေပိုင်းတွင် ယင်းမြို့အမှတ် ၁၄ နယ်မြေ၊ ဇောတိကရပ်၊ အနော်ရထာ မြစ်ကူးတံတားအနီး ဧရာဝတီမြစ်ဆိပ်ကမ်း တွင် မီးရှို့ဖျက်ဆီးခဲ့သည်။
07-Jan-2021
ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ ဖျက်ဆီးခြင်းကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာနိုင်ငံရေးပါတီများသို့ ကြိုတင်အသိပေးအကြောင်းကြားသင့်ကြောင်းနှင့် ဖျက်ဆီးမှုအား အချိန်ကာလတစ်ခုအထိ ဆိုင်းငံထားသင့်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဇန်နဝါရီလ ၆ ရက်နေ့စွဲဖြင့် သဘောထားထုတ်ပြန်ထားသည်။
06-Jan-2021
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းရှိ မြို့နယ် ၂၀ အတွင်း မဲမသမာမှုပေါင်း ခြောက်သိန်းနီးပါးရှိတယ်လို့ ဇန်နဝါရီ ၅ ရက်နေ့ မနက်က ဗဟန်းမြို့နယ် သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်ဌာနချုပ်ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
06-Jan-2021
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများနှင့်ပတ်သက်၍ ဥပဒေဘောင်အတွင်းမှနေပြီး ရေဆုံးရေဖျား ဆောင်ရွက်နေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
31-Dec-2020
ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ပျက်ပြားစေရန်နှင့် ရွေးကောက်ပွဲရလဒ်ကို လက်မခံသည့် သဘောသက်ရောက်စေသော ထုတ်ပြန်ချက်များ၊ အလားတူဆောင်ရွက်ချက်များကို နိုင်ငံရေးပါတီကဖြစ်စေ၊ အဖွဲ့အစည်းကဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်း မပြုလုပ်ကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာလ ၃၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။
31-Dec-2020
ပဲခူးတိုင်းမှာ ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းရှစ်ဦးရှိခဲ့တယ်လို့ ပဲခူးတိုင်းရွေးကောက်ပွဲ ကော်မရှင်ကနေ သိရပါတယ်။
29-Dec-2020
တပ်မတော်သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်ထဲမှာပါတဲ့ တနိုင်းမြို့က မဲစာရင်းနဲ့ပတ်သက်ပြီး မဲမသမာမှု ဖြစ်နိုင်စရာမရှိဘူးလို့ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ပြောပါတယ်။
29-Dec-2020
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အခြားပါတီမှ အနိုင်ရခဲ့သည့် ကိုယ်စားလှယ်လောင်း ၁၇ ဦး( ၁၇ နေရာ)ကို ကန့်ကွက်လွှာတင်ထားကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်သည်။
29-Dec-2020
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီအနေနဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ကန့်ကွက်လွှာတင်တာမှာ အမှု ၂၀ဝ နီးပါးရှိတဲ့အကြောင်းနဲ့ ကန့်ကွက် တဲ့ထဲမှာ NLD ပါတီကိုယ်စားလှယ် လောင်း အများစုဖြစ်တယ်လို့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးကို ကန့်ကွက်လွာတင်ပြီး ပြန်အထွက်မှာ ဒေါ်ယဉ်မင်းမြင့်ဆွေက သတင်းထောက်တွေကို ပြောပါတယ်။
28-Dec-2020
စိုက်ပျိုးရေးကို အဓိကထားတဲ့စီးပွားရေးကြောင့် အခြားနယ်စပ်မြို့တွေလို ဖွံ့ဖြိုးမှုသိပ်မရှိလှတဲ့ နမ့်ခမ်းမြို့လေးဟာ လက်နက်ကိုင်တိုက်ပွဲတွေကြောင့်လည်း ပိုပြီးခက်ခဲကျပ်တည်းမှုတွေရင်ဆိုင်ရလေ့ရှိပါတယ်။ လက်နက်ကိုင်တွေက ဒေသခံတွေကို မကြာခဏဖမ်းဆီးတာတွေ၊ ပစ်ခတ်တိုက်ခိုက်မှုနဲ့ မူးယစ်ဆေးဝါးပြဿနာတွေ၊ လူကုန်ကူးမှုအစရှိတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ မြို့ငယ်လေးရဲ့ ပထမဆုံးသောအမျိုးသမီးအမတ်ဟာ အခြားဒေသက အမတ်တွေနဲ့မတူတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ဖွယ်ရှိပါတယ်။